Header Ads

ချစ်သူမိန်းကလေးကို တကယ်ချစ်တယ်ရင် ဒီ (78) ချက်ထဲက သင်ဘယ်လောက် လုပ်နိုင်သလဲ..


💓💓💑

1) သူမကို အနိုင်မကျင့် ပါနဲ့...

2) facebook password ကို သူမကို ပြောပြပါ...

3) သူမကို မရက်စက်ပါနဲ့...

4) စိတ်ထိခိုက်အောင် မလုပ်ပါနဲ့...

5) မညာပါနဲ့...

6) မရိုက်ပါနဲ့...

7) တစ်ခုခုနဲ့ ကောက်ပေါက်တာမျိုး မလုပ်ပါနဲ့..

8) သူမ ဖုန်းကို မချပစ်ပါနဲ့....

9) အသံကျယ်နဲ့  အော်ပီး သူမကို စကားမပြောပါနဲ့...

10) သူမ စိတ်မကောင်းဖြစ်အောင် မလုပ်ပါနဲ့...

11) သူမအတွက် အနှောင့်အယှက် ဖြစ်မဲ့အရာတွေ သူမနဲ့ အတူ မရှိပါစေနဲ့...

12) မလုပ်ချင်တဲ့ အရာကို အတင်း မခိုင်းပါနဲ့...

13) ရည်းစားဟောင်း မိန်းကလေးနဲ့ သူမကို နှိုင်းပီး မပြောဆိုပါနဲ့...

14) မလုပ်တတ်တဲ့ အရာကို အပြစ်မပြောပါနဲ့...

15) သူမ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာတွေကို မကျွေးပါနဲ့...

16) တခြားတစ်ယောက်က သူမထက် ပိုတော် ပိုကောင်းတယ် လို့ မပြောပါနဲ့...

17) ချိန်းတွေ့တဲ့ အခါ.. သူမထက် စောစောရောက်ပါစေ...

18) ချိန်းတွေ့တဲ့ နေရာမှာ သူမကို စောင့်ရတာ အရမ်းကြာလို့ ပြန်သွားတာမျိုး မလုပ်ပါနဲ့...

19) သူမနဲ့ အတူတူ အဖော်ပြု လည်ပတ်ပေးတဲ့အခါ... အချိန် မရှိဘူးလို့ မပြောပါနဲ့... သူမ သွားချင်တဲ့နေရာကို ရွေးချယ်ပါစေ...

20) အချိန်တိုင်း သူမကို သတိရပါစေ....

21) သူမ ကလေးဆန်တဲ့ အခါ အဖော်ပြုပေးပါ...

22) နေမကောင်းတဲ့ အခါ သတိတရ ဆေးတိုက်ပါ...

23) သူမ ဖုန်းဆက်ရင် ဆက်ဆက် ကိုင်ပါ...

24) နေမကောင်းတဲ့ အခါ သူမဘေးမှာ နေပေးပါ...

25) ၀မ်းနည်းစရာနဲ့ သူမ ကြုံတဲ့အခါ... နှစ်သိမ့်ပေးပါ

26) သူမ ငိုတဲ့အခါ... နွေးထွေးစွာ ဖက်ထားပါ..

27) သူမ မွေးနေ့ရောက်တဲ့ အခါ.. ပထမဆုံး သူမကို ပျော်ရွှင်စေသူ ဖြစ်ပါစေ...

28) သူမကို ပြောတဲ့အတိုင်း ကတိတည်ပါ...

29) ဟန်းဖုန်းကို သူမကို ကြည့်ခွင့်ပေးပါ...

30) ကိစ္စရှိလို့ သူမ ခေါ်တဲ့အခါ... သွားနိုင်အောင် ကြိုးစားပါ...

31) ညဘက် ဖုန်းပိတ်မထားပါနဲ့...

32) နေ့တိုင်း သူမကို ဖုန်းဆက်ပေးပါ....

33) online ပေါ်ရောက်တဲ့အခါ... သူမ ရှိမရှိ အရင် သတိပြုပါ...

34) တနေရာကို သူမ တစ်ယောက်ထဲ သွားတဲ့အခါ... သူမကို ဖုန်းဆက်ပြီး သတိထား သွားဖို့ ပြောဆိုပါ...

35) သူမ ကြိုက်ရင် ၀ယ်ပါစေ...

36) သူမကို သေချာ စောင့်ရှောက်ပါ... နေမကောင်း မဖြစ်ပါစေနဲ့..

37) သူမရဲ့ ဖုန်းနံပါတ်ကို ဖုန်းနံပါတ် စာရင်းထဲမှာ နံပါတ် ၁ ရှိပါစေ....

38) သူမနဲ့ စိတ်တူကိုယ်တူ ရှိပါစေ...

39) သူမ မက်ဆေ့ခ်ျ ပို့ရင် ချက်ခြင်း ပြန်ပါ....

40) သူငယ်ချင်းတွေရဲ့ ရှေ့မှာ သူမကို မျက်နှာသာပေးပါ...

41) လမ်းအတူတူ သွားတဲ့အခါ သူမရဲ့ ဘယ်ဘက်မှာ နေပေးပါ...

42) အေးတဲ့ ရာသီမှာ သူမရဲ့ လက်ကလေး တွေကို နွေးထွေးစွာ ဆုပ်ကိုင်ထားပေးပါ...

43) လမ်းသွားတဲ့ အချိန်မှာ သူမလက်ကို မြဲမြဲကိုင်ထားပါ... မလွှတ်လိုက်ပါနဲ့...

44) လမ်းကူးတဲ့အခါ... သူမလက်ကို တင်းကြပ်စွာ ကိုင်ထားပေးပါ...

45) သူမနဲ့ အတူတူ ဈေးဝယ်ထွက်တဲ့ အခါ ပင်ပန်းလိုက်တာလို့ မပြောပါနဲ့...

46) ဈေးဝယ်ထွက်ရင် ပစ္စည်း ကူသယ်ပေးပါ...

47) အထိမ်းအမှတ် နေ့တွေမှာ အမှတ်တရ လက်ဆောင်ပေးပါ...

48) သူမ ဆာလောင်တဲ့အခါ... သူမနဲ့ အတူတူ စားသောက်ပေးပါ...

49) ရန်ဖြစ်ရင် အရင်ဆုံး တောင်းပန်ပါ....

50) ချစ်သူသက်တမ်း ဘယ်လောက် ကြာပါစေ... အချစ်တွေ အမြဲ သစ်လွင် လန်းဆန်း နေပါစေ...

51) အန္တရာယ် ရှိရင် သူမကို မခိုင်းပါနဲ့...

52) မိုးရွာရင်... သူမကို ထီးဆောင်းပေးပါ...

53) သူမရဲ့ အကြိုက်ကို မှတ်ထားပေးပါ...

54) ပျော်ရွှင်တဲ့အခါ သူမနဲ့ အတူ မျှဝေခံစားပါ...

55) ၀မ်းနည်းစရာ ရှိရင် သူမကို အသိပေး တိုင်ပင်ပြောဆိုပါ...

56) သူငယ်ချင်း အားလုံးကို သူမနဲ့ မိတ်ဆက်ပေးပါ...

57) သူမကို ရယ်မော ပျော်ရွှင်အောင် ထားပါ...

58) ပြောတဲ့အတိုင်း လုပ်ပါ...

59) တတ်နိုင်ရင် ဟင်းချက်သင်ပီး သူမကို ကျွေးပါ....


60) သူမကို ယုံကြည်ပေးပါ...

61) အမြင် သဘောထားချင်း မကြာမကြာ ဖလှယ်ပါ

62) သူမအိပ်တဲ့အခါ စောင်ခြုံပီး နွေးထွေးအောင် လုပ်ပေးပါ....

63) သူမရဲ့ အတိတ်ကို နားလည်ပေးပါ...

64) သူမအတွက် လုံခြုံမှု ရှိပါစေ...

65) သူမ စိတ်ဆိုးတဲ့အခါ ပျော်ရွှင်အောင် နှစ်သိမ့်ပြောဆိုပါ...

66) သူမ အလိုရှိတာကို အတတ်နိုင်ဆုံး ကြိုးစားပေးပါ...

67) တခြားမိန်းကလေး တစ်ယောက်ကို ၃ စက္ကန့်ထက် ပိုမကြည့်ပါနဲ့... မကြည့်တာ အကောင်းဆုံးပါပဲ...

68) အိမ်ပြန်တဲ့အခါ သူမကို အိမ်ဝအထိ လိုက်ပို့ပေးပါ...

69) သူမ အိမ်ပေါ်ရောက်မှ ပြန်ပါ...

70) အိမ်ပြန်ပို့ပေးတဲ့အခါ ကောင်းသောညပါ လို့ နှုတ်ဆက်ဖို့ မမေ့ပါနဲ့...

71) သူမ လုပ်တဲ့အရာကို ကူညီလုပ်ပေးပါ... သပ်သပ်ရပ်ရပ် ကူညီ လုပ်ဆောင်ပေးပါ...

72) စားကောင်းတဲ့ အစာကို သူမကို ကျွေးဖို့ သတိရပါ...

73) မနက် အိပ်ရာထဖို့ သူမကို နှိုးပေးပါ...

74) သူမ အိပ်ရာထခဲ့ရင် သွားတိုက် မျက်နှာသစ်ဖို့ အဆင်သင့် ပြင်ထားပေးပါ...

75) မနက်စာ ၀ယ်ကျွေးပါ...

76) သူမ အိပ်ရာ မထချင်ဘူး ဆိုရင်... မနက်စာကို ကိုယ်တိုင် ခွံ့ကျွေးပါ...

77) ဘ၀မှာ သူမကို အရေးကြီးဆုံး နေရာမှာထားပါ...

78) သူမဟာ သင့်ကြောင့် ကံအကောင်းဆုံး မိန်းကလေး ဖြစ်ပါစေ...

ကဲ... သင်ကော ဒီအထဲက ဘယ်နှချက် လုပ်နိုင်နေပီလဲ…😉

credit မူရင်း

No comments

Powered by Blogger.