Header Ads

ချစ်သူတွေကြား မအိုတဲ့ ဆေး


လူတယောက်ကို ချစ်ဖို့ ဆိုတာ လွယ်ပါ လိမ့်မယ် ။ ဒါပေမဲ့ အဲဒီ အချစ်တွေကို ရေရှည် တည်တံ့အောင် ထိန်းသိမ်း ဖို့သာ ခက်ခဲတာပါ ။ ချစ်ခဲ့မိတဲ့ အချစ်တွေ ရေရှည် တည်တံ့အောင် ထိန်းသိမ်း ဖို့ဆိုတာ နှစ်ဦးစလုံး နဲ့ ဆိုင်တယ်။

နှစ်ဦးသား အချစ်တွေကို ရေရှည်တည်တဲ့အောင် ဘယ်လိုနည်းလမ်း တွေနဲ့ ထိန်းသိမ်းကြ မလဲ ။

(1) ကိုယ်ချင်းစာပါ

သူ့နေရာမှာ ကိုယ်သာ ဆိုရင် ဆိုတဲ့ ကိုယ်ချင်းစာစိတ် မွေးမြူ ပါ ။ ငါ့ကို ဒီလို ပြောတာ မခံနိုင်ဘူးဆိုရင် သူ့ကိုလည်း အဲ့ဒီလို စကားတွေ မပြောမိအောင် သတိထားပါ ။ ကိုယ်ချင်းစာစိတ် ဆိုတာ မေတ္တာတရား ခိုင်မာဖို့ အတွက် အဓိက ရေသောက်မြစ်ပါ ။

(2) လေးစားပါ

လူတယောက်နဲ့ တယောက် ချစ်သူတွေ ဖြစ်သွားကြပီ ဆိုတာနဲ့ ရင်းနှီးမှုက သာမန်ထက် လွန်ကဲ လာတယ် ။ ရင်းနှီးလွန်းသောကြောင့် တချို့စကားတွေက ကိုယ့်ချစ်သူရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး စိတ်ဒဏ်ရာ ရစေတတ် ပါတယ် ။

(3) အတ္တတွေ လျော့ပါ

သူကလည်း သူမှန်တယ် ၊ ငါကလည်း ငါမှန်တယ် ။ ငါ သက်သာရင် ပီးရော၊ ငါ အသာရဖို့ လိုတယ် ။ သူက သူ့ဘက်ပဲ သူကြည့်တာ ၊ ငါ့ဘက် ကိုတော့ တွေးမပေးဘူး စတဲ့ " ငါအတ္တ " တွေလျော့ချပါ ။

(4) ယုံကြည်ပါ

လူတယောက်ကို ချစ်မိပြီ ဆိုတာနဲ့ ယုံကြည်ပေးပါ ။ ​နေရာတကာမှာ သံသယစိတ် ထားပြီး အမြဲတမ်းလိုလို မယုံသင်္ကာ ဖြစ်နေရင်တော့ အချစ်စိတ်တွေ ကုန်သွားပြီး စိတ်ကုန်ခြင်း ဆိုတာ ဖြစ်လာနိုင်ပါတယ် ။

(5) ပွင့်လင်းပါ

ပွင့်လင်းမှု ဆိုတာက အချိန်အခါတော့ လိုပါလိမ့်မယ် ။ လူကြားထဲမှာ ပွင့်ပွင့်လင်းလင်း ပြောလို့ရတဲ့ စကား ရှိသလို စိတ်ရူပ်နေချိန်မှာ သတိထား ပြောရမယ့် စကားတွေ ရှိပါတယ် ။ အခြေအနေနဲ့ အချိန်အခါ ကြည့်ပြီး ပွင့်လင်းပါ ။

(6) အမှတ်အတေး မထားပါနဲ့

ချစ်သူ ဆိုတာ တစ်ချိန်ချိန်မှာ ဘဝ လက်တွဲဖော်လောင်း တွေပါ ။ ဘာမဟုတ်တဲ့ ကိစ္စလေးတွေကို ရင်ထဲမှာ မှတ်ထားပြီး ကြိတ်လုံးတွေ များလာရင် ပေါက်ကွဲချိန်မှာ အဆမတန် ပြင်းထန် ပါလိမ့်မယ် ။

(7) မအော်ပါနဲ့ ၊ မငေါက်ပါနဲ့

မိန်းခလေးဖြစ်ဖြစ် ၊ ယောက်ျားလေးဖြစ်ဖြစ် အော်ငေါက်ပြီး ပြောတာထက် ချော့ပြောတာကို ကြိုက်နှစ်သက်ကြ ပါတယ် ။ စိတ်ဆိုးနေတဲ့ အချိန်မှာ စကားကို အော်ငေါက်ပြောမနေသင့်ဘဲ ထိထိ ရောက်ရောက်နဲ့ ချိုချိုသာသာဖြစ်အောင် ပြောတတ်ဖို့ လိုပါတယ် ။ စိတ် အခန့်မသင့်တိုင်း အော်ငေါက်နေရင် အချစ်တွေက နာကျင်မှုတွေ ပြည့်နှက်လာပြီး မာနတွေ ခေါင်းထောင်လာတတ် ပါတယ် ။

(8) တန်ဖိုးထားပါ

တယောက်ကို တယောက် တန်ဖိုးထား ဆက်ဆံခြင်းက စိတ် အခန့်မသင့် ချိန်မှာ ဒေါသကြောင့် စကားမှားခဲ့လည်းပဲ အဆိုးဆုံးသော ဆုံးဖြတ်ချက် များကို ကာကွယ်ပေး ပါတယ် ။ ( သူ ... ငါ့ အပေါ် ဘယ်လိုကောင်းခဲ့တာ ဒီအမှားလေး ကြောင့်တော့ သူနဲ့ငါ လမ်းမခွဲသင့်ဘူး ) စသော အကောင်းမြင်စိတ် နဲ့ ဖြေတွေးများကို ပေါက်ဖွားစေ ပါတယ် ။

(9) နားလည်မှု ပေးပါ

တယောက်အပေါ်တယောက် အတတ်နိုင်ဆုံး နားလည်ပေးခြင်းက သံ​ယောဇဉ်​ကြိုးကို ခိုင်မာစေပြီး ဘဝတက်လမ်းတွေကို ချောမွေ့စေ ပါတယ် ။ မိသားစု အတွင်း ပြည်တွင်းစစ် ဖြစ်နေရင် စီးပွားရေးကို ထိခိုက်စေပြီး ယုံကြည်မှုကို ပျက်စေတတ် ပါတယ် ။

ချစ်ခြင်းမေတ္တာကို ရင့်ကျက်လာ စေပြီး ခိုင်မာ စေသော အားဆေးမှာ နားလည်မှုဆိုတဲ့ မအိုတဲ့ဆေးပါ ။ နားလည်မှုရှိသော ချစ်သူတိုင်းသည် အသက်တွေ အိုမင်းလာရင်တောင် အချစ်တွေက အမြဲ လတ်ဆတ်နေ မှာပါ ။

အထက်က နည်းလမ်းများဟာ အချစ်ဆိုတဲ့ အရာကို ရေရှည် ထိန်းကျောင်းပေးနိုင်ပြီး သေသွားရင်တောင်
တမ်းတ စေသော မအိုဆေးများ ဖြစ်ပါတယ် ။ ချစ်သူတွေ အသုံးချတတ်ပါစေနော် ။

လေးစားစွာဖြင့်
Zenith ( Magway )

No comments

Powered by Blogger.