Header Ads

အတု မဟုတ်ပါ


" ဟယ်​ ... ဟဲ့ ​ကောင်​မ ... ဟို​​ရှေ့က ​ကောင်​မ ကို ကြည့်​စမ်း "

" ဟုတ်​ပ ဟယ်​ ... အတင့်ရဲ လိုက်​တာ "

" အဲဒါ နိုင်​ငံခြား ဒီဇိုင်း အတု ခိုးထားတာ မလား "

" ဟုတ်​တယ်​​လေ ...
ကောင်​မ အရှက်​ကို မရှိဘူး အမျိုးမျိုး လုပ်​ပြ​နေတာ "

" သိပ်​အားယား​နေပုံ ပဲ​နော်
သူ့ကိုယ်​သူ အလှဘုရင်​မကြီး ​ပေါ့​လေ "

" ဟုတ်​ပ့ ​တော်​ ...
အရင် ​တခါလည်း ဖင်​တု တပ်​တယ်​ ဝိုင်း​ပြောလို့ ထုတ်​ပြ​လိုက် ​​သေးတယ်​ မလား "

" ​အေ့​လေ "

" အဲ့ဒါ​ဆို ​သေချာပြီ ​ကောင်​မ​ရေ ...
ဒီတခါလည်း သူ့ကို တယောက်​​ယောက်​က နို့သီး​ခေါင်း အတုလို့ ​ပြောလိုက်​တာ ​နေမယ်​ "

" ဟမ့် .. ငါ​တော့ ကြည့်လို့ကို မရ​တော့ဘူး "

" အိမ်​က ​ယောက်ျားလည်း ဒီပုံကို အွန်​လိုင်းမှာ ကြည့်​နေ​လောက်​ပြီ "

" ​အေး ... ဟုတ်​တယ်​ ငါလည်း ခုမှ သတိရတယ်
ငါ့လင်​ ကိုလည်း အွန်​လိုင်း မတက်​ဖို့ ​ ဖုန်းဆက်​ ​ပြောထား ရမယ်​ "

" ​ကောင်​မ ... တိုးတိုး​ပြော လာ ဟိုနား သွား​ပြောရ​အောင်
တော်​ကြာ ကြားသွားအုံးမယ်​ "

" ဟဲ့ ... ပလုပ်​တုပ်​ ဪ... ​ ​ဖြေး​ဖြေးသွားပါ ​ကောင်​မရယ်
ငါ့ဖင်​တု ​တောင်​ ထွက်​ကျ​တော့မယ်​ "

" ​ကျပ​စေ​တော့ဟယ်​ ... မတတ်​နိုင်​ဘူး ငါ့လင်​ ဒီ​ကောင်​မပုံကို မမြင်​ဖို့ အ​ရေးကြီးတယ်​ "

" အွန့်​ "

ထိုစဉ်​ အမျိုးသမီးထုကြီး ချီတက်​လာကြ​လေ​​တော့ သတည်း ... ။

အံ့သြဘ ...

SeinThaung

No comments

Powered by Blogger.