Header Ads

အိမ်ထောင်တခု ဖြစ်လာပြီ ဆိုရင် ...


အိမ်ထောင်ရေး တခု ဖြစ်လာပြီ ဆိုရင် ကိုယ့်လင်က ဘာပဲ ဖြစ်နေဖြစ်နေ ၊ နူနူ ဝဲဝဲ မယားကောင်း ပီသစွာ ပေါင်းဖက်ရတယ် ။ ကြင်​နာရမယ် ​။ မိန်းမ အမှုကို ပြု​ပေးရမယ်​။ ချစ်လို့ ကြိုက်လို့ ယူထားပြီးကာမှ မလိုချင် ပြန်အမ်း မရပါဘူး ။ သူလည်း လူပျို ပြန် မဖြစ်သလို ကိုယ်လည်း အပျို ပြန်မဖြစ်ဘူး ။ ကြည်ဖြူလို့ ယူထားပြီးရင် ဘယ်မိဘ ဘယ် အသိုင်းအဝိုင်း ဘယ်သူငယ်ချင်းက သွေးထိုး သွေးထိုး နားမယောင်ရဘူး ။

ကိုယ်ကချစ်လို့ ယူတဲ့လင်က ကိုယ့်ကို တောင်းကျွေးလည်း လက်ခံရ မှာပဲ ။ ယောက်ျား တယောက်ရဲ့ အစွမ်းအစကို အထင်သေးလို့ မရပါဘူး ။ မြန်မာ မိန်းခလေး အမျိုးဘာသာ ချစ်ပြရုံနဲ့လည်း မိန်းမ မပီသသေးဘူး ။ မိသားတ​စုရဲ့ သမီး​ကောင်း လင်​​ယောက်ျားအတွက်​ ဇနီး​ကောင်း အိမ်​အတွက်​ အ​မေ​ကောင်း ၊ အိမ်​​ထောင်​ရှင်​မ​ကောင်း တယောက်​ ဖြစ်​​နေရမယ်​ ။ ကြိုးစားရမယ် ​။

လူ ဆိုတာ အပြန်အလှန် လေးစား အထင်ကြီး တတ်မှ ၊ အပြန်အလှန် နားလည်မှု ရှိမှ အဆင်ပြေပြေ ပေါင်းသင်းလို့ရတာ ။ နားလည်မှု မရှိတဲ့ တံခါးကို ဆက်ခေါက်နေရင် လက်ပေါက်ရုံပဲ ရှိမယ် ။

မိန်းမ ဆိုတာ မယား တယောက် ဖြစ်လာတာနဲ့ သမီးရည်းစား တုန်းကလို စိတ်ဆိုး စိတ်ကောက် လုပ်နေလို့ မရတော့ဘူး ။ game ​ဆော့ က​လေးလုပ်​​နေလို့မရဘူး ။ Facebook တနေကုန်​ သုံး​နေလို့ မရဘူး ။

ဟိုတုန်းကတော့ ကောင်မလေး တယောက် ဟုတ်ချင် ဟုတ်မယ် ။ အိမ်ထောင်ရှင်မ ဖြစ်လာရင် အမျိုးသမီး တယောက်လို ရင့်ကျက် တည်ငြိမ် ရမယ် ။ အိမ်​မှု ကိစ္စ ၊ လင်​မှု ကိစ္စ ၊ နှစ်​ဖက်​မိသားစု အ​ရေး မျှတ​အောင်​ စီမံရမယ် ​။ စု​ဆောင်းရမယ် ​။ ပစ္စည်း​ဥစ္စာဖြို စဖိုက ဆိုတာ အလကား မဟုတ်​ဘူး ။ ယောက်ျား ရှာသမျှကို မျှသ​အောင်​ ထိန်းရမယ်​ ။ အခု သုံး ၊ လှူ ၊ စု ၊ ​ပေး ဤ​လေးခုကို မျှရမယ် ​။

အိမ်ရှင်မ ဆိုတာ အိမ်ကို ရှင်အောင် မ နေရသူပါ ။ လင်သား မျက်နှာကို မကြည့်ပဲ လင်သားကို စိတ်ဆင်းရဲအောင် လုပ်နေပြီ ဆိုတည်းက မိန်းမကောင်းလို့ ဆို မရပြန်ဘူး ။ အိမ်​တအိမ်​ရဲ့ အသွင်​အပြင်​ ဘုရားစင်​နဲ့ ​ရေအိမ်​ကို ကြည့်တာနဲ့ အဲ့ဒီလင်​မယား ရဲ့ အကျင့် စရိုက်​ လက္ခဏာ ကိုမြင်​လို့ ရပြီ။

အပြန်အလှန် နားလည်မှု အထင်ကြီး လေးစားမှု

အိမ်ထောင် ပြုတာက လွယ်ပါတယ် ။ အဲ့ဒီ အိမ်ထောင်ရေးကို ရေရှည် တည်တံ့အောင် ထိန်းသိမ်းနိုင်ဖို့ကျ ခက်ခဲပါတယ် ။ တဦးနဲ့ တဦး အပြန်အလှန် နားလည်မှု ၊ အထင်ကြီး လေးစားမှူ၊ ကြင်နာဖေးမမှု ၊ ရှင်းရှင်းပြောရရင် သူ့မိဘဆီက ကိုယ်က လက်ခံပြောင်းယူတာပဲ ။  သူ့အမေလို သူ့ကို ဂရုစိုက်ဖို့ ပြုစုယုယဖို့ သူ့အဖေလို ကာကွယ်ပေးဖို့ ဖေးမစောင့်ရှောက်ဖို့ အဓိက အဲ့ဒါပဲ ။

တပ်မက်စိတ် တခုထဲနဲ့ အိမ်ထောင်ပြုရင် အောက်ခြေ မခိုင်တဲ့ ပရောဂျက် တခုလိုပဲ ခဏလေးနဲ့ ပျက်စီးမှာပဲ ။ သဝန်တိုတာ ချစ်လို့ မှန်တယ် ။ သဝန်တိုတဲ့ အခြေခံ အကြောင်းရင်းကိုလည်း စီစစ်ရသေးတယ် ။ အမျိုးဘာသာ ချစ်ရုံနဲ့လည်း မိန်းမကောင်း မဟုတ်သေးဘူး ။

မိန်းမ တယောက် မိခင်နေရာ ရောက်လာပြီ ဆို ပိုဆိုးတယ် ။ ကိုယ်တိုင်တောင် ဒီဖောင်ဒေးရှင်း တခုကို ခိုင်မာအောင် မတည်ဆောက်နိုင်တာ ၊ မလုပ်နိုင်တာ ၊ ကိုယ့်သားသမီးကို ဘယ်လို ပြုစုပျိုးထောင်မလဲ ။ ခလေးတွေရဲ့ ဦးနှောက် သေးသေးလေးထဲကို ဘာတွေ ရိုက်ထည့်ပေးမလဲ ။ ကိုယ့်ကို အသက်ထက်တမျှ ချစ်မြတ်နိုးတဲ့ မိန်းမ ၊ေ​ယောက်ျား ဆိုတာ ဒီခေတ်မှာရှားတယ် ။

လောက ကြီးမှာ ယောက်ျားတွေ ပေါပါတယ် ။ ဒါပေမဲ့ လင်ကောင်း ရှားတယ် ။ မိန်းမတွေလည်း ပေါတယ် ။ မယားကောင်း ရှားတယ်။ ယောက်ျားဖြစ်သူကလည်း ကိုယ်ယူထားတဲ့ မိန်းမကို အထင်သေး စရာလည်း မလိုဘူး ။ မိန်းမကလည်း ကိုယ် ယူထားတဲ့ ယောက်ျားတယောက် သူ့အလုပ်က ဖိနပ်စုတ်ချုပ် ကူလီ လုပ်စေဦး မထီမဲ့မြင် ပြုစရာမလိုဘူး ။

လင်နဲ့ မယား ဆိုတာ

ယောက်ျားယူတယ် ဆိုတာ သူ့သားကို သူ့အမေ ကိုယ်စား ကိုယ်က မိခင်လို ကြည့်ရှု ဂရုစိုက် ပေးခြင်းပဲ ။ မိန်းမ ယူတယ် ဆိုတာလည်း သူ့မိဘတွေရဲ့ နေရာကို ကိုယ်က တာဝန်ယူ လက်လွဲ ပြောင်းခြင်းသဘောတရားပဲ ။

အဲ့လိုမှ မဟုတ်ပဲ တပ်မက်စိတ် တခုထဲ နဲ့ဆိုရင်တော့ သေချာတယ် စိတ်ချမ်းမြေ့စရာ အိမ်ထောင်ရေး ဖြစ်လာမှာ မဟုတ်ဘူး ။ အငြီအဟောက် ဆိုတာ ကြာရင် ငြီးငွေ့လွယ်ပါတယ် ။

ဒါဆိုရင် ဘယ်လို ချစ်ကြမလဲ

တယောက်နဲ့ တယောက် အပြန်အလှန် ကိုင်းကို ကျွန်းမှီ ကျွန်းကို ကိုင်းမှီ နေကြရမယ် ။ အပြန်အလှန် နားလည်မှုရှိရမယ် ။ ကြင်နာရမယ် ။ စာနာတတ် ရမယ် ။ စိတ်တူ ကိုယ်တူ နှစ်ကိုယ့် တစိတ် ဖြစ်အောင် နေရမယ် ။ မသိတာကို သိအောင် နားမလည်တာကို.နားလည်အောင် သင်ယူစေရမယ် ။

သူစိမ်း နှစ်ယောက် တအိပ်ယာတည်း အတူနေ စိတ်တူ ကိုယ်တူ ဖြစ်ဖို့ ဆိုတာကလည်း ငြိယူ ရတော့မှာလေ ။ သေချာတာ တခုကတော့ အိမ်ထောင် ပြုတယ် ဆိုတာ လိင်ကိစ္စ တခုတည်း အတွက် ပြုတာ မဟုတ်ဘူး ။ အပေါ်မှာ ရေးခဲ့သလိုပဲ သူ့မိဘ ကိုယ်စား တာဝန် လွဲပြောင်းယူတဲ့ သဘောတရား တခုပဲ ။ မတူညီတဲ့ ဘဝနှစ်​ခုနဲ့ ဘဝတခု မိသားတစု တည်​​ထောင်​ခြင်း ပါပဲ ။

မိသားစုတိုင်း ကိုယ်​စိတ်​နှစ်​ဖြာ ကျန်းမာ ချမ်းသာ ကြပါ​စေ ။

Credit

No comments

Powered by Blogger.