လှပတဲ့ပုံရိပ်တွေရဲ့ နောက်ကွယ်က ကစ်ရဲ့ အလန်းစား ဗီဒီယို (ရုပ်သံ)
ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ မနေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ L’Oreal Paris, Red Carpet Show 2018 ပွဲလေးကို ရဲရဲတောက်နေတဲ့ ဝတ်စုံလေးနဲ့ မြင်သူတကာ ငေးယူရလောက်အောင် အလှပဆုံး တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။
သူမကတော့ ဒီနေ့လေးမှာ မနေ့က ပွဲတက်ခဲ့တဲ့ အလှပဆုံး ပုံရိပ်တွေရဲ့နောက်ကွယ်က အမိုက်စား ဗီဒီယိုလေး တစ်ခုကို မျှဝေပေးထားတာပါ။ ချစ်တဲ့ ပရိသတ်တွေအတွက် အရမ်းကို ချစ်စရာကောင်းတဲ့ သူမရဲ့ ပင်ကိုယ် အသွင်အပြင်လေးကနေ ဆွဲဆောင်မှုရှိရှိ ပုံစံလေးအဖြစ် ပြောင်းလဲသွားပုံကို ဝတ်မှုံရွှေရည်က ဗီဒီယိုဖိုင်လေး တစ်ခုအဖြစ် တင်ပြခဲ့ပါတယ်။
သူမကို ထင်ထင်ရှားရှားနဲ့ အလှပို စေခဲ့တဲ့ အမိုက်စား Dress ကြီးကလည်း အရမ်းကို လန်းနေခဲ့တာပါနော်။ မြင်ရသူတိုင်း တဒင်္ဂလောက် မေ့မျောသွားစေနိုင်လောက်အောင် လှပတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ရဲ့ အလှတရားတွေရဲ့ နောက်ကွယ်က ဗီဒီယိုလေးကတော့ တကယ့်ကို ကြည့်လို့ ကောင်းလှပါတယ်။ ချစ်ပရိသတ်တွေလည်း အမိုက်စား ကောင်မလေး ဝတ်မှုံရွှေရည်ကို ချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Photo - Wutt Hmone Shwe Yi’s Fb
Post a Comment