Header Ads

ဆရာဧကရာဇ်မင်းရဲ့ ခုနှစ်ရက် သားသမီး ဟောစာတမ်း (15.07.2018) မှ (21.07.2018) ထိ


ပုထုဇဉ် ဖြစ်တဲ့ လူသားတစ်ဦးပီပီ ကိုယ်လျှောက်ရမယ့် ခရီးရှည်ကြီးဟာ ကြမ်းမလား ၊ လန်းမလား စဉ်းစားကြည့်ကြမှာပါ ၊ (အပျက်) ကိုမှု စဉ်းစားသူ မရှိသလောက် နည်းမည် ထင်ပါသည် ။ တကယ်မှာ မနက်ဖြန် ရွှေထုပ်ကြီး ရမည် ဟူသော (အဖြစ်) တရားထက်.. မနက်ဖြန် (ငွေ) ကျပျောက်မည် ဆိုသော (အပျက်) တရားက ပို၍ အရေးကြီးကြောင်း.....

(တနင်္ဂနွေ) သားသမီးများအတွက် အဟော

ဘာကြောင့်ပဲ ဖြစ်ဖြစ် စိတ်မညစ်ပါနှင့် ဆက်လုပ်ပါ ။ အဆင်ပြေနေလျက်က ဘာဖြစ်မှန်းကို အဖြေ ရှာမရဘဲ အနှောင့်အယှက် အတိုက်အခံ တွေကြားမှာ ပြဿနာ တစ်ပုံတစ်ခေါင်းနှင့် ရှုပ်ထွေးနေ ရတတ်ပါသည် ။ ပေါ်ပင်လုပ်ငန်း ၊ စွန့်စားလုပ်ကိုင်ရသော စီးပွားရေး လုပ်ငန်းကြောင့် ငွေကြေး ဆုံးရှုံးရမှု များတတ်သည် ။

အယုံသွင်း လိမ်ညာခြင်း သတိထားရှောင်းပါ ။ ပြောစကား ဆိုစကား အရာမဝင် ဖြစ်တတ်၍ ငြင်းခုံပြောဆိုခြင်းကို ဆင်ခြင်သင့်သည် ။ ငယ်ရွယ်သူများ လုပ်ဖော်ကိုင်ဖက်ထဲမှ တစ်ယောက်ကို ချစ်မိ၍ ပြဿနာ ရှင်းရတတ်သည် ။

ရင်ခုန်စရာတွေ နည်းပါးသော်လည်း ရင်တုန်စရာတွေ ဆက်တိုက်တွေကြုံရမည် ။ အိမ်ထောင်ရှင်များ လူမှုရေး ကိစ္စများအတွက် ငွေကြေး သုံးစွဲကုန်ကျမှု များပြားနေတတ်သည် ။ စိတ်ချယုံကြည် အားကိုးရသော အိမ်ထောင်ဖက် ဖြစ်နေမည် ။

ယတြာ ။ ။ မေတ္တာ ဘာဝနာ စီးဖျန်းပါ ။

(တနလာင်္) သားသမီးများအတွက် အဟော

ဘဝဆိုတာ အလုပ်ပဲလို့ စိတ်ထဲ ထင်မှတ်လောက်အောင် အလုပ်တွင် ပျော်ရွှင်နေမည် ။ ရပ်တန့်ထားရသည်များ ပြန်လည် စတင်နိုင်မည် ။ အတိုက်အခံ ကျော်လွှာနိုင်မည် ။ စီးပွားရေးတွင် ကုန်စည်သစ် ၊ ဈေးကွက်သစ်များ အမြတ်အစွန်း ရရှိမည် ။

မတော်တဆ ထိခိုက်မှုများ သတိထားပါ ။ အနာတရ ကြီးမားစွာ မရနိုင်သော်လည်း အလုပ်အကိုင် ဖင့်နှေးရတတ်သည် ။ ငယ်ရွယ်သူများ အချစ်တွေ များနေ၍ လိုက်လံဖြေရှင်းနေရမည် ။ ဆရာမိဘတို့၏ အပြစ်တင် ရှုတ်ချမှုခံရမည် ။

အိမ်ထောင်ရှင်များ သူတစ်ပါး သားမယား ၊ သားလင်အပေါ် တပ်မက်နှစ်သက်စိတ် လွန်ကဲနေတတ်သည် ။ စိတ်အလိုလိုက်မိပါက ဒုက္ခအကြီးအကျယ် ရောက်တတ်သည် ။

ယတြာ ။ ။ ဈေးထဲမှ ငါးအရှင်ကို ကိုယ်တိုင်ဝယ် ၊ ကိုယ်တိုင် ရေထဲလွှတ်ပြီး ဆုတောင်းပါ ။

(အင်္ဂါ) သားသမီးများအတွက် အဟော

ခရီး သွားလာရမှု များသောကြောင့် ငွေကုန်များမည် ။ ရည်ရွယ်ချက်များ ၊ ရည်မှန်းချက် လုပ်ဆောင်ချက်များလည်း မသိမသာ ချွတ်ချော် နေတတ်သည် ။ သူတစ်ပါးပြောသည်ကို အလွယ်တကူ ယုံကြည်ခြင်း ၊ သူတစ်ပါးအပေါ် ယုံကြည်စိတ်လွန်ကဲခြင်းကြောင့် အလိမ်ခံရတတ်သည် ။

ရန်သူက မိတ်ဆွေဖြစ်လိုက် ၊ မိတ်ဆွေက ရန်သူဖြစ်လိုက်နှင့် ကမောက်ကမတွေ ဖြစ်နေတတ်သည် ။ ငယ်ရွယ်သူများ ယောင်ချာချာ ဖြစ်နေတတ်သည် ။ စကားပြောကောင်းသူကို ရှောင်ပါ ၊ မရှောင်နိုင်ပါက ဒုက္ခပွေတတ်ပါသည် ။

အိမ်ထောင်ရှင်များ နီးတကျက်ကျက် ဝေးတသက်သက် လွမ်းနေရမည် ။ အိမ်ထောင်မှု တာဝန်ဝတ္တရားများအတွက် စိတ်ဖိစီးမှု များပြားနေတတ်သည် ။

ယတြာ ။ ။ မိမိဝန်းကျင်ရှိ နီးစပ်ရာ လူကြီးသူမတို့အား ဆီးဖျော်ရည် တတ်နိုင်သလောက် လှူဒါန်းလိုက်ပါ ။

(ဗုဒ္ဓဟူး) သားသမီးများအတွက် အဟော

မှန်းတိုင်းပေါက် လှမ်းတိုင်းရောက်၍ ဂုဏ်သိက္ခာ ၊ စည်းစိမ်ဥစ္စာများ တိုးပွားနေမည် ။ လုပ်ငန်းကိစ္စ အမျိုးမျိုးအား ဆောင်ရွက်ရန်အတွက် အခွင့်အရေးသစ်များ တွေ့ကြုံ ပေါ်ပေါက်လာမည် ။ အရာရာကို အလိုမကျဖြစ်နေသော မိမိ၏ စိတ်ကိုလည်း အတတ်နိုင်ဆုံး အေးအေးထားပါ ။

မြန်မြန်ဆုံးဖြတ် ၊ မြန်မြန်လုပ်ကိုင်တတ်ခြင်းကြောင့် အမှားများနှင့် ရင်ဆိုင်ရတတ်သည် ။ ဦးခေါင်းကိုက်ခဲမှု ရောဂါဝေဒနာနှင့် လေထိုးလေအောင့် သတိပြုပါ ။ ငယ်ရွယ်သူများ အချစ်ရေးကံ တိုးတက်လန်းဆန်း နေမည် ၊ စိတ်သဘောထား တိုက်ဆိုင်မှု ညီညွတ်နေမည် ။

အိမ်ထောင်ရှင်များ အတိုက်အခံ ရှိသော်လည်း ပြန်လည် သင့်မြတ်နေမည် ။ အစအစ အလိုက်တသိ တာဝန်ကျေနေမည် ။

ယတြာ ။ ။ နှင်းဆီအနီ သုံးပွင့်ဝယ်ပြီး လမ်းမှာ ချပြီး နင်းချေပစ်လိုက်ပါ ၊ ငါ့ဒဏ် နင့်ခံဟုလည်း ပြောခဲ့ပါ ။

(ကြာသပတေး) သားသမီးများအတွက် အဟော

ငါတကားကား မာနလွှားပြီး ပြုထား ၊ ပြောထားခဲ့သည်များ ခုမှ အမှားသဖွယ် ကိုယ်ထံ ရောက်လာနေမည် ။ မိမိကြံစည် ကြိုးပမ်းမှုများ ပြည့်ဝအောင်မြင်မှုများ ရှိသော်လည်း စိတ်ပင်ပန်းမှုများ ယှဉ်တွဲနေမည် ။ မထင်မှတ်သော အပြောင်းအလဲများလည်း ဖြစ်တတ်သည် ။

ဝန်ထမ်း ဖြစ်ပါက မိမိအပြောကြောင့် တစ်ဖက်လူ၏ အငြိုးအတေးပြုခြင်း ခံရတတ်သည်ကို အထူးသတိထားပါ ။ ငယ်ရွယ်သူများ အချစ်ရေးတွင် နောက်ပြောင် ကျီစယ်ရာမှ မထင်မှတ်ဘဲ စကားများ အမုန်းပွားရတတ်သည် ။ ကြားလူ နှောင့်ယှက်မှုကြောင့် အဆုံးသတ် ပြီးဆုံးမူဖြစ်စဉ်များ ရင်ဆိုင်ရတတ်သည် ။

အိမ်ထောင်ရှင်များ ငွေရေးကြေးရေး ကိစ္စများကြောင့် တင်မာမှုများ ကြုံမည် ။ တော်ကြောင်း တတ်ကြောင်း ဂုဏ်ပြိုင်ရာမှ စကားများရတတ်သည် ။ ယတြာ ။ ။ မြတ်ဘုရားကို လျှပ်စစ်မီး သုံးနာရီကြာ ပူဇော်ပါ ။

(သောကြာ) သားသမီးများအတွက် အဟော

အမြင့်တက် အမှည့်စား ရနိုးနိုးဖြင့် ခုန်တက်သူများ အမြင့်ရောက်လေလေ ဒုက္ခဝေလေလေ ဖြစ်နေမည် ။ အလွတ်သဘော ပြောတဲ့စကား ၊ နားလည်းမှုအရ ထိုးတဲ့ လက်မှတ်များကို အထူးသတိထားပါ ၊ ဘဝပျက်လုနီးပါး ပြဿနှင့် ရင်ဆိုင်ရတတ်သည် ။

ပြဿနာ ဖန်တီး ပုံဖော်လိုသော သံမဏိ စိတ်ဓာတ်များအတွက် အမှားအယွင်း တွေ့ကြုံရတတ်သည် ။ မိတ်ကောင်းဆွေကောင်းနှင့် အကြီးအကဲ တစ်စုံတစ်ရာကြောင့် အကြံအစည်များ လာဘ်ပွင့်မည် ။ ငယ်ရွယ်သူများ ကံကောင်းသော အချစ်အားအင်များဖြင့် အနာဂါတ်ကို ဖြတ်ကျော်နိုင်မည် ။

တကွဲတပြားစီ နေရသော မိမိချစ်သူနှင့် အနေနီးရတော့မည် ။ အိမ်ထောင်ရှင်များ ချစ်လွန်း၍ အထင်သေးမှာ စိုးရိမ်နေမိမည် ။ အိမ်ထောင်ဖက်၏ မေတ္တာကို နားလည်ပါလျက် စိတ်က တခြားကို ညွတ်နေမိတာမျိုး ဖြစ်တတ်သည် ။

ယတြာ ။ ။ နံ့သားဖြင့် ဘုရားပူဇော်ပါ ။

(စနေ) သားသမီးများအတွက် အဟော

အလုပ်အကိုင် ၊ နေရာဒေသ ပြောင်းလဲလိုစိတ် ဖြစ်လာတတ်သည် ။ ပြောင်းလည်း ပြောင်းလဲရတတ်သည် ။ အထင်ကြီးအောင် ကြွားဝါမှုကို ရှောင်ပါ ။ ညီအစ်ကို မောင်နှမ ဆွေမျိုးသားချင်းကို အရောမဝင်ပါနှင့် ၊ ပုံမှန်ပဲ ဆက်ဆံပါ ။ ကိုယ့်လူ သူဘက်သားဖြစ်ကာ ပြဿနာ ကြုံရတတ်သည် ။

အတိုက်အခံကြောင့် ဘဝတောက်ပြောင် သွားတတ်သလို ၊ အတိုက်အခံကြောင့် ဘဝနစ်မြှပ် သွားရတတ်သည် ။ မိတ်ဆွေယောင် ဆောင်တတ်သူများကို သတိထားပါ ။ ငယ်ရွယ်သူများ ဆွေမျိုးသားချင်း တော်စပ်သူ ၊ အလုပ်ခွင်တူသူ တို့နှင့် မဖြစ်သင့်တာဖြစ်ပြီး ဂုဏ်သိက္ခာ ကျဆင်းတတ်သည် ။

အိမ်ထောင်ရှင်များ စည်းကမ်း မရှိမှုနှင့် ပစ်စလက်ခတ် နေထိုင်မှုများအတွက် စိတ်ရှုပ်ရမည် ။ သားသမီးတို့ ပညာရေးအတွက် စိတ်တိုင်းမကျ ၊ ငွေကုန်များမည် ။

ယတြာ ။ ။ ဒန်သလွန်ရွက်ကို ဟင်းချိုချက်ပြီး ဆွမ်းလောင်ပါ ။

-------------------

မိမိတို့ရဲ့ မိတ်ဆွေ သူငယ်ချင်းများကို ဖတ်ရှုစေချင်ရင် (like and share) လုပ်ပေးခြင်းဖြင့် ကူညီပါ မျှဝေပေးကြပါခင်ဗျာ ။

သင်တို့၏ အကျိုးကို လိုလားသော
🔯ဆရာဧကရာဇ်မင်း🔯 (တဲရော့ ၊ ဗေဒ ၊ လက္ခဏာ)

No comments

Powered by Blogger.