Header Ads

ကိုယ့်ရဲ့ ဖူးစာရှင်က ဘယ်လိုလူမျိုးလဲ ....


လူတိုင်းလူတိုင်း ဖူးစာရှင် ဆိုတဲ့ စကားလုံးလေးကို ကြားဖူး ကြမှာပါ ။ ဒါပေမဲ့ မိမိ ဖူးစာရှင်နဲ့ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုပုံစံမျိုး တွေ့မလဲ ဆိုတာကို ဘယ်လိုမှ မှန်းလို့မရပါဘူး ။

ဒါပေမဲ့လည်း ကိုယ့်ရဲ့ ဖူးစာရှင်လို့ ထင်ရတဲ့သူက ကိုယ်နဲ့ တူတဲ့ အချက် ကလေးတွေ ရှိနိုင်ပါတယ် ။ ဘယ်လို အချက်ကလေးတွေ တူရမလဲ ဆိုတာ ဖတ်ကြည့်လိုက်ဦးနော် ။

1) သူနဲ့ တွေ့တွေ့ချင်း တွေ့ဖူး မြင်ဖူး သလို ခံစား ရတယ် .....

သူ့ရဲ့ ပုံစံကို အဝေးက ကြည့်ရတာ သိပ်မကြိုက်ပေမဲ့ ကိုယ့်ရဲ့ အရှေ့မှာ တွေ့လိုက်ရတဲ့ အချိန် မှာတော့ သူ့ကို အရင်က တွေ့ဖူးသလို ခံစားရတယ် ။

2) စိတ်ထဲက နေရာချင်းလည်း တူနေတယ် .....

ကိုယ်နဲ့ သူ စကားပြောတဲ့ အခါ ဘာရယ်လို့ မဟုတ်ဘူး ။ ငယ်ငယ်တုန်းက သွားခဲ့တဲ့ နေရာထဲက အကြိုက်ဆုံး နေရာလေးတွေလည်း တူနေတယ် ။ ( ဥပမာ ကမ်းခြေ တို့ ပုဂံဘုရားတို့ )
သူနဲ့ ကြီးပြင်းတဲ့ နေရာက မတူပေမဲ့ အကြိုက်ဆုံး နေရာလေးတွေက တူတူပဲ ဖြစ်နေတာဟာ တော်တ်ာထူးဆန်းပါတယ် ။

3) လက်ချောင်းလေးတွေက တူနေတယ် .....

သူနဲ့ တွေ့တဲ့နေ့မှာ ဘာရယ်လို့ မဟုတ်ဘူး ။ သူ့ရဲ့ လက်ချောင်းလေးကို ကြည့်လိုက်တဲ့ အခါ ကိုယ့် လက်ချောင်းလေးတွေနဲ့ တော်တော့်ကို တူနေတယ် ။
ကိုယ့်ရဲ့ လက်ချောင်းလေးတွေက ပုံစံက နည်းနည်း ထူးဆန်းနေတာကြောင့် တူတဲ့ သူက ရှားပါတယ် ။ လက်ချောင်းတင် မက လက်သည်းလေး တွေလည်း တူနေတာပါ ။

4) မထင်မှတ်ပဲ သူနဲ့ ခဏခဏ ဆုံတွေ့တတ်တယ် .....

သူ့ကို စတွေ့တဲ့ အချိန်တုန်း ကတော့ လုံးဝကို စိတ်မဝင်စားခဲ့ ပါဘူး ။ နောက်နေ့ အလုပ်မှာ ကိုယ်နဲ့ ပတ်သက်နေတဲ့ ကုမ္ပဏီက လူနဲ့ အတူ သူက ရောက်လာတယ်။
မထင်မှတ်ပဲ တွေ့လိုက်ရတော့လည်း စိတ်ထဲမှာ အရမ်း ပျော်သွားမိတာ အမှန်ပါ ။

5) သူ့ အကြောင်းတွေ ၊ သတင်းတွေက ခဏ ခဏ ဝင်လာတယ် .....

သူ့ရဲ့ မကောင်းသတင်း ကောင်းသတင်းတွေက သူ့အလိုလို ကိုယ့်ဆီကို ရောက် ရောက် လာတယ် ။
ပထမတော့ ထူးဆန်းနေပေမဲ့ သူ့ကို သတိထား သိသလို ဖြစ်လာတယ်။

6) ကိုယ့်ဘဝရဲ့ အဆိုးဆုံး အချိန်မှာ သူက ပေါ်လာတယ် .....

ကိုယ့် အခြေအနေ အဆိုးဆုံး ရောက်နေချိန် ၊ ကိုယ့်ဘဝကို ဘယ်လို ရှေ့ဆက်လျှောက်မလဲ ဆိုတာကို စဉ်းစားပြီး စိတ်ညစ်နေတဲ့ အချိန်မှာ သူ့ရဲ့ ကူညီမှုကို ရလိုက်တယ် ။

Chelmo Team

No comments

Powered by Blogger.