Header Ads

ဒီ FB အကောင့် ပိုင်ရှင်တွေကို အိမ်ထောင်ဖက်အဖြစ် မရွေးချယ်ပါနဲ့


1) တွေ့သမျှပို့စ် ထိုင် Share နေသူ

ဒီလို လူမျိုးနဲ့များ ညားရင်တော့ သတိကြီးကြီးသာ ထားပေတော့ ။ ဟိုစကား ဒီပို့ ၊ ဒီစကား ဟိုပို့တွေ လုပ်နေလို့ တနေ့ တနေ့ သူ့ပြဿနာတွေချည်း လိုက်ရှင်းနေရမယ် ။

2) တွေ့သမျှ ပို့စ် Comment လိုက်ရေးတတ်သူ

ဒီလို လူမျိုးကို အထူးသတိထား ရှောင်ပါ ။ ဒီလိုလူမျိုးဟာ လျှာရှည် တတ်တဲ့သူ ၊ အာချောင်တတ်တဲ့ သူတွေပါ ။ သူနဲ့ ယူများ ယူပြီးရင် နားပူပြီသာမှတ် ။

3) ဘာမှ မဖတ်ဘဲ အဆက်မပြတ် Like နေသူ

ဒီလို လူမျိုးကိုလည်း အိမ်ထောင်ဖက်အဖြစ် မရွေးချယ်သင့် ပါဘူး ။ အမှားအမှန် မခွဲခြားပဲ တွေ့ကရာ like လုပ်နေတာ ဖြစ်လို့ အိမ်ထောင်ပြုတာကိုလည်း FB ပို့စ် တစ်ခု like လုပ် သလောက်သာ သဘောထားပြီး ဘာမသိ ညာမသိ အိမ်ထောင်ပြုမဲ့ သူမျိုးပါ ။

4) ဓာတ်ပုံတွေ ခဏ ခဏ တင်နေသောသူ

ဒီလို လူမျိုးကိုလည်း ကိုယ့် အိမ်ထောင်ဖက် အဖြစ် လုံးဝ မရွေးချယ်သင့် ပါဘူး ။ သူဟာ အိမ်ထောင်ရေး ဆိုတာကို FB ပေါ်မှာ ဓာတ်ပုံ တင်သလိုပဲ သဘောထားတာမို့ လှတယ် ပြောရင် ကျေနပ်နေ တတ်ပြီး မလှဘူး ပြောရင် ပုံကို ပြန်ဖျက် သလို အိမ်ထောင်ရေးကိုလည်း ဖျက်သိမ်းလိုက်နိုင်တာ မို့လို့ပါ ။ နောက်ပြီး ဓာတ်ပုံတွေ ခဏ ခဏ တင်တတ်တဲ့ လူတွေဟာ အိမ်ထောင်ပြုတဲ့ အခါမှာလည်း ခဏ ခဏ အိမ်ထောင်ပြုချင်စိတ် ပေါ်နေတတ် ပါတယ် ။

5) 15 မိနစ် တကြိမ် ပို့စ် တင်တဲ့သူ

ဒီလို လူတွေဟာ ခံစားချက်ကို မျိုသိပ် မထားနိုင်တဲ့ သူတွေပါ ။ ဘာလေးဘဲ ဖြစ်ဖြစ် ပို့စ် တင်လိုက်ရမှ ကျေနပ်တတ်သူတွေမို့ ကိုယ်နဲ့ ညားပြီးရင် ကိုယ့်မကောင်းကြောင်း တွေကို ပို့စ် တင်ပြီး အရှက်ခွဲ ခံရနိုင်ပါတယ် ။

6) ပို့စ် တခုကို ဖြောင့်အောင် မတင်တတ်ပေမဲ့ မတ်ဆေ့ တော့ ပို့တတ်တဲ့သူ

ဒီလို လူမျိုးတွေကို သတိထားပါ ။ မဟုတ်တမ်း တရားတွေ ၀ါသနာ ပါတတ်တယ် ။ မမြင်ကွယ်ရာမှာ မဖွယ်မရာ ပြုလုပ်ရတာတွေကို သဘောကျ တတ်တယ် ။

7) ဘာပို့စ်မှ မတင်ပဲ FB ကို ငြိမ်သက်စွာ အသုံးပြုနေသူ

ဒီလို လူမျိုးတွေကိုလည်း ရှောင်ရှားသင့် ပါတယ် ။ ဘာပို့စ်မှ မတင်ဘူး ဆိုတာ လျှို့ဝှက် တာပါ ။ သူတို့ ခံစားချက်ကို ဘယ်တော့မှ ထုတ်ဖော်ပြောပြမှာ မဟုတ်လို့ လင်မယား ဖြစ်ပြီးမှ တယောက် သဘော တယောက် နားမလည်လို့ ကွဲပြဲနိုင်ပါတယ် ။

8) ကိုရီးယား ရူးတွေ

အထူး ရှောင်ကြဉ်ပါ ။ သင့်ကို FB ပေါ်က ဓာတ်ပုံ ကြည့်ပြီး ကိုရီးယားမင်းသားနဲ့ တူတယ် ။ ကိုရီးယား မင်းသမီးနဲ့ တူတယ် ဆိုပြီး ချစ်ကြတာပါ ။ ယူပြီးသွားလို့ တကယ် မတူဘူး ဆိုတာ သိသွားတဲ့ အခါ ကိုရီးယား ဇာတ်လမ်းတွဲ လောက်တောင် သင့်ကို စိတ်ဝင်စားတော့မှာ မဟုတ်ဘူး ။ ဒါကြောင့် တီဗွီမှာ ကိုရီးယားကား လာတိုင်း စိတ်မညစ်ချင်ရင် ကိုရီးယား ချစ်သူတွေ ၊ ကိုရီးယားရူးတွေ ကို မယူပါနဲ့ ။

9) ကဗျာရူး စာရူးတွေ

ဒီလို လူတွေကိုလည်း အိမ်ထောင်ဖက် အဖြစ် လုံးဝ မရွေးချယ်သင့် ပါဘူး ။ သူတို့ဟာ တနေ့ တနေ့ ဘယ်ကဗျာကို တင်ရမလဲ ၊ ဘယ်စာကို တင်ရမလဲ ဆိုတာကိုပဲ တွေးနေကြတာပါ ။ သူတို့ နှလုံးသားထဲမှာ ကဗျာနဲ့ စာတွေပဲ ရှိတာမို့ သင့်အတွက် အချစ် မရှိပါဘူး ။ သူတို့က ချစ်တယ်လို့ ပြောလာ ခဲ့ရင် အဲ့ဒါ သင့်ကို ကဗျာတပုဒ် လုပ်မလို့ပဲ ။ သင့်အကြောင်း စာရေး ချင်တယ် ၊ ကဗျာ ရေးချင်တယ်လို့ ပြောတာသာ ဖြစ်ပြီး သူ့ ကဗျာ ပြီးသွားရင် သူ့စာ ပြီးသွားရင် သင့်ကို စိတ်ဝင်စားတော့မှာ မဟုတ်ပါဘူး ။ မကြာခင်မှာ နောက်ထပ်စာတွေ ကဗျာတွေ ရေးဖို့ ချစ်စရာ အသစ် တခုကို ထပ်ရှာကြ ပါလိမ့်မယ် ။

10) 24 နာရီ အလွမ်းသမားတွေ

ဒီလို လူမျိုးနဲ့များ ညားရင်တော့ ကိုယ့်ဘ၀သာ ကိုယ် တွေးထားလိုက် ပေတော့ ။ သူတို့ ကတော့ သင့်ကို ရှေ့ထားပြီး သူတို့ရဲ့ ရည်စားဟောင်းတွေကို လွမ်းဖို့ ၀န်လေးနေမှာ မဟုတ်ဘူး ။

11) လူတကာကို စောက်ဖောင်း ထုနေသူတွေ

ဝေးဝေးက ရှောင် ။ လူတကာကို ထုပြီးလို့ နောက်ထပ် ထုစရာလူ မရှိတော့ရင် သင့်ကို ထုလိမ့်မယ် ။ စောက်ဖောင်း ။

12) နိုင်ငံရေးသမားတွေ

သူ့ကိုလည်း ဝေးဝေးက ရှောင်ပေတော့ ။ ဒင်းတို့က တနေ့ တနေ့ သတင်းတွေကိုဘဲ အနံ့ ခံနေကြတာ ။ သတင်း တခုများ ရလိုက်လို့ ကတော့ အဲ့သတင်းကို အစ ဆွဲထုတ်ပြီး မပြီးနိုင် မစီးနိုင် ပတ်ရစ်နေကြတာ ။ အခန့် မသင့်ရင် ညကြီးသန်းခေါင် အိပ်ယာထဲမှာ ဆန္ဒပြတာ ခံရနိုင်တယ် ။

13) မျိုးချစ် ပုဂ္ဂိုလ်တွေ

ဒီလို လူတွေနဲ့များ ညားလို့ကတော့ တဆွေလုံး တစ်မျိုးလုံး အိုင်ကျူပုပြီလို့သာ မှတ်လိုက်ပေတော့ ။

14) ဆယ်လီတွေ

ဆယ်လီနဲ့များ ညားလို့တော့ ကြပ်ကြပ်သာ သတိထားပေတော့ ။ လင်မယားချင်း ရန်ဖြစ်ရင်တောင် သူ မကျေနပ်ရင် ကိုယ့်ကို သူ့ဖော်လိုဝါ တွေနဲ့ ရှူးတိုက် ပေးတာ ခံရနိုင်တယ် ။

15) ဆယ်လီနာတွေ

လုံးဝ မယူသင့်တဲ့ လူတန်းစားတွေ ။ ကိုယ့်လင် ယောက်ျားထက်ကို သူတို့ ဆယ်လီကို ပိုချစ်နေကြတာ ။ ကိုယ့်ကို သူများက ဘာပဲ လုပ်သွားလုပ်သွား ထိုင်ကြည့်နေနိုင်ပေမဲ့ သူတို့ ဆယ်လီကို ထိလို့ ကတော့ ဆတ်ဆတ်ခါအောင် နာကြတဲ့ ဟာတွေ ပေါ့ ။

16) လိုသေးရင် comment မှာ ထပ်ဖြည့်ခဲ့ပါဦး ။

Credit

No comments

Powered by Blogger.