ရေခဲသေတ္တာမှ အနံ့အသက်များ ပျောက်အောင်လုပ်နည်း
သင့်အိမ်က ရေခဲသေတ္တာ ထဲမှာ အနံ့ အသက် မကောင်းရင် ...
1) ရေခဲသေတ္တာရဲ့ မီးခလုတ်ကို ပိတ်ပြီး ပလပ်ကို ချွတ်ပါ ။
2) အထဲမှာ ရှိတဲ့ အစားအသောက် အားလုံးကို ထုတ်လိုက်ပါ ။
3) ရေခဲသေတ္တာထဲက စင်တွေ ၊ အောက်ဆုံးက အသီးအရွက် ထည့်တဲ့ ဇလားတွေ ကို အပြင် ထုတ်လိုက်ပါ။
4) ဆပ်ပြာမှုန့်ကို ရေခပ်နွေးနွေးနဲ့ ဖျော်ပြီး မျက်နှာသုတ် ပုဝါသေးသေးလို ပျော့ပြောင်း နူးညံ့တဲ့ အဝတ်စမှာဆွတ် ။
5) ရေခဲသေတ္တာ အတွင်းပိုင်း တခုလုံးကို သန့်ရှင်းရေး လုပ်ပါ ။ အထူးသဖြင့် အသားငါးတွေ၊ အအေးတွေက ကျနေတဲ့ အရည်တွေကို သေသေချာချာ လုံးဝ ပြောင်သွားတဲ့ အထိ သုတ်ပါ ။
6) အားလုံး ပြီးသွားရင် အနံ့ပျောက်စေတဲ့ အောက်ပါ ပစ္စည်း တမျိုးမျိုးကို ခွက်ထဲ ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ပိတ်ထားပါ ။ အနံ့ပျောက်ပြီ ဆိုမှ ထုတ်ပြီး အစားအသောက်တွေ ပြန်ထည့်ပါ ။
(i) မီးသွေး သန့်သန့်ကို ပန်းကန်ထဲ ထည့်ပြီး ရေခဲသေတ္တာ အပေါ်ထပ် အောက်ထပ်မှာ ထည့်ပါ ။
(ii) ကွေကာအုတ်ကို ပန်းကန်ထဲ ထည့်ပြီး ရေခဲသေတ္တာ အပေါ်ထပ် အောက်ထပ်မှာ ထည့်ပါ ။
(iii) ကော်ဖီမှုန့်ကို ပန်းကန်ထဲ ထည့်ပြီး ရေခဲသေတ္တာ အပေါ်ထပ် အောက်ထပ်မှာ ထည့်ပါ ။
(iv) ရှာလကာရည်ကို ပန်းကန်ထဲ ထည့်ပြီး ရေခဲသေတ္တာ အပေါ်ထပ် အောက်ထပ်မှာ ထည့်ပါ ။
(v) ဘိတ်ကင်း ဆိုဒါ (Baking Soda) နဲ့ ရေခဲသေတ္တာ အတွင်းပိုင်းကို ဖြူးပေးပါ ။ နောက်ပြီး ဆိုဒါ အထုပ်လိုက် ထည့်ထားပါ ... ။
Credit
Post a Comment