တနဂ်နွေ သားသမီးများအတွက် ဒီတပတ် ဆောင်ရန် ၊ ရှောင်ရန် များ
တနင်္ဂနွေ သားသမီးတွေဟာ ဒီရက်ပိုင်းမှာ ငွေ အထူး ရွှင်နေ ပါတယ် ။
လူမျိုးခြားတွေနဲ့ တွဲလုပ်တဲ့ အလုပ် တွေက တနင်္ဂနွေ သားသမီးတွေအတွက် အောင်မြင်မှု ရရှိမယ့် အချိန်ကာလပါ ။
ယခု တပတ် လူမှုရေး ၊ စီးပွားရေး ၊ ပညာရေး အောင်မြင် လိုသော ကိစ္စများ အတွက် သောကြာ သားသမီးများနှင့် တိုင်ပင် ဆောင်ရွက်ပါ ။
လုပ်ငန်းထဲမှာ လူရင်း တပည့်ရင်းတွေက သင့်ကို အခက်တွေ့အောင် လုပ်ကိန်း ရှိပါတယ် ။
စကား အမှား တခုကြောင့် သင်နဲ့ ရင်းနှီးတဲ့ မိတ်ရင်း ဆွေရင်းတွေ ဆရာရင်းတွေ သင့်ကို လမ်းခွဲ သွားတတ်လို့ သတိထားပါ ။
ပညာရေး ကိစ္စတွေ မှာလည်း ဒီရက်ပိုင်းမှာ စိတ်ရှုပ်နေတတ် ပါတယ် ။
ကျန်းမာရေး ကတော့ အဆစ် အမြစ် ရောင်တာမျိုးတွေ ၊ ကိုက်ခဲ တာမျိုး တွေသာ ဖြစ်တတ် ပါတယ် ။
အိမ်ထောင်သည်တွေ စကား အချေအတင် များစရာ ရှိပေမယ့် ချစ်သူတွေ အတွက် ကတော့ ကြည်နူးစရာတွေ ပြည့်နေတတ် ပါတယ် ။
လူမှုရေး အတိုက်အခံ များသူများ ။ ။ ရပ်ကွက်ထဲရှိ ခွေးများအား အစာ ကျွေး ပါ ။
ကျန်းမာရေး မကောင်းသူများ ။ ။ ရပ်ထဲ ရွာထဲရှိ သက်ကြီးရွယ်အို များကို ဆေး ၀ါး ဓာတ်စာ လှူပေးပါ ။
ငွေကြေး အကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားရှင်အားယခု ရက်သတ္တပတ်လုံးသောက်တော်ရေနှင့် သစ်သီးဆွမ်း ကပ်လှူ ပူဇော်ပါ။
အလုပ် ရရှိရန် အခက်အခဲ ဖြစ်နေသူများ ။ ။ သင့်အိမ် အနီးတ၀ိုက်တွင် ရှိသော ဘုရားစေတီသို့ သွားကာ စေတီကို သန်ရှင်းရေး ပြုလုပ်ပေးကာ ဆီမီး ပူဇော်ပြီး ကုသိုလ် ပြုပေးပါ ။
ပြည်ပ ထွက်ခွာလိုသူများ ။ ။ သင့်လျှောက်ထားသည့် ပြည်ပကိစ္စသို့သွား ခါနီးတိုင်းမေတ္တာသုတ် ရွတ်ဖတ်ပူဇော်ပေးပါ ။
အိမ်ထောင်ရေး ၊ နှလုံးသားရေး အဆင် မပြေသူများ ။ ။ အိမ်ထဲတွင် ဓာတ်ပုံ အဟောင်းများ ၊ ဓာတ်ဘူးအပျက်များ ရှိနေပါက လွှင့်ပစ် လိုက်ပါ ။
ထီ ကံကောင်းလိုသူများ ။ ။ ကားနှင့် ရောင်းသော ထီဆိုင်တွင် ၆ ၊ ၁ ဖြင့် စသော ဂဏန်းများ ပါသည့် ထီကို ထိုးပေးပါ ။
OpinionLeaderMedia
Post a Comment