Header Ads

ချစ်ရတဲ့ ချစ်သူကောင်ကလေး သိစေဖို့


သင်ဟာ ကောင်မလေး တယောက်ဆီ က " ရှင့်ကို ချစ်ပါတယ် " လို့ အဖြေစကား ကြားခဲ့ရပြီ ဆိုရင် .... သူမ ရဲ့ ဘဝ တခုလုံးစာ အတွက် သင့်ကို ရွေးချယ် မျှော်လင့်မိသွား ခဲ့လို့ပါ ။

သင်က မချမ်းသာသော်လည်း ၊ သင်က ပညာမတတ်သော်လည်း ၊ သင်က ရုပ်မချော သော်လည်း ၊ သင်က ရာထူး ဂုဏ် မကြီးသော်လည်းပဲ ၊ သူမ ရဲ့ ပတ်ဝန်းကျင် နဲ့ သင့်ရဲ့ပတ်ဝန်းကျင် အသိုင်းအဝိုင်း တို့မှာ လူသိရှင်ကြား သင့်လက်ကို ဂုဏ်ယူစွာ တွဲပြ လိုတဲ့ ဆန္ဒမျိုး တကယ် ချစ်တတ် သွားတဲ့ မိန်းခလေး တိုင်းမှာ ရှိပါတယ် ။

တကယ်လို့သာ သူမက အချက် အပြုတ်နဲ့ အိမ်မှု ကိစ္စ တွေမှာ ဝါသနာ မပါခဲ့ရင် ဖြစ်ပါစေ ၊ မကျွမ်းကျင်ခဲ့ရင်ဖြစ်ပါစေ ၊ သင့်တယောက် အတွက် ကို တော့ စိုးရိမ်ပူပန်စွာ နှင့် ပြုစု လုပ်ကိုင် ပေးလို စိတ် တွေဟာ တကယ် ချစ်တတ်သွားတဲ့ မိန်းခလေး တိုင်းမှာ ရှိပါတယ် ။

သူမရဲ့ ဘေးနားမှာ ဘယ်လောက်ပဲ ဂရုစိုက်တဲ့ သူတွေ ဝိုင်းဝိုင်းလည်နေ ပါစေ ၊ သင့်ကို တကယ်ချစ်တဲ့ သူမ က သင့်တယောက်ထဲ ရဲ့ ဂရုစိုက်မှု ကိုသာ မျှော်လင့်နေတတ်တာပါ ။

တကယ်လို့သာ သင့်ဆီက ဂရုစိုက်မှုကိုသာ မရခဲ့ရင် ဘယ်သူတွေက ဘယ်လောက် ဂရုစိုက်နေပါစေ ၊ သူမ ဝမ်းနည်း အားငယ်နေ တတ်တယ် ဆိုတာ သင်သတိရပေးပါ ။

သူမရဲ့ ဘဝ မှာ ဘယ်လောက်ပဲ အခက်အခဲ စိတ်ပျက် အားငယ်စရာတွေ ကြုံတွေ့နေခဲ့ ရပါစေ ၊ သူမ ချစ်ရတဲ့ သင့်ရဲ့ နွေးထွေးတဲ့ အားပေးနှစ်သိမ့်မှု နဲ့ အတူ အရာအားလုံးကို သူမ ရင်ဆိုင်ဖြတ်သန်း သွားနိုင်ပါလိမ့်မယ် ။

တကယ် ချစ်တတ်တဲ့ မိန်းခလေးတိုင်းက အသက်အရွယ် ကြီးတာ ငယ်တာ နှင့်မဆိုင် ပညာ အရည်အချင်း ၊ အလုပ် ရာထူးတွေနဲ့ မဆိုင် သူမ ချစ်ရတဲ့ သင့်အပေါ်မှာတော့ ဆိုးနွဲ့ ဗိုလ်ကျ အနိုင်ယူ ချင် တတ်ပါတယ် ။

သင်နောက်ထပ် သိထားရမှာက မိန်းခလေးတိုင်းက တကယ် ချစ်မိသွားပြီ ဆိုရင် တယောက်ဆို တယောက် တဘဝလုံးစာ လေးနက်စွာ နဲ့ သစ္စာထား လက်တွဲ သွားဖို့ကိုသာ မျှော်လင့်ကြ ပါတယ် ။

တကယ်လို့သာ မိန်းခလေး တယောက်က သင့်ကို တကယ် ချစ်မိသွားပြီ ဆိုရင် သင် နဲ့ သူမ ရဲ့ အသိုင်းအဝိုင်း နဲ့ ဘဝ အခြေအနေ က ဘယ်လိုမှ မအပ်စပ် မသင့်တော်ပဲ ဖြစ် နေပါစေ ... သူမ က ဂရုစိုက်တော့ မှာ မဟုတ်ပါဘူး ။

သင်နဲ့ ဝေးဖို့ အကြောင်းကို သူမ က ဘယ်လိုမှ တွေးတော့မှာ မဟုတ်ပါဘူး ။ အခြေအနေ အကြောင်းအရာ အားလုံးကို မျက်စိ စုံမှိတ်ကာ သင့် လက် ကို တွဲခွင့်ရဖို့သာ သူမ က မျှော်လင့်နေတော့ မှာပါ ။

( ဒီစာကို ဖတ်ပြီးသွားရင် ကိုယ်သိစေချင်တဲ့ ကိုယ့်ချစ်သူ ကောင်လေးတွေကို မန်းရှင်းခေါ်လိုက်ကြ ရအောင်လား )

Credit

No comments

Powered by Blogger.