Header Ads

မျိုးကြီးရဲ့ မလာပါနဲ့ သီချင်းကို ဆွေးဆွေးမြေ့မြေ့ ဆိုပြလိုက်တဲ့ ချမ်းမြေ့မောင်ချို (ရုပ်သံ)


မြန်မာအိုင်ဒေါ season 3 သီချင်းဆို ပြိုင်ပွဲမှာ လူစိတ်ဝင်စားမှု များစွာခံနေရတဲ့ ချမ်းမြေ့မောင်ချို့ကတော့ မျိုးကြီးရဲ့ သီချင်းတစ်ပုဒ်ကို သူမရဲ့ ဖေ့စ်ဘုတ်အကောင့်ကနေ Live လွှင့်ပြီး ဆိုပြခဲ့ပါတယ်။


နာမည်ကြီး ရော်ကာ ကိုမျိုးကြီးရဲ့ မလာပါနဲ့ သီချင်းကို ဆိုပြခဲ့တာ ဖြစ်ပြီး သူမရဲ့ Live ကို ကြည့်သူ သိန်းကျော်ထိ ရှိခဲ့တာကိုလည်း တွေ့ရပါတယ်။ တချိန်က ကျော်ကြားခဲ့တဲ့ အဆိုတော် အိအိရဲ့ သမီးဖြစ်သူ ချမ်းမြေ့မောင်ချိုဟာ နာမည်နဲ့ လိုက်အောင် အပြုံး ချိုချို၊ အသံ ချိုချိုလေးနဲ့ သီဆိုတတ်ပြီး ပရိတ်သတ်ကို ဆွဲဆောင်နိုင်သူလည်း ဖြစ်ပါတယ်။



သူမကို အားပေးတဲ့ ပရိသတ်တွေလည်း အများအပြား ရှိနေပီး ဝေဖန်သူ အချို့လည်း ရှိနေပါတယ်။ တခါတရံ စာသားလေးတွေ မေ့တတ်တာကလွဲလို့ ကိုယ်ပိုင် အသံနဲ့ စွဲမက်အောင် သီဆိုနိုင်ခဲ့တဲ့ မောင်ချိုကို ခုချိန်ထိတော့ Grand Final ထိ တက်ရောက်လိမ့်မယ် လို့ အများက ယူဆနေကြပါတယ်။ သူမရဲ့ ဆွေးဆွေးမြေ့မြေ့လေး သီဆိုထားတဲ့ မလာပါနဲ့ သီချင်းကို အောက်မှာ ကြည့်နိုင်ပါတယ်။



from chan myae mg cho'fb
Loveshortnotes

No comments

Powered by Blogger.