Header Ads

မင်းကို အရမ်းချစ်​တဲ့ အ​ကြောင်း​လေး ပြောချင်တယ်


ချစ်တဲ့ အကြောင်းတွေ ပြောပြီးတော့ လူတွေက သစ္စာ မဲ့တတ် ကြတယ် ။

ဒါဆို ကိုယ်တို့ရော .....
သေချာ ပါတယ် .....
မင်းလည်း ကိုယ်က လွဲရင် ချစ်လို့ မရဘူး ဟုတ်တယ် ဟုတ် .....
လူတွေက မယုံရဘူး အချစ်ရဲ့ .....
သစ္စာတရား ဆိုတာလည်း မရှိကြ တော့ဘူး .....
ဒီနေ့ ကောင်းနေတဲ့ လူကလည်း မနက်ဖြန် ဆိုးသွား တတ်တယ် .....
အမြဲ ရင်းနှီး နေခဲ့ လူကလည်း နောက်နေ့ နောက်ကျောကို ဓားနဲ့ ထိုးချင် ထိုးတာပဲ .....

ဒီတော့ ကိုယ့်အနားကို လာပါ .....
ကိုယ်က ချစ်တယ် ပြောတဲ့ အခါ ကိုယ့် ရင်ခွင်ထဲ ခေါင်းလေး တိုးဝင်ပြီး ကျေနပ်စွာ ပြုံးပါ .....
ကိုယ့်ရဲ့ ရင်ခုန်သံကို နားထောင်ပါ .....
အဲဒီနောက် မင်းတာဝန်က .....
ကိုယ့်ကို သိပ်ချစ် ပါတယ် ဆိုတဲ့ စကားကို မင်းရင်ထဲ ကနေ လှိုက်လှိုက် လှဲလှဲ ပြောပေးဖို့ ပါပဲ .....
ကိုယ် ခံစားမိတဲ့ အထိပေါ့

    " သိပ်ချစ်တယ် အချစ် ကလေး "

ကမ္ဘာတည် သ၍ ဒီစကားဟာ တရက် ပို တည်မယ်
ရတယ် မို့လား
ကိုယ့်ရဲ့ မပြောင်းလဲတတ်ခြင်းက မင်းနဲ့ စတယ်
မယုံရတဲ့ အရာတွေ ထားခဲ့
မတည်မြဲတဲ့ အရာတွေ ချန်ခဲ့ပြီး
ကိုယ့်ဆီကို ရဲရဲသာ လှမ်းခဲ့
ကိုယ်ကတော့ မင်းအတွက်
နေ၀င် နေထွက် ဖြစ်စဉ် လို
နေ့ရက်တိုင်းမှာ မပြောင်းလဲပဲ ရှိနေမယ် ....

NyiSayMin

No comments

Powered by Blogger.