Header Ads

တကယ်ချစ်ရင် ဆိုပြတတ်ရတယ်


" ကိုကို  သီချင်း ဆိုပြ "

" ငင့် ဘာ သီချင်းလည်း "

" ဇော်ပိုင်ရဲ့ မင်းနဲ့မှ ချစ်တတ်ပြီပေါ့ "

" ကိုကိုမှ အသံ မကောင်းတာကို "

" ရဘူးကွာ ဆိုပြ နားထောင်ချင်လို့ "

ရုတ်တရက်ကြီး ဖုန်းထဲက ဂျီကျနေတာ ... ကျုပ် ကောင်မလေးက အ​ဝေးကကိုးဗျ ... ကျုပ်ကလည်း ချစ်တော့ အလိုလိုက် ရတာပေါ့ဗျာ

" အင်းအင်း ... အချစ် အကြောင်းများ မသိခဲ့ဘူး ... ငယ်စဉ်က ... "

" အာ အဲ့လို မဟုတ်ဘူး "

" အန် ဟုတ်တယ်လေ အာ့ မင်းနဲ့မှ ချစ်တတ်ပြီပေါ့လေ "

" ဟုတ်ဘူး ဟိုနေ့က အိမ်အောက်မှာ လာဆိုတဲ့ ကလေးလေးတွေ ဆိုသလို နားထောင်ချင်တာ "

" ငင် ဘယ်လိုတုန်း "

" ဝါးစစ်ပိတ်လေးနဲ့ ဆိုတာ တတုံတုံ့ တုန် တတုံတုံ့ တုန်နဲ့ "

" ငှယ် အာ့လို ဆိုရအောင် သတောင်းစားမှ မဟုတ်တာကွ "

" ရဘူး ချစ်ရင် ဆိုပြ မဆိုရင် အပြတ်ပဲ "

" ငွဲ "

နောက်နေ့ကစပြီး ကျုပ်မှာ ဝါးစစ်ပိတ်နဲ့ ဆိုတဲ့ သူတောင်းစားလေးတွေ လိုက်ရှာရရော ... ဟော နောက်ဆုံးကျ တွေ့ပါပြီ ... ငတိလေးတွေ တောင်းစားနေတာ ...

" ညေး "

" ဟုတ်ကဲ့ သနားပါဗျာ ထမင်း မစားရသေးလို့ပါ "

" အင်း သနားပါတယ်ကွာ ... ပိုက်ဆံလည်း ပေးမယ်.. အစ်ကို့ကိုလေ ညီလေးတို့ ခု တီးနေတဲ့ ဝါးစစ်လေး ရောင်းပါလား "

" ဘာလုပ်ဖို့ လည်းဗျ "

ကောင်လေးတွေက မသင်္ကာတဲ့ ပုံနဲ့ ... ဒီကြားထဲ သူ့အဖော် ကောင်လေးက..

" ဟျောင့် ငါတို့ ဈေးကွက် လုမလို့ ထင်တယ် "

" အာ မဟုတ်ပါဘူးကွာ "

" ဘာ မဟုတ်တာလည်းဗျ ... အခြားနည်းနဲ့ တောင်းစား ကျုပ်တို့ မိရိုးဖလာ နည်းကို စီးပွား မလုပါနဲ့ဗျ ... တောင်းရ ခက်နေတဲ့ကြားထဲ "

" ဘာကိစ္စ တောင်းရမှာလည်းကွ ... လူများ တောင်းစားတဲ့ ရုပ်များ ထင်နေလို့လား "

" ဟုတ်တာပဲလေ ခင်ညားရုပ်က တောင်းရင်တောင်း မတောင်းရင် လုမယ့်ရုပ်နဲ့ "

သတောင်းစားတွေ ဖဲ့တာ ဒီတစ်ခါပဲ ခံဖူးသေးတယ် ... တောက်စ် ကျုပ်ရုပ်ကလည်း ဒီလောက်တောင် ရုပ်ခံ ကောင်းနေတာလား မသိပါဘူးဗျာ ...

" မဟုတ်ပါဘူး ညီလေးတို့ရာ ကိုကြီးက အာ့လေးဝယ်ပြီး လေ့လာချင်လို့ပါကွ "

" ရဘူးဗျာ "

" လုပ်ပါကွာ ၅၀၀၀ ပေးမယ်လေ "

" ဟေ့လူ တစ်ရက်တောင်းရင် ၇၀၀၀ အောက် ထစ်ရတယ်ဗျ .. လူများ အထင်သေးလို့ "

ငှယ် ကိုယ့်ထက်တောင် ၀င်ငွေကောင်းနေသေးတယ်

" လုပ်ပါကွာ ၁ သောင်း ပေးမယ် "

" ၁ သောင်းခွဲပေး တီးနည်းပါ သင်ပေးမယ် "

" တီးနည်းက ရှိသေးလား "

" ရှိတာပေါ့ဗျ ဒါအနုပညာ "

အော် တော်သေးတာပေါ့ သတောင်းစား မို့လို့ ... မဟုတ်ရင် ဝါးစစ်ပိတ် ၀ယ်ဖို့ ဂီတ အစည်းအရုံးတောင် ရောက်မယ့် အပေါက် ...

" အေးကွာ ရော့ ၁ သောင်းခွဲ "

" ဒီမှာကြည့် ဒီဘက် တစ်ချက်ထု "တုံ" ဆိုပြီး မြည်တယ် ... ဒီဘက်က အကြွေစိလေးတွေ ထည့်ထားတယ် ကချွင် ပါမည်တယ် ... "

" အော် အာ့လိုလား "

" ပေး ၁ သောင်းခွဲ " ဆိုပြီး ကော့ကော့နဲ့ ထွက်သွားရော ... ကျုပ်မှာတော့ ဝါးစစ်ပိတ်လေး ပိုက်ပြီး အိမ်ပြန် ... အိမ်ရောက်တော့ ငတိမကို ဖုန်းဆက်

" သဲရေ ဝါးစစ်ပိတ် ရပြီ .. "

" ဟယ် တစ်ကယ် video call လိုက်မယ် ဆိုပြ "

Video Call ခေါ်မယ် ဆိုတော့ ကျုပ်အိမ်ထဲက မှောင်တော့ ၀ရန်တာထွက် ဖုန်းလေးထောင် Video Call လေးခေါ်

🎵တတုံတုံ့ တုန် တုံတုံ့တုန် ... အချစ်အကြောင်းများ မသိခဲ့ဘူး ငယ်စဉ်က အသက်အရွယ်မှာ တတုံတုံ့ တုန် တုံတုံ့တုန် 🎵အလဲ့..

ငတိမကတော့ Video Call ထဲမှာပျော်လို့ ... လက်ခုပ်လေးတီးပြီး ...

ကျုပ်က ကို့ဖီလ်းနဲ့ ကိုယ်တီးနေတာ ... တီးလို့ပြီးတော့ အိမ်အောက်က အသံတွေ ကြားပါတယ် လို့ ဘာဖြစ်လို့လည်း ငုံ့ကြည့်တော့ ....

အိမ်အောက်မှာက လူတွေအုံလို့

" ဟယ်တိုက်ပေါ်က တောင်းစားတဲ့ သူတောင်းစား ဒီတစ်ခါပဲ မြင်ဖူးသေးတယ် "

" အေးဟယ် ခေတ်ကြီးက အဆင့်မြင့် လာတယ်နော် "

" ဟဲ့ ဖုန်းလေးထောင်ပြီး တီးနေတာ ဖွဘုတ်က LIVE လွင့်ပြီး တောင်းစားတာ ထင်တယ် "

" သနားပါတယ်နော် "

တောက်စ် ရှက်လိုက်တာ ဆိုတာလေ ... ရက်ကွက်ထဲ တိုက်ပေါ်က သတောင်းစားဆိုပြီး နာမည်ကို ကြီးလို့ ... အမေကလည်း သူ့ကို အရှက်ခွဲရမလား ဆိုပြီး အိမ်ပေါ်ကပါ နှင်ချလို့ မနည်းတာင်းပန်ရတယ် ....

ခုထိ ၁ သောင်းခွဲတန် ဝါးစစ်ပိတ်ကြီးက အိမ်မှာ သောင်တင်နေတုန်း ... ခင်ညားတို့ထဲက ၀ယ်မယ့်သူ ရှိရင်ပြောလေ.. တစ်သောင်းပဲပေး ကျုပ်က တီးနည်းပါ သင်ပေးမယ် .... 😜

တစ်ကယ်ချစ်ရင် ဝါးစစ်ပိတ်နဲ့ သီချင်း ဆိုပြရတယ်ဗျ...

Crd - original

No comments

Powered by Blogger.