သူမ စိတ်ဝင်စားလာအောင် ဘယ်လို ချဉ်းကပ်မလဲ
ယောက်ျားလေး အများစုက ကိုယ်ချစ်တဲ့ မိန်းခလေး ဒါမှမဟုတ် ကိုယ်က တဖက်သက် ကြိုက်နေတဲ့ သူကို တွေ့တဲ့ အခါ ဘယ်လိုပုံစံ ချဉ်းကပ်ရမယ် ဆိုတာ မသိ နားမလည် ကြပါဘူး ။ တချို့ ကျသောလည်း စတင် ချဉ်းကပ်ပုံ လွဲမှားမှုကြောင့် အမှတ်လျော့ပြီး နောက်ဆုံး ဖြစ်သွားလေ့ ရှိပါတယ် ။
ဒါ့ကြောင့်မို့ သင့်မှာ ချစ်တဲ့သူ တွေ့နေပြီး ၊ သူမကို ဘယ်လို ပုံစံ ရင်ခုန်လာအောင် စွမ်းဆောင်မလဲ ဆိုတာ မျှဝေပေးထား ပါတယ် ။
1) မေးခွန်းများနဲ့ စတင်ပါ
မေးခွန်းများနဲ့ ဘ၀ကို စီချယ်ထားတယ် ဆိုတာ မမေ့ပါနဲ့ ။ မေးခွန်း မေးတယ် ဆိုတာ တဖက်လူကို စိတ်ဝင်စားကြောင်း အချက်ပြတာ ပါပဲ ။ ဒီတော့ သူမရဲ့ အတွင်းစိတ်ထဲက ပြောဆိုလိုတဲ့ စကားလုံးတွေ ကိုလည်း သင် နားထောင်ရမယ် ။ ပိုမိုရင်းနှီးမှု လည်း ရရှိစေနိုင် ပါတယ် ။
မေးခွန်းကောင်းတွေ မေးတက်ဖို့တော့ လိုပါတယ် ။ အရှက်ရစေမဲ့ မေးခွန်း ၊ သိက္ခာကျစေနိုင်တဲ့ မေးခွန်းတွေ တက်နိုင်သမျှ ရှောင်ပေးပါ ။ သူမကို အမေးသင့်ဆုံး အကြောင်းအရာတွေက ပညာရေး ၊ ဝါသနာ ၊ မွေးရပ်မြေ ၊ ကြိုက်နှစ်သက်တဲ့ အစားအစာ နဲ့ ရည်မှန်းချက် စတာတွေပဲ ဖြစ်ပါတယ် ။
2) ဦးစားပေးဖို့ မမေ့ပါနဲ့
တစုံတခု ပူးတွဲ လုပ်ဆောင်တဲ့ အခါ ဖြစ်ဖြစ် ၊ အစားအသောက် အတူ စားတဲ့အခါ ဖြစ်ဖြစ် နှစ်ယောက်အတူ လုပ်ကိုင်ရတဲ့ အခါ သူမကို ဦးစားပေးတက်ဖို့ လိုပါတယ် ။ မိန်းခလေးဖို့ ဦးစားပေးတာမျိုး မဟုတ်ပဲ ကိုယ်ဘက်က သူမ အပေါ် စေတနာ ထားတယ် ၊ ဘယ်လို ဂရုစိုက်တယ် ဆိုတာ သိရှိစေချင်လို့ပဲ ဖြစ်ပါတယ် ။ သင့်ချစ်သူမှ ဦးစားမပေးရင် သင် ဘယ်သူ့ကို ဦးစားပေးမှာလဲ ။
3) ဝါသနာကို နှိုးဆွပါ
လူတိုင်းမှာ ဝါသနာ ကိုယ်စီ ရှိကြပါတယ် ။ ဒီဝါသနာ ကပဲ ခင်မင်ရင်းနှီးမှု စတင်ပြီး သေအတူ ရှင်မကွာ ဖြစ်သွားစေနိုင် ပါတယ် ။ သူမ အနား ရောက်ပြီ ဆိုရင် သူမ ဘာတွေ ဝါသနာ ပါတတ်သလဲ ဆိုတာ သိအောင်ကြိုးစားသင့်တယ် ။
မသိသေးလည်း သိအောင် မေးပြီး သူမ စိတ်ကူး အိမ်မက်တွေကို ချီးကျူးပေးသင့် ပါတယ် ။ ဒါ့ကြောင့် သူမနဲ့ ဘာလို စတင် ရင်းနှီုး ရမလဲ မသိသေးရင် ဘာဝါသနာပါလဲ ဆိုတာက စနိုင်ပါတယ် ။
4) အပြုံးတွေက ပိုမို ရင်းနှီးစေတာပါ
အပြုံးတွေက သင့်အတွက် ပီယ ဆေးထက် အစွမ်းထက် ပါတယ် ။ သင်ချစ်တဲ့ ကောင်မလေးကို အကြင်နာပါတဲ့ အကြည့်တွေ ၊ အပြုံးတွေနဲ့ ဆွဲဆောင်နိုင် ပါတယ် ။ ကြမ်းတမ်းတဲ့ အမူအယာ ၊ အပြောအဆို ၊ အရှက်ရစေမဲ့ အကြည့်တွေကို ရှောင်ကျဉ်ပေးဖို့ လိုပါတယ် ။ အချိန်ပြည့်ကြီး ပြုံးဖြီး မနေဖို့လည်း သတိထားသင့် ပါတယ် ။
5) ထပ်တူညီကြောင်း အရိပ်အရောင် ပြပါ
ဝါသနာတွေ အကြောင်း ပြောတဲ့အခါ ၊ စိတ်ကူး အိမ်မက်တွေ တိုင်ပင် ဆွေးနွေး ကြတဲ့ အခါ သူမနဲ့ သင်ဟာ တော်တော် များများ တူညီတဲ့ အချက်တွေ ရှိကြောင်း သင့်ဘက်က မသိမသာ ပြသသင့် ပါတယ် ။
ဥပမာ ... ကော်ဖီကြိုက်တဲ့ မိန်းခလေးဆို ကျနော်လည်း ကော်ဖီ ကြိုက်တယ်ဗျာ ၊ ဘာပဲ ဖြစ်ဖြစ် ကော်ဖီက အလုပ်လုပ်တဲ့ အခါ ခေါင်းကြည်တယ်ဗျာ စသဖြင့် မသိမသာ ပြောတာကို ဆိုလိုပါတယ် ။ အကုန် လိုက်ပြီးထပ်တူညီကြောင်း ပြသနေရင်တော့ သင့်ကို စိတ်ဝင်စားတော့မှာ မဟုတ်ပါဘူး ။
6) လိုအပ်တာထက် ပိုမပြောမိ ပါစေနဲ့
စကားတွေက ကျနော်တို့ အနာဂတ် လမ်းကို ဖွင့်ပေးနိုင်သလို၊ အနာဂတ်လမ်းကို ပိတ်ဆို့ တားဆီးတာလည်းဖြစ်နိုင် ပါတယ် ။ ဒါ့ကြောင့် စကားကောင်းတွေ ပြောတက်ဖို့ လိုပါတယ် ။
လိုတာတက် ပိုပြီး ပြောဆိုနေတာတွေကို ဘယ်သူကမှ စိတ်မဝင်စားနိုင် ပါဘူး ။ လိုအပ်တဲ့ အချိန် ၊ ပြောသင့်တဲ့ အခါ တိကျတဲ့ စကားတွေကို သင့်ဘက်က ပြောဆိုဖို့ လိုပါတယ် ။ စကားပြော ကောင်းဖို့ ကတော့ စာများများ ဖတ်စေချင် ပါတယ် ။
7) ဂရုတစိုက် ရှိပါစေ
နေမကောင်းတဲ့အခါ ဖြစ်ဖြစ် ၊ အလုပ်များတဲ့ အခါဖြစ်ဖြစ် သူမ ကို ပင်ပန်းနေလား ၊ မောနေရောပေါ့ စတဲ့ စကားလုံးလေးတွေနဲ့ သူမကို ကြည်ဖြူအောင် လုပ်ဆောင်နိုင်ပါတယ် ။
တတ်နိုင်ရင် သူမအလုပ်တွေ ကူညီပေးတာ ၊ နေမကောင်းရင် ဆေးတိုက်တာ ၊ မုန့်ကျွေးတာ ၊ ဖုန်းဆက် သတင်းမေးတာ မျိုးတွေ လုပ်ပေးသင့်ပါတယ် ။ သင့်ကို ချစ်သည် ဖြစ်စေ ၊ မချစ်သေးဘူး ဖြစ်ပါစေ ၊ သင့်ဘက်က ဂရုစိုက် ပေးရမှာကတော့ သင့်တာဝန်လို့ပဲ ဆိုချင်ပါတယ် ။
LinMoeSet
Post a Comment