ကိုယ့်ချစ်သူ စိတ်မပျက်စေဖို့ သိထားသင့်တဲ့ အချက်များ
ချစ်သူ ရည်းစားတွေ ကြားမှာ ပြဿနာ ဖြစ်နိုင်စရာ အကြောင်းတွေကို ချရေးမယ် ဆိုရင် အဆုံးမရှိတဲ့ စာရင်းတခု ဖြစ်သွားပါ လိမ့်မယ် ။ ဒါပေမယ့် သင့် ချစ်သူနဲ့ ပြဿနာ ကြီးကြီး မားမား မဖြစ်အောင် ရှောင်လွှဲ နိုင်မယ့် နည်းလမ်း တခုတော့ ရှိပါတယ် ။
သူမရဲ့ အရင် ရည်းစားဆီ ကနေ ပညာယူဖို့ပဲ ဖြစ်ပါတယ် ။ သင်လုပ်ရမှာက သေချာ နားထောင် မှတ်သားထားဖို့ ပါပဲ ။ သင့်ချစ်သူက သူမရဲ့ အရင် ရည်းစားနဲ့ ကြုံတွေ့ခဲ့ရတဲ့ စိတ်ပျက်စရာ အကြောင်းအရာတွေပြောလာပြီ ဆိုရင် နားတွေ စွင့်ထားသင့် ပါတယ် ။
ဥပမာ အနေနဲ့ အရင် ရည်းစားနဲ့ ပတ်သက်ပြီး မိန်းခလေးတွေ စိတ်ပျက်တတ် ကြတဲ့ အချက်လေးတွေကို ဖော်ပြလိုက် ပါတယ်။
(1) ခလေး ဆန်တာ
မိန်းခလေးတွေက ယောက်ျားပီသပြီး ဦးဆောင်နိုင်တဲ့ အမျိုးသားတွေကို အလိုရှိကြ ပါတယ်။ ပြဿနာက အခုခေတ်မှာ မိန်းခလေးတွေ အနေနဲ့ စိတ်ကူးထဲက မင်းသားလို ဘက်ပေါင်းစုံက ပြည့်စုံ ရင့်ကျက်တဲ့ အမျိုးသားတွေ ရှာတွေ့ဖို့ ခက်ခဲလာတာပဲ ဖြစ်ပါတယ် ။
အခုခေတ် ယောက်ျားလေးတွေက မိန်းခလေးတွေ ထက် ပညာရေးမှာ နိမ့်ကျနေတတ် သလို အသက် 18 နှစ် ကနေ 31 နှစ် အထိ အမျိုးသားတွေရဲ့ 40% က မိဘတွေနဲ့ အတူ နေနေကြတုန်း ပါပဲ ။
တချို့တွေ ကျတော့လည်း စိတ်ပိုင်း ဆိုင်ရာ တည်ငြိမ် ရင့်ကျက်ဖို့ လိုနေတတ် ပါတယ်။ တကယ် ပြည့်စုံသူတွေ မရှိဘူးလို့ မပြောပါဘူး ။ ရှားသွားတာပါ ။ ဒါ့ကြောင့် သင့်ချစ်သူ ကောင်မလေးနဲ့ ရေရှည် လက်တွဲသွားချင်တယ် ဆိုရင် ဂိမ်းဆော့တာကို လျှော့ပြီး ဦးစီး ဦးဆောင် ပြုနိုင်သူ တယောက်ဖြစ်အောင် လေ့လာသင်ယူပါ
(2) သေချာ အကြင်နာ မပေးတတ်တာ
အမျိုးသမီးတွေက ကြင်ကြင် နာနာနဲ့ အနမ်းတွေ ချွေတာကို သဘောကျ ပါတယ် ။ အတူ နေခါနီး အချိန်မှာမှ မဟုတ်ပဲ သူမကို အနမ်းတွေနဲ့ ကြင်နာတတ်ဖို့ လိုပါတယ် ။ သူမဟာ သင့်အတွက် အမှန်တကယ်ကို စွဲဆောင်မှု ရှိပြီး စိတ်ချင်း ဆက်သွယ်ထားတယ် ဆိုတာကို ပေါ်လွင်အောင် အကြင်နာ ပေးရမှာ ဖြစ်ပါတယ် ။
ဒီလို ပြောလို့ အကြင်နာ ပေးဖို့ချည်းပဲ အားထုတ်နေဖို့ ဆိုလိုတာ မဟုတ်ပါဘူး ။ ပုံမှန် အကြင်နာ ပေးတတ်တဲ့ အလေ့အကျင့်လေးတွေက သူမကို ပျော်ရွှင်စေ မှာပါ ။
(3) သူ့မိသားစုဘက် ကိုပဲ ကြည့်တတ်တာ
မိန်းခလေးတွေဟာ သူမ ချစ်သူရဲ့ မိဘတွေနဲ့ ထိပ်တိုက် ရင်ဆိုင်ရတတ် ပါတယ် ။ ဒီအချိန်မှာ ပြဿနာဖြစ်လာနိုင်တာက ကိုယ့်လူတို့ ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာပါပဲ ။
ချစ်သူ မိန်းခလေးဘက်က ရပ်တည်ပေးဖို့က သတိထားပါ ။ သူမဖက်မှာ ရှိနေမယ့် အကြောင်းနဲ့ လိုအပ်ရင် သင့်မိသားစုဘက်က နားလည်ပေးနိုင်အောင် ကြိုးစားပါ ။ တကယ်လို့ သင့်ချစ်သူဘက်က မှားနေတာ ဆိုရင်တော့ သူမကို ဝေဖန်ပြစ်တင်တာမျိုး မဖြစ်စေပဲ နားလည်လာအောင် ပြောတတ်ဖို့ လိုပါတယ် ။
(4) အစားအသောက် အကြိုက်ချင်း မတူတာ
အစားအသောက် အကြိုက်ချင်း မတူလို့ လမ်းခွဲကြတယ် ဆိုတာက ခိုင်လုံတဲ့ အကြောင်းပြချက် မဟုတ်ဘူးလို့ ထင်ချင်စရာ ပါ ။ ဒါပေမယ့် သတိထားသင့်တဲ့ အချက်ပါ ။
သင့်တို့ ချစ်သူနှစ်ယောက် အတူတူ စားသောက်ကြတိုင်းမှာ ကတောက်ကဆ ဖြစ်လာနိုင်စရာတွေ များတတ် ပါတယ် ။ ဒါ့ကြောင့် သူမ ကြိုက်တတ်တာလေး တွေ ကိုလည်း စားတတ်အောင်တော့ ကြိုးစားထားသင့်ပါတယ် ။
(5) သူမကို ပြစ်တင် ဝေဖန်တာ
မိန်းခလေးတွေက အမှားရှာ ဝေဖန် ပြစ်တင်တာမျိုး လုပ်သလို တချို့ယောက်ျားတွေ ကလည်း လုပ်တတ်ကြပါတယ် ။ ချစ်သူစုံတွဲတွေမှာ မိန်းခလေးဘက် သူတို့ရဲ့ ပြဿနာတွေကို ရင်ဖွင့် ပြောဆိုတတ်သလို ယောက်ျားလေးတွေ ကလည်း ပြေလည်အောင် အကြံဉာဏ် ပေးတတ်ကြ ပါတယ် ။
ဒါပေမယ့် အကြံဉာဏ် မပေးတတ်ရင် သူမကို ပြစ်တင် ဝေဖန်သလို ဖြစ်သွားပြီး နာကျည်းစရာတွေ ဖြစ်လာတတ်ပါတယ် ။ ဒါ့ကြောင့် ဒီတခါ ရင်းရင်း နှီးနှီး အကြံဉာဏ် ပေးချင်ရင် သူမရဲ့ လက်လေးတွေကို ကိုင်ထားပြီးတော့ပဲ ဖြစ်ဖြစ် ၊ နောက်ကျောကို ပွတ်သပ်ပေးပြီးတော့ပဲ ဖြစ်ဖြစ် ပြောကြည့်ပါ ။
အသားချင်း ထိတွေ့မှုက အချစ် ဟော်မုန်း အောက်စီတိုဂျင်တွေ ထွက်လာ စေပြီး နှစ်ဦးသား အကြား အငြင်းပွားစရာ ဖြစ်လာတော့မှာ မဟုတ်တော့ပါဘူး ။
Gentleman
Post a Comment