Header Ads

သမီးရည်းစား နဲ့ အိမ်ထောင်သည် ကွာခြားချက်


" ဒီမှာ ငါ့ညီလေး ... အိမ်ထောင်ပြုတာနဲ့ ရည်းစား ထားတာနဲ့ ဆိုတာက TV နဲ့ မင်းပွတ်နေတဲ့ Smart Phone လိုပဲကွ ။ မိန်းမယူတယ် ဆိုတာ TV နဲ့ တူတယ် ။ ရည်းစားဘ၀ ကတော့ ဖုန်းလေး ပေါ့ကွာ ။

TVဟာ အိမ်မှာပဲ ကြည့်ချင်တယ် ။ ဖုန်းကတော့ သွားလေရာ မင်းနဲ့ အတူတူ ပါတယ် ။ အိမ်ထောင် ကျရင် မင်းရဲ့ မိန်းမကို အိမ်မှာပဲတွေ့တာ များမယ် ။ TVကြီး မပြီး အပြင် မထွက်ချင် သလို ကိစ္စ တော်တော် များများကို မင်းမိန်းမကို မင်းခေါ်မသွားချင် တော့ဘူး ။

မင်းကောင်မလေး ကျတော့ မင်းသွားလေရာ တကောက်ကောက်နဲ့ ။ တခါတလေ မင်း TV ကြည့်မယ် ။ ဒါပေမယ့် များသော အားဖြင့်တော့ မင်း ဖုန်းပဲ ပွတ်နေမယ် ။

အဲဒီ အတိုင်းပဲ အိမ်ထောင်ကျတဲ့ အခါ တခါတလေ လောက်တော့ မင်းမိန်းမနဲ့ မင်း ကြည်နူးပြီး အချစ် နလံထ မယ် ။ ဒါပေမယ့် မင်းကောင်မလေးနဲ့ ကျတော့ အမြဲတမ်း ဖုန်းဆက်လို့ တမျိုး၊ လူကိုယ်တိုင် တွေ့လို့တမျိုး တသသဖြစ်နေမယ်။

TV က မင်းမသေမချင်း အခမဲ့ ကြည့်လို့ရတဲ့ ရုပ်သံလိုင်းတွေ ရှိမယ် ။ ဒါပေမယ့် ဖုန်းကျတော့ မင်းဘေမထည့်တာနဲ့ ဆားဗစ် ပြတ်တောက်သွား လိမ့်မယ် ။

အိမ်ထောင်ကျတဲ့ ယောက်ျား တယောက်ဟာ ပုံမှန်လေး အလုပ် လုပ်နေရုံနဲ့ မိန်းမ တယောက်နဲ့ အတူ တစ်သက်လုံး နေထိုင်သွား နိုင်တယ် ။ လင်မယား မကွဲဘူး ။

အဲ ... မင်းကောင်မလေး ကျတော့ မင်း လက်ဆောင်လေးတွေ ပုံမှန် ၀ယ်ပေးနေဖို့ ၊ သတိရကြောင်း ပြောဖို့၊ သူနဲ့ ဟိုဟို ဒီဒီသွားဖို့ ဖုန်းဘေ ထည့်သလို မင်းပုံမှန်လေး ပိုက်ဆံ ကုန်နေမှ အဆင်ပြေမယ် ။ အဲဒီလိုမဟုတ်ရင် ဆားဗစ် ဖြတ်ခံထိသလို မင်းတို့ နှစ်ယောက် ပြတ်မယ် ။

အိမ်က TV ကြီးဟာ ကြီးတယ် ။ ငြီးငွေ့ဖို့ ကောင်းတယ် ။ ပုံတုံးတယ် ။ တခါတရံ ဖုန်တွေ တက်နေမယ် ။ အဲ မိုဘိုင်းဖုန်းလေး ကျတော့ ဆလင်းလေ ၊ သွယ်လျမယ် ၊ ကြည့်လို့ ကောင်းမယ် ။

အိမ်ထောင်သည် မိန်းမ နဲ့ အပျို ဆိုတာလဲ အဲ့ဒီ အတိုင်းပဲကွ ။  TV မှာ ရီမုဒ် ပါတယ် ။ မိုဘိုင်းဖုန်းမှာတော့ မပါဘူးကွ ။ အဲဒီလိုမျိုးပဲ .. ရီမုဒ်နဲ့ ထိန်းချုပ် သလို အိမ်ထောင်မှု တာဝန်တွေဟာ မင်းကို ထိန်းချုပ် လိမ့်မယ် ။

သမီးရည်းစား ကျတော့ ကိုယ်လုပ်ချင်မှ လုပ် ၊ မလုပ်လည်း ရတယ် ။ အရေး အကြီးဆုံး အချက်တခု ရှိသေးတယ် ငါ့ညီ ... မိုဘိုင်းဖုန်းဟာ ပြောတာနဲ့ နားထောင်တာ နှစ်မျိုးစလုံး လုပ်လို့ ရတယ် ။ ဒါပေမယ့် TV ဆိုတာမျိုး ကတော့ သူပြောတာချည်း ကိုယ် နားထောင်နေ ရမယ် ။

အေး ... မင်း အိမ်ထောင်ကျရင်လည်း ဒီအတိုင်းပဲ မင်းမိန်းမ စကားကို ချည်း မင်း နားထောင်နေရ တော့မှာပဲ ။ " ဟု ကျနော်ရဲ့ ညီငယ်လေးအား ကျနော် ပြောခဲ့ပါသည် ။

PhyoThuta

No comments

Powered by Blogger.