ချစ်သူတွေ သိထားဖို့..
အရင်က ဘယ်သူနဲ့တွဲတွဲ.. အခုလက်ရှိ ချစ်သူရှိတယ် ဆိုတာ အရင်ကထက် ချစ်လို့ ပေါ်လာတာ…
အရင် ရည်းစားကို ဘယ်လိုချစ်ခဲ့လဲ မမေးနဲ့... သူကို မစွန့်လွှတ်နိုင်အောင် ချစ်ခဲ့ရင် အခုအချိန်မှာ မင်းက သူ့ရဲ့ချစ်သူ အဖြစ် ရှိလာမှာ မဟုတ်ဘူး။
အချစ်တွေ ပိုလာလေ …… ဝေဒနာတွေ ထပ်တိုးလေပဲ။
အလွမ်းတွေ ပိုလာလေ …… အိပ်ပျက်ညတွေ များလာလေပဲ။
သံယောဇဉ်တွေ ပိုလာလေ …… ဆုံးရှုံးမှာ ကြောက်လာလေပဲ။
အချစ်တွေမှာ အတ္တတွေ ပါချင် ပါနေလိမ့်မယ်… တစ်ခါတစ်ရံ သဝန်တိုတာတွေ ရှိချင် ရှိနေလိမ့်မယ်။
အဲ့ဒီ အတ္တတွေ သဝန်တိုမှုတွေ ဆိုတာ တကယ်ချစ်တဲ့ သူတွေဆီမှာပဲ ရှိနေတတ်တာပါ။
ချစ်သူဆိုတာ ချစ်ခင်ယုယဖို့ …… နာကျင်ထိခိုက်ဖို့ မဟုတ်ဘူး။
အလိမ်အညာ ဆိုတာ ဖျက်စီးပစ်ရမှာ… တန်ဆာဆင်ဖို့မဟုတ်ဘူး။
ယုံကြည်မှု ဆိုတာ တည်ဆောက်ရမှာ …… စိန်ခေါ်ဖို့ မဟုတ်ဘူး။
အချစ်က စိတ်ကူးယဉ် ဆန်တယ်…… ဘဝဆိုတာတော့ လက်တွေ့ လုပ်ဆောင်ရမှာ ချစ်နေရုံနဲ့ ဘဝမဖြစ်ပေမယ့် ဘဝထဲမှာတော့ အချစ် ရှိသင့်တယ်။
အချစ်ဆိုတာ တစ်ယောက်တည်း ကိစ္စ မဟုတ်ဘူး…… နှစ်ယောက်အတူ ကြိုးစားမှ ဖြစ်တည်လာတဲ့ ရလဒ်ပါ။
နှစ်ယောက် အတူတူ ရုန်းကန်…… နှစ်ယောက် အတူတူ ဖန်ဆင်းမှ အချစ်က ပျော်ရွှင်စရာကောင်းတဲ့ ဘဝတစ်ခု ဖြစ်လာမှာပါ။
credit ♥PPA(တွံတေး)
Post a Comment