အိမ်ထောင်ရေး အတွက် ဆေးတစ်ခွက်
1) ချစ်တယ် ဆိုတာကို မမေ့ပါနဲ့
လက်ထပ်ပြီးတဲ့ အချိန်က စပြီး သူနဲ့ကိုယ် အတူတူ ရှိနေတာကို မမေ့ပါနဲ့။ လက်ထပ်တုန်းက သူ့ကို တစ်သက်လုံး စောင့်ရှောက်မယ် လို့ကတိပေးခဲ့တဲ့ အတွက် သူကလည်း ကိုယ့်ကို ယုံကြည်ပြီး ဘဝကို ပုံအပ်ခဲ့ရသူပါ။ ချစ်ဖို့ကို မပျင်းပါနဲ့။
2) သူ့ရဲ့ စိတ်ကို နားလည်ပေးပါ
သူက စိတ်ဆိုးနေတာကို ချော့ဖို့သင့်ရင် ချော့ရမှာပါ။ သူ့မှာ ဖြစ်နေတဲ့ ပြဿနာကို နားထောင်ပြီး နှစ်သိမ့်ဖို့လည်း လိုပါလိမ့်မယ်။ သူ စိတ်ဆိုးနေတာက အလုပ်ရှုပ်တယ် ဆိုပြီး ရှောင်ထွက် မသွားသင့်ပါ။
3) သူ့အတွက် နေရာလေး ချန်ထားပါ
သူ့ကို စောင့်ရှောက်ရမဲ့ တာဝန် တခုထဲတော့ မဟုတ်ပါ။ သူ့အတွက် စိတ်ထဲမှာလည်း တနေရာ ပေးထားလိုက်ပါ။ အလုပ်တွေ လူမှုရေး ကိစ္စတွေနဲ့ ဘယ်လောက်ပဲ ရှုပ်ထွေးနေပစေ သူ့နေရာလေးကိုတော့ ဘယ်သူ့မှ မဝင်မခံပါစေနဲ့။
4) သူက မိန်းကလေးဖြစ်တယ် ဆိုတာကို မမေ့ပါနဲ့
ဘယ် အချိန်မှာပဲဖြစ်ဖြစ် ဘာတွေ ပြောင်းလဲပြောင်းလဲ သူ့ကို မိန်းကလေး တယောက်လို ဆက်ဆံ သင့်ပါတယ်။ သူ့အတွက်လည်း ကိုယ်ဟာ ဆွဲဆောင်မှုရှိတဲ့ ယောင်္ကျားကောင်း တယောက်ဖြစ်တယ် ဆိုတာကို ပြဖို့ လိုပါတယ်။
5) ချစ်ပြီးရင်း ချစ်ပါ
လူဆိုတာ အချိန်နှင့် အမျှ ပြောင်းလဲနေပါတယ်။ လက်မထပ်ခင် အချိန်တုန်းကနဲ့ လက်ထပ်ပြီးသွားတဲ့ အချိန်မှာ ကိုယ်ရဲ့ အခြေအေနေက တူနေမယ် လို့မထင်ပါ။ ဒါကြောင့်လည်း သမီးရည်းစား ဘဝတုန်းကလို သူ့အတွက် ဆိုရင် ဘာမဆို လုပ်ပေးမယ် ဆိုတဲ့ အချစ်တွေကို မမေ့ပဲ ပစ္စုပ္ပန်မှာလည်း တူညီသော အချစ်တွေကို ပေးနိုင်ဖို့ ကြိုးစားပါ။
6) သူရဲ့ကောင်းသော အချက်ကလေးတွေကို မမေ့ပါနဲ့
သူ့ရဲ့ ကောင်းချက်ကလေးတွေကို ဂရုတစိုက် ကြည့်ထားသင့်ပါတယ်။ လူဆိုတာ လူတယောက်ရဲ့ မကောင်းတဲ့ အချက်ကို အရင် မြင်တတ်ပါတယ်။ သူ့ရဲ့ မကောင်းတဲ့ အချက်တွေကိုပဲ စဉ်းစားနေရင်တော့ ရေရှည်မှာ မကောင်းပါ။
7) နှစ်ယောက် အတူတူ ဘဝကို တိုးတတ်အောင် ကြိုးစားပါ
ဘဝရည်မှန်းချက် ဖြစ်ပါစေ၊ ဝါသနာပါတဲ့ အရာပဲ ဖြစ်ပါစေ နှစ်ယောက်အတူတူ တိုင်ပင်ပြီး လုပ်သင့်ပါတယ်။ ဒါမှသာလျှင် တစ်ယောက်နှင့် တစ်ယောက် နားလည်မှု ရှိလာနိုင်သလို အိမ်ထောင်ရေးလည်း သာယာလာ ပါလိမ့်မယ်။
8) သူ့ရဲ့ အကျင့်စရိုက်ကို ပြောင်းလဲဖို့ မကြိုးစားပါနဲ့
ကိုယ်လိုချင်တဲ့ ပုံစံမျိုးကို ပုံသွင်းတာမျိုး မလုပ်သင့်ပါ။ လူဆိုတာ အားလုံး ပြီးပြည့်စုံနေတယ် ဆိုတာ မရှိတဲ့အတွက် သူရဲ့ အကျင့် စရိုက်ကို ပြောင်းလဲဖို့ လုပ်တယ် ဆိုတာဟာ သင့်အလုပ် မဟုတ်ပါ။ သူ့ကို ရှိတဲ့အတိုင်းပဲ ချစ်တယ် ဆိုတာလည်း မင်္ဂလာ တပါးပါ။
9) သူ့ကို အပြစ် သိပ်မတင်ပါနဲ့
ဘယ်လောက်ပဲ ဒေါသထွက်ထွက် သူ့ကို အပြစ် သိပ်မတင်သင့်ပါ။ ဒေါသထွက်နေတယ် ဆိုတာ အကြောင်းကြောင်းကြောင့် ဖြစ်ပင်မဲ့ ဒေါသကြောင့် အမှားကို မပြုလုပ်သင့်ပါ။
10) ပျော်တတ်ဖို့ လိုပါတယ်
ကိုယ်ကိုတိုင်လည်း ပြုံးပြုံးပျော်ပျော် နေတတ်ဖို့ လိုပါတယ်။ ဒါမှသာလျှင် တစ်ယောက်နှင့် တစ်ယောက် ပြုံးသင့်လျှင်ပြုံး ပျော်သင့်လျှင် ပျော်မှသာလျှင် အိမ်ထောင်ရေး အဆင်ပြေမှာပါ။
11) သူ့ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးပါ
သူ့မှာတော့ မောင်က ချစ်မှ ချစ်ပါ့တော့ မလားလို့ တွေးရင်လည်း တွေးနေတတ်ပါတယ်။ သူ့မှာ ဘာလိုအပ်နေလည်း ဘယ်လို လုပ်ရမလဲ မသိရင် တိုက်ရိုက် မေးသင့်ပါတယ်။
12) သူအတွက် အေးအေးဆေးဆေး နေနိုင်တဲ့ နေရာလေး ရှိပါစေ
သူ့မှာ နေ့စဉ်နှင့်အမျှ အိမ်ကိစ္စနဲ့ပဲ အလုပ်ရှုပ် နေတတ်ပါတယ်။ ကလေးရှိတဲ့ သူဆိုရင်တော့ ပိုဆိုးရောပေါ့။ ကိုယ်တယောက်တည်း မဟုတ်ပဲ သူ့အတွက်လည်း စိတ်ပြေလက်ပျောက် နေနိုင်မဲ့ နေရာလေးကို ထားပေးသင့်ပါတယ်။
13) ကိုယ်ရဲ့ အားနည်းချက်ကို ပြောဖို့လည်း ဝန်မလေးပါနဲ့
ယောင်္ကျားဆိုတော့ ကိုယ်ရဲ့ အားနည်းချက်ကို ထုတ်ပြောဖို့ ဝန်လေးတတ်ပါတယ်။ အချို့ ပြဿနာ ဆိုတာ ကိုယ်တယောက်တည်း မဖြေရှင်းနိုင်တဲ့ အခါ ရှိပါတယ်။ အဲဒီအချိန်မှာ ကိုယ့်ရဲ့ လက်တွဲဖော်ကို ပွင့်ပွင့်လင်းလင်း တိုင်ပင်သင့်ပါတယ်။
14) ခွင့်လွတ်တတ်ဖို့ လိုပါတယ်
အတိတ်မှာ ဖြစ်ခဲ့တဲ့ကိစ္စကို အစွဲထားပြီး ထပ်ခါတလဲလဲ ပြန်ပြောတာမျိုး မလုပ်သင့်ပါ။ ခွင့်လွှတ်သင့်တာကို ခွင့်လွတ်ပြီး ရှေ့ဆက်လျှောက်ဖို့သာ အရေးကြီးပါတယ်။
15) ပိုက်ဆံ အတွက် နားမပူပါနဲ့
ပိုက်ဆံ ဆိုတာဟာ ဂိမ်းတခုနဲ့ တူပါတယ်။ လင်မယားနှစ်ယောက် အတူတူ ဘဝဂိမ်းကို အောင်မြင်အောင် ကြိုးစား ရမှာပါ။ မသေမချင်း ပိုက်ဆံ ဆိုတာကို ရှာဖွေနိုင်ပါတယ်။ ပိုက်ဆံမရှိလို့ ဆိုပြီး ပြောနေမဲ့အစား သူနဲကောင်းအောင် ဘယ်လိုလုပ်မလဲ ဆိုတာကို တိုင်ပင်သင့်ပါတယ်။
ဒီစာလေးဟာ အိမ်ထောင်သည်တွေ အတွက်ပဲ မဆိုလိုပါ။ မကြာခင် လက်ထပ်မဲ့ သူတွေနဲ့လည်း သက်ဆိုင်ပါတယ်။ ယောင်္ကျားလေးဘက်က ရေးထားပင်မဲ့ ပြောင်းပြန် စဉ်းစားရင်လဲ မိန်းကလေးတွေ အနေနဲ့လည်း ဖတ်လို့ရပါတယ်။
Happiness is to You Chelmo Team
Post a Comment