မိန်းမတယောက် မှီခိုအားထားရာ ဖြစ်ဖို့
သင် အမျိုးသမီး တယောက် မှီခိုအားထားရာ ဖြစ်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာသိရင် သင်လည်း သူမကို မှီခိုအားထားဖို့ ဘယ်လောက်လိုလဲ သိလာပါလိမ့်မယ် ။
ကျမ နေမကောင်းဖြစ်ရင် ၊ မလုံမခြုံ ခံစားရရင် ကျမက သေးငယ်ပြီး အထိအခိုက် မခံနိုင်သလို ခံစားရတယ် ။ အဲဒီ အချိန်မျိုးမှာ ကျမ မှီခို ချင်တယ် ။ ကျမ အပြုအစု ခံချင်တယ် ။ ကျမ အကာအကွယ် လိုချင်တယ် ။
အဲဒီအချိန်မှာ ကျမယောက်ျား ရင်ခွင်ထဲမှာမှီခို နေရတာလောက် ၊ သူ ထွေးပွေ့ထားတာ ခံရတာလောက် ဘာမှ စိတ်ကျေနပ်မှု မပေးနိုင် ပါဘူး ။
သူ ကျမကို အဲဒီလို ထွေးပွေ့ထားရင် လုံခြုံမှုကို ခံစားရပြီး သက်သက် သာသာ ရှိပါတယ် ။ အကုန် အဆင်ပြေသွားတဲ့ အတိုင်းပါပဲ ။
အဲဒီလိုမျိုး ထွေးပွေ့ခံရပြီးရင် ကျမဟာ အလွန် တော်ပြီး သန်မာတဲ့ မိန်းမ တဦး ဖြစ်လာတယ် ။ ကလေးတွေကို ပြုစု ပျိုးထောင် ပေးမယ် ။ အိမ်ကို သန့်သန့် ရှင်းရှင်း ထားမယ် ။ ကျမ ကျွမ်းကျင်တဲ့ အလုပ်ထဲ မှာလည်း ယုံကြည်မှူ ပိုရှိလာ ပါတယ် ။
ဘယ်လောက်ပဲ စိတ်ဓာတ် ခိုင်မာသူ၊ ယုံကြည်သူ ဖြစ်ဖြစ် တခါတလေမှာ ဝမ်းနည်းပြီး သေးငယ်နေသလို ခံစားရပါတယ် ။ ကျမတို့ အားလုံးပါ ။ အဲဒီအချိန်မှာ ကျမတို့ရဲ့ ဖူးစာဖက်က ကျမတို့ကို ကာကွယ်ပေးနိုင်တဲ့ နေရာတခု ၊ စွမ်းအင် ပြန်ပြီး ပေးနိုင်တဲ့ နေရာတခုပါပဲ ။
ကျမ ယောက်ျားကလည်း သူလိုအပ်တဲ့ အချိန်ကျရင် ကျမ ရင်ခွင်ထဲ နေချင်တာ ပါပဲ ။ အဲဒီလို အချိန်မျိုးဆို ကျမက သူ့ကို ချစ်ပေးမယ် ။ ကြင်နာပေးမယ် ။ သူ နေမကောင်းရင် ပြုစုပေး ပါမယ် ။ သူကြောက်တဲ့ အချိန်ကျ နားထောင် အားပေး ပါမယ် ။
အဲဒီလို သေးငယ်ပြီး အထိအခိုက် မခံသလို ခံစားရတာ ပုံမှန်ပါပဲ ။ ကျမတို့ အားလုံးဟာ စွမ်းအားပြည့် ၊ ယုံကြည်မှုပြည့် အမြဲ ဖြစ်မနေပါဘူး ။ အဲဒီလို အထိအခိုက် မခံတတ်တဲ့ အချိန်တွေ အကြောင်း ထုတ်ပြောဖို့ကိုပဲ အားအင်တွေ အများကြီး လိုပါတယ် ။
အဲဒါကြောင့် အဲဒီလို ကြောက်ရွံ့ အားငယ်နေတဲ့ အခါမျိုးမှာ တင်းမထား ပါနဲ့ ။ သင့်ရဲ့ ချစ်သူကို သင့်ကို အားပေးခွင့် ပေးလိုက်ပါ ။ ငိုချင်ရင် ငိုချလိုက်ပါ ။ ကြောက်စိတ်နဲ့ ဖိအားတွေ ပျောက်သွား ပါလိမ့်မယ် ။
သင်က အမှီခို ခံနေရတာ ၊ ပွေ့ဖက်ပေးနေ ရတဲ့ လူဆိုရင်တော့ ဘာမှ မပြောပဲ တင်းတင်း ဖက်ထားတာက စကားလုံးတွေထက် အဓိပ္ပါယ် ပိုရှိပါတယ် ။
စကာပြောချင်ရင် နူးညံ့တဲ့ စကားလေသံနဲ့ " ကို ဒီမှာ ရှိပါတယ် " " အဆင်ပြေပါတယ် " " အကုန်အဆင်ပြေသွားမှာပါ " ဆိုတာလေးတွေ ပြောပေးပါ ။ အထိအခိုက် မခံတာ ၊ အားငယ်နေတာကို သတ္တိမွေးပြီး ထုတ်ပြောဖို့ လိုပါတယ် ။
မပြောရင်၊ တင်းထားရင် အဲဒီ အားငယ်စိတ်တွေ ဟာ မသိစိတ် တစ်နေရာမှာ စုပုံပြီး တaန့မှာ ပွင့်ထွက်ကုန်ပါ လိမ့်မယ် ။ တနေ့ထက်တနေ့ အားငယ်စိတ် ပိုပို ကြီးလာပါလိမ့်မယ် ။ နောက်ဆုံး အရှိန်အဟုန်နဲ့ ပွင့်ထွက် ကုန်ပါလိမ့်မယ် ။
ကြောက်ရွံ့ အားငယ်တတ်တာ သဘာဝပါ ။ သင် တယောက်ထဲ မဟုတ်ပါဘူး ၊ လူတိုင်းပါ ။ သင်က သင့်ရဲ့ အားနည်းချက်ကို ထုတ်ပြလိုက်တာဟာ သင့်ချစ်သူကို သင့် စိတ်ထားတခုလုံး မြင်အောင် ပြလိုက်တာပါပဲ ။
သင်ဟာ သန်မာပေမယ့် အားငယ်တတ်တယ် ။ အဲဒါ လူပါပဲ ။ အဲဒါကြောင့် သင့်ရဲ့ အားငယ်မှုတွေ၊ သင့်ရဲ့ ကြောက်ရွံ့မှု မလုံခြုံမှု၊ အားလုံးကို ထုတ်ပြ လိုက်ပါ ။ သင့်ချစ်သူ ရင်ခွင်ထဲ မှီခို လိုက်ပါ ။ သင် မှီခိုလေလေ ၊ သင့်စွမ်းအား သင့်ဆီ ပြန်ရောက်ဖို့ မြန်လေလေ ပါပဲ ။
Gentlemen
Post a Comment