ဘာအကြောင်းကြောင့်မှ စိတ်ဓာတ်မကျနဲ့...
ငါးတစ်ကောင် ကုန်းပေါ် ရောက်ရှိလာပါတယ်… ရေထဲ ပြန်ဆင်းဖို့ သူ.. လူးလှိမ့် ခုန်ပစ်ပေမယ့် ရေမြောင်းဆီကို မရောက်နိုင်ဖြစ်နေတော့.. သူစိတ်လျော့လိုက်တယ်.. သေပါစေတော့ ပေါ့…
ဒါကို.. ပုရွက်ဆိတ်တွေက မြင်တော့ ငါးကို ကယ်မယ် လုပ်ကြတယ်..!! ပုရွက်ဆိတ် တစ်ချို့က ငါးကို ဝိုင်းချီကြပြီး ရေမြောင်းစပ်ဆီ ပို့မယ်ပေါ့…
ပုရွက်ဆိတ် ခေါင်းဆောင်က ပြောတယ်…
"မချီကြနဲ့... ငါတို့ မနိုင်လောက်ဘူး.."
" ငါတို့ သူ့ကို နာအောင် ဝိုင်းကိုက်ကြမယ် "
ဆိုပြီး ဝိုင်းကိုက်ကြလေတော့..
ငါးက.. နာလွန်းလို့ တအားပဲ လူးလှိမ့် ခုန်ဆွ ပြေးရင်း.. ရေမြောင်းစပ်ဆီ ရောက်သွားတယ်.. နောက်ဆုံး.. ရေထဲထိ ရောက်သွားနိုင်ခဲ့တယ်. . .
တစ်ချို့ နာကျင်ခြင်းတွေဟာ… တစ်ချို့တိုက်ခိုက်မှု့တွေဟာ… အောင်မြင်ခြင်းအတွက် အထောက်အပံ့ ဖြစ်စေတယ် ဆိုတာ.. မမေ့ကြပါနဲ့။
တစ်ခါတလေ.. တိုက်ခိုက်လာတဲ့ သူတွေကြောင့် ကိုယ်က ပိုပြီး သန်မာလာရတယ်။ စိတ်ညစ်ချင် ညစ်ပါ။ သို့သော်… စိတ်ဓာတ်မကျနဲ့။ ဘာအကြောင်းကြောင်း ကြောင့်မှ စိတ်ဓာတ် မကျကောင်းဘူးနော်...
နင်းတတ်ရင်.. အားလုံးဟာ လှေကားထစ်တွေ ချည်းပါပဲ။
" အရာရာဟာ ကောင်းဖို့ ဖြစ်လာတာ ဘည````````" ဆိုတဲ့ ပုံပြင်လေးကို သတိရပါ..
credit
Post a Comment