အသက်အရွယ်က စကားပြောတယ်
" အဘ ဘယ်သွားမလို့လဲ "
" ဟိုဘက်ရွာ "
" ဒါဆို အတူတူ သွားကြတာပေါ့ "
" အေး "
" ဟိုဘက်ရွာကို ဘာသွားလုပ် မှာလဲ အဘ "
" အငြိမ့်ပွဲ ကမယ် ပြောလို့ သွားကြည့်တာ "
" ဟင် ... ကျနော်သာ အဘ အရွယ်ဆို အငြိမ့် မကြည့်တော့ဘူး "
အဖိုးအိုက ဘာမှ ပြန်မပြောဘူး ။ ခဏနေတော့ အဖိုးအိုက ပုလင်းတလုံး ထုတ်ပြီး မော့သောက်တယ် ။
" ဘာတွေလဲ အဘ "
" အရက် "
" ဟင် ... ကျနော်သာ အဘအရွယ်ဆို အရက် မသောက်တော့ဘူး "
အဖိုးအိုက ဘာမှ ပြန်မပြောဘူး ။ ခဏနေတော့ အပင်တပင် အောက်မှာ ခရီး တထောက် နားကြတယ် ။ လူငယ်လေးက အပင်ပေါ် မော့ကြည့်ပြီး ပြောတယ် ... ။
" ဟာ အဘ ၊ သရက်သီး တွေ ဗျ "
" ဟုတ်တယ် ၊ ဒီအပင်က အသီးက တော်တော် ကောင်းတာ ၊ ငါတို့ ငယ်ငယ်က ခူးစားနေကြကွ "
" စားချင်တယ်ဗျာ "
" ငါသာ မင်းအရွယ်ဆို အပင်ပေါ် တက်ခူးတယ် "
ဆိုတော့ လူငယ်လေးလည်း မခံချင်ဖြစ်ပြီး အပင်ပေါ် တက်ခူး ပါလေရော ။
ခူးပြီးလို့ ပြန်ဆင်းတော့ မဆင်းတတ်တော့ဘူး ... ။
" အဘ လုပ်ပါအုံး ၊ ဒီ ဂွကြား ကနေ ဆက် မဆင်းတတ် တော့ဘူး "
" ငါသာ မင်းအရွယ်ဆို အဲဒီ ဂွကြားကနေ ခုန်ချတယ် "
ဒါနဲ့ အဟုတ်မှတ်ပြီး ခုန်ချလိုက်တာ ခြေထောက်နှစ်ချောင်း သွင်သွင် ကျိုးပါလေရော..
" အား ... ကျိုးပြီ အဘရေ "
" ကျိုးမှာပေါ့ ဒီလောက် အမြင့်ကြီးက ခုန်ချတာ "
" ဗျာ ... ခုနပြောတော့ ကျနော့် အရွယ်သာဆို အဘ ခုန်ချတယ် ဆို "
" အေးလေ ... ငါ မင်းတို့ အရွယ်တုန်းက ဒီအပင်က နိမ့်နိမ့်လေး ကိုးကွ "
" ဂျာ ... "
Apple
Post a Comment