အိမ်ထောင်တစ်ခု ထူထောင်တော့မယ်ဆို
လူတယောက်ကို ချစ်လို့ လက်ထပ်တော့မယ်ဆို့ သူ့ကို ငါချစ်ရဲ့လား သူ့ရဲ့အဝေးမှာ နေနိုင်ပါ့မလား လို့ တွေးရမှာ မဟုတ်ဘူး။ သူ့နားမှာ ငါတစ်သက်လုံး နေနိုင်ပါ့မလား လို့ တွေးရမှာပါ။
တစ်ချို့တွေက ချစ်သူဘဝမှာ အဆင်ပြေသလောက် အိမ်ထောင်ရေးမှာ အဆင်မပြေကြဘူး ကံမကောင်းတတ်ကြဘူး။ တစ်ချို့တွေ ကျတော့လည်း အချစ်ရေးမှာ အဆင်မပြေ ပေမယ့်လည်း အိမ်ထောင်ရေးမှာ ကံကောင်း သွားတတ်ကြတယ်။
ချစ်သူဘဝက တကယ့်ကို ပေါ့ပေါ့ပါးပါးပဲလေ.. အဆင်ပြေကြမှာပေါ့။ ဒါတောင် အားလုံး အဆင်ပြေကြတာ မဟုတ်ဘူး။
နောက်တစ်ခု.. ချစ်သူ ဘဝမှာတောင်မှ အဆင်မပြေပဲ စိတ်ဆင်းရဲ နေရရင် သူ့ကို ငါ့လက်ထဲရောက်မှ ပြုပြင်ယူမယ် ဆိုတဲ့ အတွေးမျိုးတွေးတဲ့သူတွေ အများစုက ဦးနှောက်မရှိတာ့ မိုက်ရူးရဲ ဆန်တာလို့ပဲ မြင်တယ် ။
လူတစ်ယောက်ရဲ့အကျင့်ကို ပြုပြင်ယူလို့ ရရင်ရမယ်၊ လူတစ်ယောက်ရဲ့ ဗီဇကိုတော့ ပြုပြင်ယူလို့ မရဘူး။ ချစ်သူ ဘဝမှာတော့ ချစ်တယ် ချစ်တယ်ပြောရင် ပြည့်စုံနေပီလေ။ ဘဝထဲမှာတော့ ချစ်တယ် ချစ်တယ့့် ပြောနေလို့ မရတော့ဘူး။
ချစ်သူဘဝက ပေါ့ပေါ့ပါးပါးပဲလေ အဆင်ပြေကြမှာပေါ့။ အိမ်ထောင်တစ်ခု ထူထောင်ပီဆို နှစ်ဖက်အသိုင်းအဝိုင်း ပါလာပီ။ ချစ်သူ ဘဝမှာ ကိုယ်မမြင်နိုင်တဲ့ သူ့ရဲ့အကျင့် တစ်ချို့တစ်လေကို တကယ့် အနီးကပ်နေကြည့်မှ ကိုယ်လက်မခံနိုင်တဲ့ သူ့ရဲ့အကျင့်တွေကို တွေ့မြင်လာမယ်။
ညှိနှိုင်းလို့ ရတဲ့ ကိစ္စတွေ ရှိပေမယ့် တစ်ချို့ ကိစ္စတွေက ညှိနှိုင်းယူလို့ မရတဲ့ ဟာတွေ ရှိတယ်။ ကိုယ်သည်းခံနိုင်တဲ့ အရာဆို ဘာမှမဖြစ်ဘူး။ ကိုယ် ဘယ်လိုမှ သည်းမခံနိုင်တဲ့ အရာဆို့ ဘဝတစ်လျှောက်လုံးသွားပီလေ။
ဒါကြောင့် အိမ်ထောင်တစ်ခု ထူထောင်တော့မယ်ဆို လေ့လာပါ ဆန်းစစ်ပါ။ ပီးတော့ သူ့ရဲ့အဝေးမှာ နေနိုင်ပါ့မလားလို့ မတွေးပါနဲ့ ( ဘယ်လောက် ချစ်ချစ် ဝေးခဲ့ရင် နေလို့ရပါတယ် ) သူ့နားမှာ တစ်သက်လုံး ငါနေနိုင်ပါ့မလား လို့ပဲ တွေးပါ။
ပြီးစလွယ် မိုက်ရူးရဲ မဆန်ကြပါနဲ့ လို့ ကိုယ်တကယ် ချစ်တဲ့သူနဲ့မှ အိမ်ထောင်ပြုတာ အကောင်းဆုံးပါပဲ့ ( တကယ်ချစ်မှ သည်းခံနိုင်မှာလေ ) တကယ်ချစ်မှ အိမ်ထောင် ထူထောင်ကြပါလို့။ အရမ်းချစ်လို့ သူဘာလုပ်လုပ် ခွင့်လွှတ်ပီးသား ဆိုတဲ့ သူတွေကို မပြောဘူး။
လူတိုင်း လူတိုင်း ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတွေ့ ပိုင်ဆိုင်နိုင်ကြပါစေ့။
ချစ်ခြင်းမေတ္တာများဖြင့်
NADI KONNCHO
Post a Comment