ကိုယ်နဲ့ ထိုက်တန်ရင်တော့ ကိုယ့်ဆီပဲ ရောက်လာမှာပါ
ကိုယ် အရမ်းချစ်ရတဲ့သူကို ဆုံးရူံးရမှာ ကြောက်နေလား ??
မကြောက်ပါနဲ့ ... ။ ကိုယ့်ကိုယ်ကိုသာ အကောင်းဆုံး ထိုက်တန်သူ ဖြစ်ပါစေ .... ကိုယ့်ဆီ ရောက်လာမှာပါ ။
ကိုယ် အရမ်းတန်ဖိုးထားရ သူက ကိုယ့်ကို ရှင်ကွဲ ကွဲထားခဲ့မှာ ကြောက်နေလား ??
မကြောက်ပါနဲ့ ... ။ ကိုယ်က အရမ်းကြီး မျှော်လင့် ထားရင် အများကြီး နာကျင် ခံစားရတတ်ပီး ကိုယ်နဲ့ ထိုက်တန်သူ ဆိုရင် ဘယ်လိုပဲ မောင်းထုတ် မောင်းထုတ် ကိုယ့်အနားက ထွက်သွားနိုင်မှာ မဟုတ်ဘူးလေ ။
တချို့သော အရာတွေ အပေါ်မှာ မျှော်လင့်ချက် သိပ်မထားပါနဲ့ ။
ဘာဖြစ်လို့လဲ ဆိုတော့ မျှော်လင့်တဲ့ အတိုင်း ဖြစ် မလာတာ ရှိတတ်သလို ကိုယ်နဲ့ တကယ် ထိုက်တန်ပီ ဆိုရင် မျှော်လင့် မထားလည်း ဘယ်လောက်ပဲ ဝေးဝေး ကိုယ့်ဆီ ရောက်လာမှာ သေချာပါတယ် ။
မျှော်လင့်ချက် ဆိုတာက လူတယောက် အတွက် အသက် ဖြစ်တယ်လို့ ဆိုပေမယ့် မဖြစ်နိုင်တာကို မျှော်လင့်မိ ရင်လည်း အသက်ပါ မက ဘဝပါ စုတ်ပြတ် သွားနိုင် ပါတယ် ။
တချို့ အရာတွေက လိုက်နေရင် ပိုဝေးတတ်ပီး မလိုချင် တော့မှ ကိုယ့်ဆီ ရောက်လာတာ မျိုးလည်း ရှိတတ်ပါတယ် ။
အရာ အားလုံး အပေါ်မှာ သင့်တင့်တဲ့ မျှော်လင့်ချက် ထားနိုင်မှ မဖြစ်နိုင်တဲ့ အခါ ဖြေသာရာ ရပြီး အေးချမ်းပါလိမ့်မယ် ။
Credit
Post a Comment