မေ့ပစ်လိုက်ပါ...
သူပြစ်သွား လို့ လား ...
အားမငယ်ပါနဲ့ ။ ဖြစ်သင့်လို့ ဖြစ်သွားတာပါ ။ ဖြစ်နိုင်လို့ ဖြစ်သွားတာပါ ။
အိပ်လို့ မပျော်တာလား ...
အဲ့ဒီ မကောင်းတဲ့ အတွေးတွေကို တတ်နိုင်သလောက် ထုတ်ပစ် ။ ပျော်စရာ အတွေးတွေ နဲ့ပဲ အိပ်စက်ပါ ။
ခံစားနေရ တာလား ...
ပြန်မလာတော့မယ့် အတူ မေ့ပစ်လိုက်ပါ ။ မျှော်စရာလည်း မလိုတော့ပါဘူး ။
လွမ်းနေတာလား ...
အဲ့ဒီ အလွမ်းသီချင်းတွေကို ဖျက်ပလိုက် ။ စိတ်ကို မြူးကြွစေမယ့် သီချင်းတွေကိုပဲ ရွေး နားထောင်ပါ ။
ခံပျင်း နေတာလား ...
ခံစားချက်တွေကို စာအုပ်ပေါ်မှာ ချရေးလိုက် ။ ဒါမှမဟုတ် သူငယ်ချင်းတွေကို ဖုန်းဆက်ပြီး ရင်ဖွင့်ပါ ။ စိတ်ပေါ့သွားတဲ့ အထိပေါ့ ။
ကျနေတဲ့ မျက်ရည်တွေကို သုတ်လိုက်ပါ ။ မတန်ပါဘူး ။ မချစ်တော့လို့ ပစ်သွားတာကို ငိုကြွေးစရာ မလိုတော့ ပါဘူး ။
လွယ်လွယ် မေ့ပစ်ဖို့ မလွယ်ပေမယ့် ကြိုးစားရင် တစ်ဖြေးဖြေး မေ့သွားမှာပါ ။ အချိန်ဆိုတာ လူတိုင်းအတွက် အားဆေး တခွက်ပါ ။ အချစ်တွေ၊ အလွမ်းတွေ ၊ သံယောဇဉ်တွေ အားလုံးကို အချိန်က အနိုင်ယူထား ပါတယ် ။
ကိုယ်လျှောက်မဲ့ လမ်းမှာ သူမပါတော့ ပေမယ့် ကိုယ့်အနာဂါတ် လှပဖို့ အတွက် ဒီနေ့ ကိုယ်ပျော်နေဖို့ လိုတယ် ။ ဒီနေ့ ကိုယ်ခွန်အားတွေ ရှိဖို့ လိုတယ် ။
ကိုယ်ရဲ့ အချစ်ကို သူ ရခဲ့ပေမယ့် ကိုယ်ရဲ့စိတ်ကိုပါ ပေးဖို့ မလိုပါဘူး ။ ပစ်သွားတဲ့ လူတယောက်ကို စိတ်ပါနေဖို့လည်း မလိုတော့ပါဘူး ။ ကိုယ့်စိတ်ပင်ပန်း လွန်းတယ် ။ စိတ်ပူရ လွန်းတယ် ။ စိတ်မချ ဖြစ်လွန်းတယ် ။ ကိုယ့်ရဲ့ စိတ်ကို ကိုယ်ဒုက္ခပေးသလို ဖြစ်နေတယ် ။
တယောက်ထဲ မနေပါနဲ့ ။ တွေဝေ စိတ်တွေ ပိုများ ပါတယ် ။ အိမ်မှာ နေရင် မိဘတွေနဲ့ စကားပြောပါ ။ မောင်နှမတွေနဲ့ စကားပြောပါ ။
စာတွေ ဖတ်ပါ ။ အလွမ်းကဗျာတွေ မဖတ်နဲ့ ။ ကိုယ့်ကို စိတ်ဖြေသိမ့် မှုပေးစေမယ့် စာတွေ ရွေးဖတ်ပါ ။
အခန်းထဲမှာ နေရတာ ပိုပြီး နာကျင်ရ ပါတယ် ။ ထွက်ပေါက်တွေ ပိတ်ကျနေသလို ပါပဲ ။
အပြင်ကို သွားပါ ။ လေကောင်း လေသန့်လွေတွေကို ရှူပါ ။ ကိုယ့်အကြိုက်ဆုံး ပစ္စည်းတွေ သွားဝယ်ပါ။ အကြိုက်ဆုံး အစားအစာတွေ ဝယ်စားပါ ။
အပေါင်းအသင်းတွေနဲ့ နေပါ ။ အပေါင်းအသင်းတွေဟာ ကိုယ့်ကို ပျော်အောင် စနောက် တတ်တယ် ။ ကိုယ့်ကို နှစ်သိမ့်မှုတွေ ပေးနိုင်တယ် ။ ကိုယ့်ကို ပိုဂရုစိုက်ပေးနိုင်တယ် ။ ကိုယ့်ကို အချိန်တွေ ပေးပြီး ကုသပေးနိုင်တယ်လေ ။
တဖြေးဖြေး နေတတ်လာပြီလား ... တစ်ဖြေးဖြေး မေ့ပစ်နိုင်လာပြီးလား ... အဲ့တာဆို ပြတ်သားနိုင် ပါပြီး သူပြန်လာခဲ့ ရင်တောင် လုံးဝကို လက်မခံ ပါနဲ့တော့ ... အားနာတာတွေ သနားတာတွေကြောင့် ကိုယ်ပြန်မျောသွားနိုင် ပါတယ် ... ကိုယ့်ရင်ခွင် တံခါးကို တခါနင်းချိုး ပြီးရင် နောက်တခါ နင်းချိုးဖို့ကို သူ ဝံ့လေးမှာ မဟုတ်ဘူး ။
လူ့ဘဝဟာ တိုတိုလေးပါ ... နေတတ်သလို နေပါ ပျော်သလို နေပါ ။ ဖြစ်ချင်တာထက် ဖြစ်သင့် သလို နေလိုက်ရင် အရာရာတိုင်းဟာ ပုံမှန် ပြန်ဖြစ်သွား မှာပါ ။ မေ့နိုင်ကြ ပါစေ ။
တိုက်ဆိုင်သူသို့ .....
Credit
Post a Comment