ဘ၀အတွက် သင်ခန်းစာ
❆❦
တစ်ရက်မှာ ဆရာမ ဖြစ်သူက ကျောက်သင်ပုန်းပေါ်မှာ ၉ အလီကို ချရေးလိုက်တယ်...
၉ x ၁ = ၇ ⛔️
၉ x ၂ = ၁၈
၉ x ၃ = ၂၇
၉ x ၄ = ၃၆
၉ x ၅ = ၄၅
၉ x ၆ = ၅၄
၉ x ၇ = ၆၃
၉ x ၈ = ၇၂
၉ x ၉ = ၈၁
၉ x ၁ဝ = ၉ဝ
ရေးလည်း ပြီးရော ဆရာမက ကျောင်းသားတွေကို ကြည့်လိုက်တယ်၊
သူတို့ ဆရာမကို ဝိုင်းလှောင်ကြတယ်။ ဟားတိုက် ရယ်မောကြတယ်၊ ဝေဖန်ကဲ့ရဲ့ ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမဆုံး ၉ အလီက မှားနေလို့ပါ။ အဲ့ဒီမှာ ဆရာမလုပ်သူက အခုလို ပြောပါတယ်❗️
တပည့်တို့ ဆရာမက ပထမဆုံး အလီကို ရည်ရွယ်ချက် ရှိရှိနဲ့ တမင်မှားအောင် ရေးခဲ့တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ငါ့တပည့်တွေကို သိပ်အရေးကြီးတဲ့ သင်ခန်းစာတစ်ခု ပေးချင်လို့ပါ❗️
အဲ့ဒါ ဘာလဲဆိုတော့ တစ်နေ့မှာ ပြင်ပကမ္ဘာကြီးကနေ တပည့်တို့ကို ဘယ်လို ပြုမူဆက်ဆံမယ် ဆိုတာ အခု သင်ခန်းစာလေးကနေ တပည့်တို့ သိနိုင်ပါတယ်❗️ ဆရာမ ကိုးနှစ်လီကနေ ကိုးဆယ်လီအထိ မှန်အောင် ရေးနိုင်ပါတယ်။ ဒါပေမဲ့ ငါ့တပည့်တို့ ဆရာမကို အဲ့ဒီအတွက် အသိအမှတ် မပြုပါဘူး❗️
ငါ့တပည့်တွေက ဆရာမ မှားသွားတဲ့ တစ်ကြိမ်ကိုပဲ လှောင်ပြောင်ရယ်မော ကြပါတယ်။ ဆရာမ မှားသွားတဲ့ တစ်ကြိမ်တည်းကိုပဲ ဝိုင်းဝန်းဝေဖန် ထိုးနှက်ကြပါတယ်❗️
ဒါဟာ ငါ့တပည့်တွေအတွက် သင်ခန်းစာပါပဲ။ ကမ္ဘာကြီးက ငါ့တပည့်တွေ အကြိမ်များစွာ ပြုလုပ်ခဲ့တဲ့ ကောင်းတဲ့ကိစ္စ မှန်သမျှကို ချီးကျူးဂုဏ်ပြုဖို့ မသိကျိုးကျွံပြု နေနိုင်သော်လည်း❗️
ငါ့တပည့်တွေ တစ်ကြိမ်ပဲ ပြုလုပ်ဖူးတဲ့ မကောင်းတဲ့ ကိစ္စတစ်ခုကိုတော့ ဝိုင်းဝန်းဝေဖန် ထိုးနှက်ဖို့ အစဉ်အမြဲ အသင့် ရှိနေကြတယ် ဆိုတာ ကိုပါ။
Credit - Original Uploader
(Inspiring stuff ရဲ့ photo ကို အင်္ဂလိပ်မှ မြန်မာသို့ ဆီလျော်အောင် ဘာသာပြန်ဆို ထားတာဖြစ်ပါတယ်)
Post a Comment