ရိုးရှင်းတဲ့ မိန်းမဆိုတာ ...
မိန်းမတော့ မိန်းမပါပဲ ... အ တယ် လို့ပဲ ပြောပြော ... ယောက်ျား တယောက်ကို မူယာ မာယာတွေ များပြီး မသိမ်းသွင်း တတ်ဘူး ... ဖြစ်သင့်တာကို ပြောပြမယ် ... ဖြစ်ချင်တာကို တိုင်ပင်မယ် ... မကြိုက်တာရှိရင် ပွင့်ပွင့် လင်းလင်း ဖွင့်ပြောမယ် ... နာဖားကြိုး တပ် ကြိုး ရှည်ရှည်နဲ့ မဆက်ဆံ တတ်ဘူး ... ဒါကိုမှ သဘော မကျရင် ထွက်သွားပါ ...
မိန်းမတော့ မိန်းမပါပဲ ... " မာန" ကြီးတယ် ပြောပြော ... တွေ့သမျှ လူတွေကို မပြုံးပြတတ် သလို ဟန်ဆောင်ပြီးလည်း မဆက်ဆံတက်ဘူး ... တွေ့သမျှ ယောက်ျားကို အီစီကလီ လုပ် မြူဆွယ်နေတဲ့ မိန်းမတွေကို မုန်းသလို ကိုယ်ကိုယ်တိုင်လည်း မလုပ်တတ်ဘူး ... ရွံ့စရာကောင်း တယ်လို့ မြင်မိတယ် ... ယောက်ျား မိန်းမ လူလူချင်းပဲ ဘာလို့ လှည့်စားနေရမှာလဲ ... ဟန်ဆောင် လိမ်ညာတတ်သူ တွေကို လူတွေ အထင် ပိုကြီး တတ်တာလည်း သိတယ် ... အထင်မကြီးရင် နေပါစေ ... ဟန်ဆောင်တာထက် အမုန်းခံလိုက်မယ် ...
မိန်းမတော့ မိန်းမပဲ ... ရှိတာလေးနဲ့ နေတတ်တယ် ... တက်သိသလောက်နဲ့ တင်းတိမ်တယ် ... မသိတာကို သိဟန် ဆောင်ရမှာ အကြောက်ဆုံးနဲ့ ၊ မတတ်တာကို တတ်ယောင် ဆောင်ရမှာ အရှက်ဆုံးဘဲ ... ရှိတာလေးနဲ့ မတင်းတိမ်ပဲ အမှားတွေ လုပ်မိမှာ စိုးရိမ်မှု အရှိဆုံးပဲ ... ဒါကြောင့် အရာရာတိုင်းမှာ သတိတစ်ခု အမြဲ လက်ကိုင် ထားတယ် ... ယောက်ျားလေးနဲ့ မိန်းကလေး အရှက်တရားချင်း တူနေရင်တောင် မှ မိန်းကလေးတွေက ပိုပြီး သိက္ခာ ပိုထိခိုက်စေ ပါတယ် ...
မိန်းမတော့ မိန်းမပါ ... အတိတ်ကို လှစေချင်တယ် ... ပစ္စုပန်ကို အေးချမ်း ချင်တယ် ... အနာဂါတ်ကို ဖြောင့်ဖြူးချင်တယ် ... ဟန်ဆောင်မှု မရှိ ပွင့်ပွင့် လင်းလင်း ပြောတက်လို့ အပေါင်းသင်း မလုပ်ချင် နေပါစေ ... အလိမ်အညာ ကင်းသူ ဖြစ်အောင်ပဲ နေထိုင်တတ်တယ် ... မယာ မသုံးတက်လို့ လူချစ် လူခင် မများရင် နေပါစေ ... လုပ်ယူမှ ရတဲ့ အပေါင်းအသင်း မလိုအပ်ပါဘူး ... အရှိအတိုင်း နေတတ်လို့ လူအထင် မကြီးရင်နေပါစေ ... တမင် ဖန်တီးယူမှ ရတဲ့ အောင်မြင်မှုလည်း မမက်မောဘူး ...
သူများတွေ ပြောနေသလို ထက်မြတ်တဲ့ မိန်းမလည်း မဟုတ်ဘူး ... မြင့်မြတ်နေတဲ့ မိန်းမလည်း မဟုတ်ဘူး ... မာနကြီးတဲ့ မိန်းမလည်း မဟုတ်ပါဘူး ... တုံးတယ်ပဲ ပြောပြော ၊ အ တယ်ပဲ ဆိုဆို ၊ ရိုင်းတယ်ပဲ ထင်ကြပါစေ အတိတ်ကို လှအောင် နေခဲ့တယ် ... ပစ္စုပန်မှာ အေးချမ်းအောင် နေမယ် ... အနာဂါတ်ကို ဖြောင့်ဖြူး ချင်တဲ့ ဟန်မဆောင်တက်တဲ့ ရိုးရှင်းသော မိန်းမ တယောက်ပါ ....
MayNoe
Post a Comment