မျက်နှာပြောင်တဲ့ ချစ်သူမိန်းကလေးကို ပိုင်ဆိုင်ထားရင် ရရှိမယ့် အားသာချက် (5) ခု
သင့်ရဲ့ ချစ်သူ ကောင်မလေးဟာ အမြဲတမ်း ရယ်စရာ ဟာသတွေ ပြောပြီး မျက်နှာပြောင်တတ်သူ တစ်ယောက်လား ။ ဟုတ်တယ် ဆိုရင်တော့ သင်ဟာ ကံအကောင်းဆုံး လူသား တစ်ယောက်ပါ။
ယောင်္ကျားလေး ဆန်ပြီး ဟာသဥာဏ် ထူးကဲတဲ့ မိန်းကလေးတွေဟာ သူတို့ရဲ့ ချစ်သူအပေါ်မှာ ယုံကြည်စိတ် အပြည့်အ၀ ရှိတဲ့အပြင် ဘ၀ခရီး တစ်ခုလုံးကိုပါ သင်နဲ့အတူ ဖြတ်သန်းဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်ကြပါတယ်။
ဒါကြောင့် ဒီလို ကောင်မလေးတွေကို ပိုင်ဆိုင်ထားခွင့်ရတဲ့ ဘော်ဒါတို့အတွက် ဘယ်အချက်တွေဟာ ကံကောင်းစေလဲ ဆိုတာ ဖော်ပြလိုက်ရပါတယ် ။
😆 ဘော်ဒါလိုပါ ပေါင်းလို့ရတယ်
သင့်အတွက်တော့ ချစ်သူတစ်ယောက်လို သာမက ဘော်ဒါ တစ်ယောက်လိုပါ အမြဲတမ်း အဆင်သင့် ရှိနေတတ်ပါတယ်။ ဒါကြောင့် တစ်ဦးအပေါ် တစ်ဦး ချစ်သူ သမီးရည်းစား ခံစားချက်ထက် ရဲဘော်ရဲဘက်လို စိတ်ခံစားမှုကို ဒီလို ကောင်မလေးတွေနဲ့သာ ခံစားရရှိနိင်မှာ ဖြစ်ပါတယ်။
😆 ဥာဏ်ကောင်း တတ်ကြတယ်
ဒီလို မိန်းကလေးတွေဟာ သာမန်ထက် ထက်မြက်ထူးကဲတဲ့ ဥာဏ်ရည် ဥာဏ်သွေးကို ပိုင်ဆိုင်တတ်ကြပါတယ်။ သူတို့ဟာ ပတ်ဝန်းကျင် တစ်ခုလုံးကို ဘယ်လို ပျော်ရွှင်အောင် လုပ်မလဲ ဆိုတာ အမြဲ တွေးတောနေတတ်ကြသူမျိုး ဖြစ်ပြီး ဖြူစင် ရိုးသားမှုကို အရမ်း နှစ်သက်ခုံမင်တတ်ကြပါတယ်။
😆 ပဲမများ တတ်ကြဘူး
တချို့သော ကောင်မလေးတွေဟာ ရုပ်ပိုင်းဆိုင်ရာ အလှအပတွေကို အထူးအာရုံ စိုက်ပြီး တစ်ဖက်သားက မိမိအပေါ် တစ်မျိုးမြင်မှာ စိုးလို့ တမင်လုပ်ယူထားတဲ့ အမူအယာတွေနဲ့ ဟန်ဆောင်တတ်လေ့ ရှိပါတယ်။ မျက်နှာပြောင်တဲ့ ကောင်မလေးတွေကတော့ ဒါတွေကို နိုးပါ ။ ပွင့်ပွင့်လင်းလင်းနဲ့ အားလုံးကို အရင်းအတိုင်း ပြောဆို ဆက်ဆံပြီး ရုပ်ပိုင်းဆိုင်ရာ အလှအပတွေကိုလည်း လိုတာထက်ပိုပြီး ဂရုမစိုက်တတ်ကြပါဘူး။
😆 ယုံကြည်မှု ပြည့်ဝကြတယ်
လူအများကြားထဲမှာ ရှက်ရွံ ကြောက်ရွံ့တာမျိုး လုံးဝမရှိပဲ ပြောဆို လုပ်ကိုင်စရာ ရှိတာတွေကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်တတ်ကြပါတယ်။ သူမရဲ့ ချစ်သူ ၊ သူငယ်ချင်းတွေ အပေါ်လည်း ယုံကြည်မှု အပြည့်အ၀ ထားတတ်ပြီး အရင်းနှီးဆုံးအဖြစ် နွေးထွေးစွာ ဆက်ဆံတတ်ကြပါတယ်။
😆 တန်းတူညီမျှ အခွင့်အရေးကို လေးစားတယ်
သူမဟာ မိန်းကလေးဖြစ်လို့ သူ့ချစ်သူ ကောင်လေးအပေါ်မှာ အမြဲ ချွဲနွဲ့ မှီခိုနေတတ်မယ့် လူမျိုး မဟုတ်ပါဘူး။ ပြသနာ အခက်အခဲ မှန်သမျှကို အတူတကွ ရင်ဆိုင် ကျော်ဖြတ်ဖို့ ဆုံးဖြတ်ထားတတ်ပြီး သင်လိုအပ်တဲ့ အကြံဥာဏ်တွေ၊ အကူအညီတွေ ကိုတောင် သူမဆီက ပြန်လည်ရရှိ နိုင်ပါသေးတယ်။
ဘော်ဒါတို့မှာလည်း ဒီလို ကောင်မလေးမျိုးတွေ ရှိမှာပါနော်။ သူတို့ကိုပါ mention ခေါ်ပြီး ဒီစာလေးကို ဖတ်ခိုင်းလိုက်ပါအုံး။ 💓
credit upupmm
Post a Comment