တွဲလာတာကြာလို့ ရိုးအီလာပီလား
💓💓💓💓
ချစ်သူရည်းစား စုံတွဲတွေ အများဆုံး ဖြစ်လေ့ရှိတဲ့ ပြသနာက အချိန်တွေ ကြာလာတာနဲ့အမျှ စိတ်မပါသလို ဖြစ်လာတာရယ်.. ချစ်သူ ဖြစ်ကာစနဲ့ ချစ်သူဖြစ်ပြီး ကွာခြားလာတာရယ်.. တစ်ယောက်ကို တစ်ယောက် Respect ထားလွန်းတာရယ်.. အဲဒီ အချက်တွေကြောင့် အေးစက်စက် အချစ်ရေး ဖြစ်နေတာပါ။
ဖြစ်သင့်တဲ့ ချစ်သူစုံတွဲ ဆိုတာ… ဖုန်းတစ်ယောက် တစ်လုံး ငုံ့သုံးနေတာမျိုး မဟုတ်ဘူး.. နားကြပ် တစ်ဖက်စီ တပ်ပြီး အသံပြဲနဲ့ အော်ဆိုနေတာမျိုး။
ထိလိုက် တို့လိုက် ရှက်သလို ရွံ့သလို အစားမစားဘူး.. အလုအယက် စားပိုး နင့်နေအောင် စားလိုက်ရမှ အားရတာမျိုး။
ဖုန်းဆက်ရင် အလုပ်ရှုပ်နေတယ် ဆိုပြီး ခါမထုတ်ဘူး... ချစ်က- ပထမ အလုပ်က- ဒုတိယ ဆိုပြီး ပြောတတ်တာမျိုး။
သရဲကား အတူကြည့်ရင် ဟန်ဆောင်ပြီး သတ္တိရှိမပြဘူး.. မျက်စိစုံမှိတ် တစ်ယောက်ကို တစ်ယောက် ဖက်ပြီး ပြိုင်တူ အသေအလဲ အော်လိုက်တာမျိုး။
ပိုက်ဆံ မရှိတာကို အရှိလုပ် Boss ဟန်မဆောင်ဘူး... ဘူဘူချင်း ပွတ်ဖို့ ရေသောက် ဗိုက်မှောက်ဖို့ ရှိန်မနေတာမျိုး။
စကားများပြီးတိုင်း မခေါ်မပြော ဖြစ်သွားတာမျိုး မဟုတ်ဘူး… မရမက ပြန်လာချော့ပြီး တောင်းပန်တတ်တဲ့ လူစားမျိုး။
ရင်ခွင်မှီ အရပ်ပါဆိုမှ ခြေဖျားထောက် အနိုင်ယူပြတာမျိုး မဟုတ်ဘူး... ချစ်သူက ဒေါက်ဖိနပ်အမြင့် စီးထားရင် ကိုယ်က အလိုက်တသိနဲ့ Slipper ပါးပါးလေး စီးလိုက်တာမျိုး။
BFF တွေကြား ခေါ်မပြ ထုတ်မပြရဲတာမျိုး မဟုတ်ဘူး.. ဂုတ်ကဆွဲ ဒါငါ့ အသဲတစ်ခြမ်းပဲ ဆိုပီး ကြွားရဲတာမျိုး။
ကိုရှင်းမယ် ချစ်ရှင်းလိုက်မယ် လုနေတာမျိုး မဟုတ်ဘူး... စုံစွမ်စွိဆော့မယ် ရှုံးတဲ့သူ ရှင်းကြေး သတ်မှတ်ထားတာမျိုး။
ဒီနေ့ကစ ကိုယ့်အချစ်ရေးကို ပြန်ဆန်းစစ်ကြည့်ပါ… အေးစက်စက် ဖြစ်နေရင် လက်လက်ထဖို့ပြင် ရှိန်သလို ဖြစ်နေရင် ဖွင့်ချလိုက်ဖို့ပြင် ပျော်စရာကောင်းတဲ့ ဘဝ ပြန်ဖန်တီးဖို့ ပြင်လေ။
ပညာနဲ့ အချစ်မှာ နောက်ကျတယ် ဆိုတာ မရှိပါဘူး... အက်ကွဲရာ ထင်နေတဲ့ အချစ်တစ်ခုကို တစ်ကစ ပြန်အသက်သွင်းဖို့ ကြိုးစားပါ… အမြဲတမ်း အသစ်ဖြစ်နေမှာ သေချာနေပြီလေ။ ။
s_m
Post a Comment