Header Ads

တို့နှစ်ယောက် မာနတွေ မထားခဲ့ကြရင် ...


သူလည်း မ​ခေါ် ကိုယ်လည်း​ မ​ခေါ်နဲ့ တို့ နှစ်ယောက် မာန​တွေ အပြိုင်​ ထားခဲ့ကြတာပေါ့ ။ တယောက် ​ကလည်း ​ယောကျာ်း​လေး မာန ၊ တ​ယောက် ​ကလည်း မိန်းခလေး မာန ။

နင်နဲ့ အတူ​တူ ရောက်​ဖူးတဲ့​ နေရာ​လေး​တွေ ​ရောက်​တိုင်း ငါနင့်ကို အရမ်း သတိရ တယ်​ ။ အတူထိုင်​ခဲ့ ဖူးတဲ့ ထိုင်​ခုံ​လေး ၊ အတူတူ သွားခဲ့ကြတဲ့ ​ဆိုင်​​လေး ၊ အရာ အားလုံး မ​ပြောင်းလဲ ​ပေမဲ့ ငါ့ အမြင်​မှာ အထီးကျန် ​လွန်းတယ် ​။

နင့်ကို ဆက်ဖို့ ဆိုပြီး ဖုန်း​လေး ​ကောက်​ကိုင်​မိ​ ​ပေမဲ့ မာန​ကြောင့် မ​ခေါ်ဖြစ်​တဲ့ အချိန်​​တွေ ရှိတယ် ​။ နင့် မျက်​ဝန်း​မှာ အချစ်​ရိပ်​​တွေ​ ​တွေ့​နေ​သေး ​ပေမဲ့ မာန​ကြောင့် စကား မ​ပြောဖြစ်​ခဲ့ ကြတဲ့ အချိန်​​တွေလည်း ရှိတယ်​။

နင် ငါ့ကို ​အဆင်​​ပြေလား ​မေးလာတိုင်း မာန​ကြောင့် အဆင်​​ပြေတာ​ပေါ့ လို့ ​အေးစက်​စက် ​အပြုံး​တွေနဲ့ ငါပြန်​​ဖြေ ရတဲ့ အချိန်​က ငါ ရင်​အနာရ ဆုံးပဲ ချစ်​သူ ။

မာန​ကြောင့် မ​ပြောဖြစ်​ခဲ့​ ​ပေမဲ့ နင်​ ငါ့အနား မရှိတဲ့ ​နေ့ရက်​​တွေမှာ ငါ အရမ်း အထီးကျန်​ လွန်းတယ် ​။ တို့နှစ်ယောက်ရဲ့ အမှတ်​တရ​တွေက နာကျင်​​စေ တယ်​။

ငါတို့​တွေ မရင့်ကျက်​ ​သေးဘူး ထင်​ပါရဲ့ ။ မ​ကောင်းမှန်း သိရက်​နဲ့ ငါတို့ နှစ်​​ယောက်​လုံး မာနကို ခုံမင်​စွာ ဖက်​တွယ်​ထားခဲ့ ကြတယ် ​။

တကယ်​​တော့ ငါတို့ လမ်းခွဲခဲ့တာ မဟုတ်​ပါဘူး လမ်းလွဲခဲ့ကြ တာပါ ။

တကယ်​လို့များ ငါတို့ ရင့်ကျက်​ခဲ့မယ် ​ဆိုရင်​ ....

တကယ်​လို့များ ငါတို့ကြားမှာ မာန​တွေသာ မရှိခဲ့ဘူး ဆိုရင်​ ....

MayShin

No comments

Powered by Blogger.