Header Ads

တနင်္လာ သားသမီးများအတွက် ဒီတစ်ပတ် ဆောင်ရန် ရှောင်ရန်များ


ယခု တစ်ပတ် သင့်ရဲ့ ကံတရားက သင့်ဘာသာရေး လုပ်ဆောင်မှုနဲ့ တိုက်ရိုက် သက်ဆိုင်နေသလို အဆိုးအကောင်းကလည်း ဒီအပေါ်မှာ မူတည်နေတဲ့ အတွက် သတိထားနေဖို့ လိုပါတယ်။ ဘာလုပ်လုပ် ဘာသာရေး အခြေခံပြီး မမေ့မလျော့ လုပ်တာ အကောင်းဆုံး ပါဘဲ။

ယခု တစ်ပတ် ပညာရေး၊ လူမှု ရေး၊ စီးပွားရေးအတွက် သောကြာ သားသမီးတွေကို တိုင်ပင်တာ အကောင်းဆုံးပါဘဲ။ စပ်တူ ကိစ္စတွေ ၊စာချုပ်စာတမ်း အလုပ်တွေကတော့ မလုပ်ပါနဲ့ဦး။ ကံတရားက ကောင်းကံ ဆိုးကံ ရှိနေလို့ လုပ်ငန်းသစ်၊ နေရာသစ် စတာတွေ မလုပ်သေးတာ ကောင်းပါတယ်။

ဒီရက်ပိုင်း အလှူ မင်္ဂလာ လုပ်ရကိန်း ရှိနေသလို ငွေအပါအ၀င် တခြား ဘာမှ ဘယ်သူကို မှ အာမခံမပေးတာ သင့်အတွက် အကောင်းဆုံးပါ။ ကျန်းမာရေး ကတော့ ဆေးရုံ ဆေးခန်းမြင် ရသလို ပညာရေးကတော့ တစ်ပြိုင်နက် ဘာမှ မစီစဉ် ပါနဲ့။ တစ်ခုပြီးမှ တစ်ခုသာ လုပ်သင့်ပါ တယ်။

အိမ်ထောင်ရှင်များ အကျီစား သန်လို့ စကားများ တတ်ပေမယ့် ချစ်သူတွေ အတွက် သတင်းကောင်းတွေနဲ့ ပျော်ရွှင်စရာ အချိန်ပါ။

ငွေကြေး အကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားရှင်အား ကံ့ကော်ပန်းဖြင့် ကပ်လှူ ပူဇော်ကာ ရှင်သီဝလိ ဂါထာဖြင့် နေ့စဉ် ဘုရားရှင်အား ရွတ်ဖတ် ပူဇော်ပါ။

ပြည်ပ ထွက်ခွာလိုသူများ။ ။ အရပ်ထဲ လမ်းထဲ ဆွမ်းခံကြွလာသည့် ရဟန်း သံဃာများအား ထီး/ဖိနပ် လှူပေးပါ။

အလုပ်ရရှိရန် အခက်အခဲ ဖြစ်နေသူများ။ ။ဘုရားစေတီရှိ သောကြာထောင့် အရပ်တွင် သန့်ရှင်းရေး လုပ်ပြီး ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ရွတ်ဖတ်ပူဇော်ပေး ပါ။

အိမ်ထောင်ရေး ၊နှလုံးသားရေး အဆင်မပြေသူများ။ ။ မိမိ ရည်ရွယ်သောသူ အတွက် ဘုရားတွင် ရွှေသင်္ကန်း ကပ်လှူကာ မေတ္တာပို့ပေးပါ။

လူမှုရေး အတိုက်အခံ များသူများ။ ။လမ်းသွားတိုင်း၊ အစား စားသည့်အခါတိုင်း မစားမီ သံမ္ဗုဒ္ဓေဂါထာကို ရွတ်ဖတ်ပြီးမှ သွားပါ စားပါ။

ကျန်းမာရေး မကောင်းသူများ ။ ။ တနင်္လာနံ ခို၊ကျီးစသော သတ္တ၀ါများကို သီးသန့်အစာကျွေးပေးပါ။

ထီကံကောင်း လိုသူများ။ ။ ထီဆိုင်တွင် ၂/ ၆ ဂဏန်း များများပါသည့် ထီနံပါတ်ကို ရှာထိုးပါ။

Opinionleadersmedia

No comments

Powered by Blogger.