Header Ads

သင့်အချစ်ရေး အနှုတ်ပြနေတဲ့ အချက် (13) ချက်


သင့်ရဲ့ အချစ်ရေးဟာ ငြီးငွေ့ဖွယ် ကောင်းနေပီလား။ ပျော်စရာ ရှာလို့ကို မရနိုင်တော့ ဘူးလား။

အောက်မှာ ဖော်ပြထားတဲ့ အချက် (၁၃) ချက်က သင့် အချစ်ရေးဟာ လုံးဝ အနုတ် လက္ခဏာ ဖြစ်နေပီမို့ စွန့်လွှတ်သင့်ပီ ဆိုတဲ့ အကြောင်း ပြောပြပေး နေပါတယ်။

1) တစ်ယောက်ကို တစ်ယောက် တွေ့ဖို့ထက် ခွဲနေတာကမှ ပိုအဆင်ပြေ သေးတယ်။ တွေ့လိုက်တိုင်း ပြသနာချည်း တက်နေမယ့် အစားပေါ့။

2) နှစ်ယောက်သား စိတ်ဝင်စားတဲ့ အကြောင်းအရာချင်း မတူညီတာကြောင့် အဲ့ဒါနဲ့ ပတ်သက်ပြီး ပြသနာတွေ ခဏခဏ တက်ရတယ်။ ပြသနာ တွေက ပိုပို နည်းမသွားပဲ တဖြည်းဖြည်း အခြေအနေ ပိုဆိုး လာတယ်။

3) တစ်စုံတစ်ရာကြောင့် မတွဲချင်ပဲ ဆက်တွဲ နေရတယ်။ ငွေကြောင့်၊ အခြားကိစ္စ တစ်ခုခုကြောင့်။

4) သူ့ဆီကို သွားလည်ဖို့၊ သူ့ အိမ်ကို သွားလည်တာမျိုးတွေ မလုပ်ချင် တော့ဘူး။

5) နှစ်ဦးသား ရယ်ရယ် မောမောနဲ့ စကားတွေ ပြောခဲ့တာ ဘယ်တုန်းကပါလိမ့်။ မနည်းကို စဉ်းစားနေရပြီ။

6) နှစ်ဦးထဲက တစ်ဦးက အထိန်းချုပ် ခံနေရတယ်။ တစ်ယောက်ကတော့ ဦးဆောင် ထိန်းချုပ်ချင်တဲ့ စိတ် အပြည့် ဖြစ်နေတယ်။

7) စကား ပြောတဲ့အခါ အေးစက်စက်တွေ ဖြစ်လာတယ်။

8) ကိစ္စ တစ်ခုကို အရေးတကြီး မတွေးတော့ဘူး။ ဘာဖြစ်ဖြစ် ရတယ် ဆိုပီး အဆင်ပြေသလို ပြောဆို လိုက်တယ်။ နှစ်ဦးသား တစ်ဦးနဲ့တစ်ဦး ထိတွေ့၊ နမ်းရှိုက်တာ မျိုးတွေလည်း နည်းသွားပြီ။

9) တခုခု လုပ်လိုက်တိုင်း အပြောခံ နေရတာကို မုန်းလာပြီ။ ကိုယ့်ဘက်မှာ ဘယ်တော့မှ မရှိတဲ့အပြင် အပြစ်တင်၊ ဝေဖန်ပြီး ယုံကြည်မှု ကင်းမဲ့အောင် အလုပ်ခံနေရပါလား လို့ပဲ တွေးနေမိတယ်။

10) အရင်တုန်းက ရည်းစားဟောင်း၊ ပတ်သက်ခဲ့ဖူးတဲ့ သူဆီက sms ၀င်လာတာ၊ ဖုန်းလာတာက ခု လက်ရှိ ရည်းစားဆီက ဖုန်းလာတာထက် ပို ရင်ခုန်စရာ ကောင်းနေတယ်။

11) တစ်ခြားလူလည်း ဘယ်သူမှ မရှိလို့ သူ့ကို တွဲနေရတာဆိုပြီး ခံစားလာမိပြီ။

12) ပြသနာ တက်တိုင်းလည်း အော်ကြီး ဟစ်ကျယ်တွေ ဖြစ်တတ်လာတယ်။ အပြစ် အနာအဆာတွေ ထောက်ပြပြီး ခါးခါးသီးသီးတွေ ပြောဆို လာတတ်တယ်။

13) ပြသနာတွေ တက်တိုင်း သူငယ်ချင်းတွေ၊ မိသားစုဝင် တွေပါ စိတ်ရှုပ်ရတယ်။ အားလုံးကလည်း နှစ်ယောက် စလုံးကို လမ်းခွဲကြဖို့တောင် တိုက်တွန်းလာတဲ့ အထိပဲ။

အဲလို အဖြစ်အပျက်တွေနဲ့ ကြုံနေရပီ ဆိုရင်တော့ အချစ်ရေးမှာ အနှုတ် လက္ခဏာတွေ ပြနေပြီ ဆိုတဲ့ သဘောကို နားလည်ထားဖို့ လိုပါတယ်နော်။

credit

No comments

Powered by Blogger.