Header Ads

အချစ်လမ်းခရီး ခိုင်မြဲလိုသူတိုင်း လိုက်နာသင့်တဲ့ အချက် (4) ချက်


တချို့ချစ်သူ စုံတွဲတွေဟာ အချိန်အကြာကြီး လက်တွဲနိုင်ကြ ပေမယ့် တချို့တွေရဲ့ ချစ်ခရီးလမ်း ကတော့ ခဏပဲ ကြာပြီး ပြတ်စဲသွားကြ ပါတယ် ။ ရေရှည် လက်တွဲ ဖြစ်တဲ့ စုံတွဲတွေ ကြားမှာ သူများနဲ့ မတူတဲ့ အချက်တွေ ရှိပါတယ် ။

ကိုယ့်ချစ်သူနဲ့ ရေရှည် လက်တွဲ ခိုင်မြဲချင်တယ် ဆိုရင်တော့ လိုက်နာသင့်တဲ့ အချက်လေးတွေ ရှိပါတယ် ။ ဒီအချက်တွေကို လိုက်နာမယ် ဆိုရင်တော့ ချစ်သူတွေ ကြားမှာ နားလည်မှု လွဲတဲ့ ဖြစ်ရပ်မျိုးတွေ ကနေ ရှောင်လွှဲနိုင်မှာ ဖြစ်ပါတယ်။

1) ပွင့်ပွင့် လင်းလင်း ဆွေးနွေးပါ

ကိုယ့်ရဲ့ ချစ်သူနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆို ဆက်ဆံ တတ်တဲ့ အကျင့်မျိုး ကိုလည်း တွေ့ရတတ် ပါတယ် ။ တယောက် စကားကို တယောက် နားထောင်ပေး တတ်တဲ့ အကျင့် ကိုလည်း မွေးမြူပေးသင့် ပါတယ် ။

ပွင့်ပွင့် လင်းလင်း ပြောဆို ဆက်ဆံ နေတဲ့ လူနှစ်ဦးရဲ့ ကြားမှာ နားလည်မှု လွဲတယ် ဆိုတဲ့ အခြေအနေမျိုး  ရောက်လာဖို့ ဆိုတာဟာ ဖြစ်နိုင်ခဲ ပါတယ် ။

ဖြစ်လာမယ့် ပြဿနာတွေကို ကြိုတင် ကာကွယ် ထားနိုင်တဲ့ အကောင်းဆုံး နည်းလမ်းပါ ။ နှစ်ဦးကြား ဆက်ဆံရေး ပွင့်လင်း နေဖို့ အတွက် လုပ်ရမယ့် အချက်ကတော့ မေးခွန်းတွေ မေးပါ ။ မျက်လုံးချင်း eye contact ရှိပါ ။ တစ်ခုခုကို ပြောဖို့ ဘယ်တော့မှ မတုံ့နှေးပါနဲ့ ။

2) ပြဿနာတွေကို ဖြေရှင်းပါ

ချစ်သူ စုံတွဲ တွေဟာ နေ့တိုင်း လိုလို ပြဿနာ တွေနဲ့ ရင်ဆိုင် ရတတ် ပါတယ် ။ ပြသနာ သေးသေးလေးတွေက အစ အကြီးကြီးတွေ အဆုံး တနေ့ တမျိုး မရိုးအောင် ကြုံရတတ် ပါတယ် ။

ဒါလေးက အသေးအဖွဲ့လေးပါ ဆိုပြီး မဖြေရှင်းပဲ မျိုသိပ် ထား တာတွေ များလာ ရင်တော့ အဲ့ဒီတွေက ကြာလာရင် စုံတွဲတွေရဲ့ ချစ်ဇာတ်လမ်း ကို အဆုံးသတ် သွားစေနိုင်တဲ့ အထိ အခြေအနေ ပြင်းထန် သွားတတ် ပါတယ် ။

ချစ်ခရီးလမ်း ခိုင်မြဲတဲ့ စုံတွဲတွေမှာ ဆိုရင်တော့ ဘယ်တော့ မဆို ပြဿနာ သေးသေးလေးက အစ အတူတူ ဖြေရှင်းတာ ၊ သူ့ပြဿနာ ၊ ကိုယ့်ပြဿနာ တွေကို အတူ ဝေမျှ ပေးတဲ့ အမူအကျင့် တွေကို တွေ့ရတတ် ပါတယ် ။

3) ရိုမန်တစ် ဆန်ဆန်လေးတွေ ဖန်တီးပေးပါ

ခိုင်မြဲတဲ့ ချစ်သူတွေ ကြားမှာ လိုအပ်နေတဲ့ တခြားအချက် တခု ကတော့ ရိုမန့်တစ် ဆန်တဲ့ အခိုက်အတန့်မျိုးလေးတွေ ဖန်တီးပေးပါ ။

ဘယ်လောက်ပဲ ရိုမန်တစ် မဆန်တတ် ပါဘူး ဆိုတဲ့ သူပဲ ဖြစ်ပါစေ ၊ ကိုယ့်ချစ်သူနဲ့တော့ တခါတလေ မှာကြည်နူးစရာ ကောင်းတဲ့ ရိုမန်တစ် ဆန်တဲ့ အခိုက်အတန့်လေး တွေကို အတူတူ ကုန်ဆုံးချင်တဲ့ စိတ်ရှိပါတယ်။

ဥပမာ ... သူနှစ်သက်တဲ့ လက်ဆောင် သေးသေးလေးတွေကို Surprise လုပ်ပေးတာမျိုး ၊ နှစ်ယောက်တည်း အတူ ပျော်ပွဲစား ထွက်တာမျိုး အဲ့ဒီလို မျိုးလေးတွေ လုပ်ပေးပါ ။ နှစ်ယောက်ထဲ အတူ အေးဆေး ရှိေ နတဲ့ အချိန်လေးတွေကို ဖန်တီးပေးပါ။

4) ကတိစကားတွေ ထားပါ

ချစ်သူတွေ ကြားမှာ ဒါကလည်း အရေးကြီးတဲ့ အချက် တချက်ပါ ။ တယောက်နဲ့ တယောက်ကြားမှာ ကတိတွေ ထားတာမျိုး လုပ်ပေးဖို့ လိုပါတယ် ။ ထားခဲ့တဲ့ ကတိတွေ ကိုလည်း ပြန်အမှတ်ရ နေဖို့ မကြာခဏ ပြန်ပြောပေးတာ တွေလည်း လုပ်ပေးဖို့ လိုပါတယ် ။

နည်းနည်းတော့ ကလေး ဆန်တဲ့ အပြုအမှုလို့ ထင်ကောင်း ထင်ပေမယ့် လုပ်ပေးဖို့ လိုပါတယ် ။

ဥပမာ .. တယောက်နဲ့ တယောက် သစ္စာ ရှိကြေး ဆိုတဲ့ ကတိမျိုးပါ ။ ဒီလို ကတိမျိုးကို အပြန်အလှန် သတိပေးခြင်းအားဖြင့် သစ္စာပျက်ပြားမယ့် အခြေအနေ တချို့ကို ရှောင်နိုင် ပါလိမ့်မယ် ။

( ဒါပေမယ့် ဖောက် ပြန်ချင်တဲ့သူ ကတော့ ဖောက်ပြန်တတ်တာပဲမို့ ဒါကတော့ ချွင်းချက်ပါ ။)

Nilar

No comments

Powered by Blogger.