Header Ads

နှုတ်ချိုတိုင်း မသာယာပါနဲ့


တခါတုန်းက ကျီးကန်း တကောင်ဟာ အိမ်တအိမ်က ဒိန်ခဲတတုံးကို ခိုးယူကိုက်ချီပြီး သစ်ပင် တပင်ပေါ်မှာ နားနေတယ် ။ ဒိန်ခဲနံ့ကို ရတဲ့ မြေခွေး တကောင်ဟာ ကျီးကန်းနားသို့ နီးကပ်စွာ လာလေတယ် ။ ပြီးတော့ မြေခွေးဟာ အဲဒီ ဒိန်ခဲတုံးကို ဘယ်လို ကြံရင် ပိုင်ဆိုင်ရမလဲ ဆိုတာ တွေးတော နေပါတော့တယ် ။

ထို့နောက် မြေခွေးဟာ
" မင်္ဂလာ နံနက်ခင်းလေးပါ မရွှေကျီး ... နေကောင်း ကျန်းမာတော် မူရဲ့လား
အမွေးအတောင်တွေ အရမ်း လှပ သလို မရွှေကျီးရဲ့ အသံကလည်း သာယာမှာပဲနော် "
ဟု ကျီးကန်းကို ပြောကြားလိုက်၏ ။

ထိုအခါ ကျီးကန်းဟာ မြေခွေးရဲ့ အသံကို ကြားသည်နှင့် တပြိုင်နက်
ချက်ချင်း ဆိုသလိုပဲ သူ့အသံကို ကြွားလိုက် မိ၏ ။

-----------------------------------

ကျနော်တို့ရဲ့ ပတ်ဝန်းကျင်မှာလည်း ဒီပုံပြင်တိုလေးထဲက မြေခွေးလို လူတချို့ရှိတတ်ကြ ပါတယ် ။ မနာလိုမှုတွေ ဖြစ်တဲ့အခါမှာ လူတစ်ချို့က မြေခွေးလို ချိုသာတဲ့ စကားတွေပြောပြီး မြှောက်ပင့် တတ်ကြပါတယ် ။ ထိုသူတွေဟာ သူတပါးကို ထိခိုက် နာကျင်အောင် လုပ်ချင်သူတွေသာ ဖြစ်ပါတယ် ။

မြှောက်ပင့်မှုကို ကြိုက်သူတွေဟာ တခါတလေမှာ ဒုက္ခ ရောက်တတ် ပါတယ် ။ ကျနော်တို့ ကြိုးစားနေတဲ့ အချိန်မှာ ဒုက္ခဖြစ်အောင် လူတချို့က ချိုသာတဲ့ စကားလုံးလေးများ ပြောဆိုကာ မှောင်းထုတ်တတ်လေ့ ရှိတတ် ပါတယ် ။ အဲဒီလို ကြိုးစားနေတဲ့ ကာလမှာ စကားချိုတိုင်း မသာယာမိဖို့ အထူး သတိပြုရန် လိုအပ်ပါတယ် ။

ဟန်ဆောင်ပြီး မြှောက်ပင့်သူတို့ရဲ့ အတုအယောင် စကားတွေကို နားထောင်မိတဲ့ သူဟာ ထိုက်သင့်တဲ့ အဖိုးအခ ကို ပေးကြရမှာသာ ဖြစ်ပါတယ် ။

အတုအယောင်တို့ရဲ့ စကားတိုင်းမှာ ကိုယ်က မသာယာဖို့ လိုအပ်ပါတယ် ။
အကယ်၍ သာယာခဲ့ မိရင် ကိုယ်ဆီက တစ်ခုခု ပေးရတတ်ပါတယ် ။

အတွေးရသစာစုလေးများ
Ref : The Fox and the Crow

No comments

Powered by Blogger.