Header Ads

ချစ်သူတွေကြား မလုပ်သင့်တဲ့ အချက်များ


1) မိမိဖုန်း screen မှာ ချစ်သူနဲ့ ပုံကို တင်ထားပြီး တခြားအပြင် သွားတဲ့အခါ ကိုယ့်ပုံကို ပြန်ပြောင်းခြင်း (အစကထဲက မတင်ချင် မတင်နဲ့ပေါ့)

2) မောင်တွေ မတွေ ခေါ်နေရာကနေ ရန်ဖြစ်နေတုန်းမို့ ဆိုပီး နင်နဲ့ငါ လို့ အခေါ်အဝေါ် ပြောင်းခြင်း (ရန်ဖြစ်နေတောင် မောင်နဲ့မပဲ ဆက်ပြောနေမယ်ဆို အလိုလို ဒေါသတွေ ပျောက်နိုင်လို့ပါ)

3) ' ချစ်လား ' လို့ ကြည်ကြည်နူးနူး မေးရင် မချစ်ပါဘူး လို့ စနောက်ခြင်း (နောက်လို့ကောင်းတဲ့ အရာမှ မဟုတ်တာ)

4) ညဖက် အိပ်နေတုန်း ကိုယ့်ချစ်သူက ဖုန်းခေါ်ရင် ' အိပ်ချင်နေလို့ ဒါပဲ ' ဆိုပီး ချက်ချင်း ဖုန်းချပစ်ခြင်း (ဘာပဲဖစ်ဖစ် နားထောင်ပေးလိုက်တော့ရော ဘာဖြစ်သွားမှာလဲ ချစ်သူတွေပဲလေ)

5) ခဏလောက် သဘောထားလေး ကွဲလွဲတာနဲ့ နင်နဲ့ငါ ရှေ့ဆက်ဖို့ မဖြစ်ပါဘူး ဆိုပီး လမ်းခွဲစကား လွယ်လွယ်ပြောခြင်း (လူပဲ စိတ်ချင်း ဘယ်တူနိုင်ပါ့မလဲ နားလည်မှုနဲ့ ညှိယူလို့ရတာပဲလေ)

မူရင်းရေးသားသူ - ကျော်နိုင်ဦး

No comments

Powered by Blogger.