Header Ads

B သွေးပိုင်ရှင်က ပြောပြတဲ့ B သွေးများ အကြောင်း


B သွေး ပိုင်ရှင်လေးတွေ ဆိုတာ...

❤ B သွေးတွေက ဘယ်လောက် ချစ်ချစ် ဘဝ နှစ်ခု လက်တွဲမယ် ဆို နှလုံးသား သက်သက်နဲ့ မစဉ်းစား ပဲနဲ့ လက်တွေ့ ကျကျ စဉ်းစားတတ်ကြလို့ သူတို့ အချစ်ရေးက အများအားဖြင့် ဝမ်းနည်းမှုနဲ့ နိဂုံး ချုပ်ကြတာပါပဲ ။ ပျှမ်းမျှ ၂၂ လောက် ရောက်မှ တကယ် လက်တွဲမယ့် ကြင်ဖော်ကို တွေ့ရှိတတ် ကြတယ် ။

❤ အနေဝေးရင် သွေးအေးတယ် ဆိုတာ သူ့ ရာဇဝင်မှာ မရှိဘူး ။ ဒါပေမယ့် သူ အမုန်းဆုံးက သူ့အပေါ် သစ္စာမဲ့ရင် သူနဲ့ ဆက်ဆံရေးက သူစိမ်း ဆန်ဆန် ဖြစ်သွား တတ်တယ် ။

❤ ရှေ့တင်မှာသာ ခပ်တင်းတင်းနဲ့ ဟန်ဆောင် နေတာ ၊ နောက်ကွယ်ကျရင် တိတ်တဆိတ် မျက်ရည် ကျချင်ကျနေတဲ့ သူမျိုးတွေ ။

❤ အမိန့်ပေးတဲ့ လေသံနဲ့ ပြောရင် သိပ်မုန်းတာ ။ ပြန်မပြော လို့သာ နေရင် နေမယ် ၊ ပြန်ချေမယ် ဆိုတဲ့လူမျိုးတွေ

❤ အချစ်ရေးမှာ ဆရာကြီးတော့ မဟုတ်ပေမယ့် သူငယ်ချင်းတွေနဲ့ မိတ်ဆွေတွေရဲ့ တိုင်ပင်မှု ကိုတော့ ခဏ ခဏ ခံရတတ်တယ် ။

❤ ချစ်ပြီဆို အနာဂတ် အထိ သူပါတယ် ။ သူတို့က နုလုံးသားနဲ့ ချစ်တယ် ။ ဘဝ တည်ဆောက်ရင် လက်တွေ့ ကျကျ တည်ဆောက်တတ် လို့ သူကို ပိုင်ဆိုင် ချင်ရင် ချစ်သူ သက်တမ်း အရမ်းကြာမှ ဖြစ်နိုင်လိမ့်မယ် ။

❤ သူက ဖွင့်မပြောတာ အကြောင်း ရှိပါတယ် ။ အကောင်းဆုံး ကိုပဲ အချစ်ဆုံး နဲ့ တူတူ ဖြတ်သန်းမယ် ။ အပူတွေ စိတ်ညစ်စေမယ့် အရာတွေကို မမျှဝေပဲ မြိုသိပ်ထားတတ်တဲ့ သူမျိုး ။

❤ အစွဲအလမ်း အရမ်း ကြီးလွန်းတဲ့ သူတို့ စိတ်ထဲမှာ စိတ်ဒဏ်ရာ တခုဖြစ်သွားရင် တော်တော်နဲ့ မမေ့တတ်ကြဘူး ။

❤ သူတို့က ကလေး ဆန်ဆန် ဆိုးတတ် ကြတယ် ။ တခါတလေကျရင် သူက ဘယ်လိုလူပါ ဆိုပြီး ပြောပြတတ်တဲ့ သူဟာ သူမြတ်နိုး တန်ဖိုးထားပြီး ဆုံးရှုံး မခံနိုင်တဲ့သူမို့ပါ တဲ့ ။

❤ အရမ်း ဆိုးသလောက် ကြင်နာ ဂရုစိုက် တတ်တဲ့ သူတို့ကို အဆက်ဟောင်းတွေက မေ့မရကြဘူး ။
ဒါပေမယ့် သူမှာ နောက်တယောက် မရှိသေး သရွေ့တော့ မျှော်လင့်လို့ ရပါသေးတယ် ။ ထပ်ရှိပြီးနေရင်တော့ သူစိမ်း ဆန်ဆန် ဖြစ်သွားပါ လိမ့်မယ် ။

❤ သူတို့က တခါတလေ နားလည်ရ ခက်တယ် ။ အိမ်တွင်းရေး မိသားစုရေး စီးပွားရေး အဆင် မပြေရင် သူ အရင်းနှီးဆုံး သူငယ်ချင်း ကိုပဲ ရင်ဖွင့်လေ့ ရှိတယ် ။ အရမ်း ချစ်တဲ့ ချစ်သူ ဆိုရင်တောင် သိပ်ဖွင့်ပြောလေ့ မရှိဘူး ။ ဒါကို မသိထားရင် သူနဲ့ ဆက်ဆံရေးမှာ အဖုအထစ်လေးတွေ ဖြစ်လာတာပါပဲ ။

❤ တဦးက မေတ္တာထားလို့ တဦးက အကြင်နာထားရင် လောကကြီးက အေးချမ်းနေမှာပါ ။

TLV

No comments

Powered by Blogger.