Header Ads

အရမ်းချစ်သွားတဲ့ မိန်းကလေးဟာ ဒါလေးတွေလုပ်တတ်တယ်


☺ အရမ်း ချစ်သွားတဲ့ မိန်းကလေး တစ်ယောက်က သူငယ်ချင်းတွေ ဘယ်လောက် နားချချ နားမ၀င် နိုင်တော့ဘူး..

☺ အရမ်း ချစ်သွားတဲ့ မိန်းကလေး တစ်ယောက်က ကိုယ်ချစ်သူကို မကောင်းဘူး ပြောလည်း မသိချင်ယောင် ဆောင်နိုင်သွားတယ်..

☺ အရမ်း ချစ်သွားတဲ့ မိန်းကလေး တစ်ယောက်က ကိုယ် လက်တွဲမဲ့သူဟာ မပြည့်စုံသေးတာ သိလည်း အတူတူ ရင်ဆိုင်မယ်ဆိုပီး ဆုံးဖြတ်ချက် ချနိုင်သွားတယ်..

☺ အရမ်း ချစ်သွားတဲ့ မိန်းကလေး တစ်ယောက်က ကိုယ့်ချစ်သူက ဘယ်လောက် အနိုင်ယူယူ ပြုံးပြုံးလေးနဲ့ သည်းခံခွင်လွှတ် နိုင်သွားတယ်..

☺ အရမ်း ချစ်သွားတဲ့ မိန်းကလေး တစ်ယောက်က ကိုယ်အတွက် ဆိုတာ မေ့ပြီး သူ့အတွက် ဆိုတာကိုပဲ ဖြည်းဆည်း ပေးနေချင်တော့တာ..

☺ ပိုဆိုးတာက အရမ်း ချစ်သွားတဲ့ မိန်းကလေး တစ်ယောက်က သူ့ကို လွမ်းလိုက်တာ ဆိုတဲ့ စကားတခွန်း လေးကြောင်ပဲ မျက်ရည်တွေ ခဏအတွင်း ကျတက်သွားတာ..

☺ အရမ်း ချစ်တက်တဲ့ မိန်းကလေး တစ်ယောက်ဆိုတာ ရှိတော့ ရှိတယ် ဒါပေမဲ့  ရှားတယ်…

ပိုင်ဆိုင်ထားပြီးရင်တော့ ဆင်းရဲရဲ ချမ်းသာသာ လက်မလွှတ်ပါနဲ့ တော့… ဘ၀မှာ တခါပဲ ဖြစ်ခွင့်ရတဲ့ ကံအကောင်းဆုံးသော အခွင့်အရေး ဆိုတာ လူတစ်ယောက် အတွက် တကြိမ်ပဲ ရှိချင် ရှိနေနိုင်တာမျိုး မဟုတ်လား…

Credit Orginal writer

No comments

Powered by Blogger.