Header Ads

ဒါလေးတွေကို မှတ်ထားပါ ညီမလေးရေ ....


ညီမလေးရ ..... 21 ရာစုမှာ မိန်းမတွေဟာ ရင်ထုပြီး လင်လုရမယ် ဆိုတဲ့ စကားက ခပ်ညံ့ညံ့ ယောက်ျား စကားတွေရဲ့ အောက်လုံး စကားတွေပါ ။

ချစ်တာကတော့ ချစ်ပါ ညီမလေးရေ .....  ဒါပေမဲ့ ပြန်ပြင်လို့ မရတဲ့ အခွင်အရေးတော့ မပေးမိ စေနဲ့ ။ ဘဝနဲ့ ရင်းတဲ့ လက်ရေး အတွက် ဖျက်ဆေး မရှိပါဘူး ။

ညီမလေးရေ ..... ကိုယ့်ဆီကနေ သူလိုချင်တာ မရလို့ ထွက်သွားဖို့ ပြင်ဆင်နေတဲ့ ယောက်ျား တယောက်ကို ဆွဲမထားပါနဲ့ ။ တခြားမိန်းမနဲ့လည်း ယှဉ်မလုပါနဲ့ ။ အောက်တန်း ကျပါတယ် ။ ရိုးသားစွာနဲ့ အသဲကွဲ ခံလိုက်ပါ ညီမလေး ။

ညီမလေးရေ ..... ကိုယ့် ဘဝရဲ့ အစိတ်ပိုင်းလေး တခုအတွက် စိတ်ရိုင်းလေးတွေ မမွေးမိ စေနဲ့ ။ ကိုယ့် မှတ်ပုံတင်ထဲ ပြန်ကြည့်ပါ ညီမလေး ။ ကိုးကွယ်ရမှာ အချစ် မဟုတ်ဖူးလေ ။

ညီမလေးရေ ..... သူစိမ်း ယောက်ျားတွေ ဆီက အကူအညီတွေကို မလိုအပ်ပဲ မယူပါနဲ့ ။ အဲ့ဒီ နောက်ကွယ်မှာ ပြန်ပေးရတဲ့ အရာတွေက ဘဝနဲ့ ရင်းရတာတွေ ပါလာတတ် လို့ပါ ။

ညီမလေးရေ ..... ညီမလေးဟာ မြန်မာ မိန်းခလေး တယောက်ပါ ။ အရှက်တရား အကြောက်တရား သိက္ခာတရားတွေကို အသက်လို တန်ဖိုး ထားတတ်နေ ပါစေ ။

အချစ်မရှိရင် ဘဝ ပျက်သွားလိမ့်မယ် ဆိုတဲ့ မိန်းမ အမျိုးအစားတွေထဲ ငါ့ညီမလေး မပါပါစေနဲ့ ..... ။

TayZarBoneNaing

No comments

Powered by Blogger.