Header Ads

ရှက်တတ်ရင် နှုတ်ထွက်သင့်တယ် ဆိုတဲ့ ဝေဖန်မှုကို တုံ့ပြန်လိုက်တဲ့ နေခန့်မင်းသစ်


ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားတဲ့ Myanmar Idol ကတော့ သီချင်းအဆို ပြိုင်ပွဲ အစီအစဉ်တစ်ခုပဲ ဖြစ်ပါတယ်။ ယခု ကျင်းပနေတဲ့ Season 3 ရဲ့ ပြိုင်ပွဲကတော့ ယှဉ်ပြိုင်မှုတွေ ပြင်းထန်နေပြီး ဇူလိုင်လ ၂၁ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲရဲ့ ရလဒ်ကြေညာပွဲမှာ ပြိုင်ပွဲဝင် နီလန်းနဲ့ ဇော်ကြီးတို့က ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားခဲ့ရပါတယ်။



ပြိုင်ပွဲမှာ ဆက်လက် ကျန်ရှိနေသေးတဲ့ ပြိုင်ပွဲဝင် တစ်ဦးဖြစ်တဲ့ နေခန့်မင်းသစ်ကတော့ “ရှက်တက်ရင် နှုတ်ထွက်သင့်တယ်” ဆိုတဲ့ ဝေဖန်မှုတွေကို ခံနေရပါတယ်။ ယခင် အပတ်က နေခန့်မင်းသစ်ဟာ ပွဲစဉ် တစ်လျှောက်လုံး ဒိုင်လူကြီးတွေ တစ်ခါသာ အသုံးပြုခွင့်ရှိတဲ့ Save လုပ်ခြင်းကို ခံခဲ့ရပြီး အဆိုပါ ယှဉ်ပြိုင်တဲ့ ရက်သတ္တပတ်က မည်သူမျှ ပြိုင်ပွဲက ထွက်ခွာခဲ့ရခြင်း မရှိခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ပြိုင်ပွဲ နှစ်ဦးကို ဖြုတ်ရခြင်းဖြစ်ပါတယ်။



ဒါကတော့ နေခန့်မင်းသစ်ကို ဝေဖန်နေကြတဲ့ အကြောင်းအရင်းပါ။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး နေခန့်မင်းသစ်ကတော့ သူ့ရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ စာရေးသားပြီး ပြန်လည်ပြောဆိုလာပါတယ်။ နေခန့်မင်းသစ်က...



“ ရှက်တတ်ရင် နှုတ်ထွက်သင့်တယ် လို့ ပြောကျတယ်ဗျ.. ဒီမှာက အဲ့လို ထွက်လို့မရဘူးတဲ့.. ကျနော် မနေ့က save ဖြစ်သွားလို့ ဘယ်လို ခံစားနေရမလဲဆိုတာ သိတဲ့သူတွေ သိပါတယ်.. ဒါပေမဲ့ ကျနော့် စိတ်ခံစားချက်တွေကို ဦးစားပေးခဲ့တာ များပြီလေနော့.. အခုတော့ ကျနော့်ကို အားပေးတဲ့ ကျေးဇူးရှင် ပရိသတ်တွေရဲ့ စိတ်ခံစားချက်ကိုပဲ ဦးစားပေးတော့မယ်ဗျာ ” ဆိုပီး ရေးသားခဲ့ပါတယ်။



နေခန့်မင်းသစ်ကတော့ သူ့ရဲ့ ပရိသတ်တွေကို ကျေးဇူးတင်တဲ့ အကြောင်းနဲ့ ပရိသတ်တွေ အတွက် ကြိုးစားသွားပါမယ် လို့လည်း ပြောထားပါသေးတယ်။ ပရိသတ်တွေလည်း မြန်မာအိုင်ဒေါရဲ့ ပြိုင်ပွဲဝင် တစ်ယောက်ဖြစ်တဲ့ နေခန့်မင်းသစ်ကို အားပေးလိုက်ကြပါအုံးနော်။



Source - Nay Min Khant Thit

No comments

Powered by Blogger.