ဖေ့ဘုတ်ကြီး မြန်မာပြည်ရောက်သောအခါ..
(ဖေ့စ်ဘုတ် ဆိုတာကြီးကို မက်ဇူကာဘတ်) ဆိုတဲ့ ကောင်လေးက စတင်တီထွင် လိုက်သည်။ သူတို့နိုင်ငံမှာ အရမ်း အောင်မြင် သွားသည်။ တခြား နိုင်ငံတွေကလည်း အားပေးကြ၏။ ဒီလိုနဲ့ ဖေ့စ်ဘုတ် ဆိုတာကြီးက မြန်မာပြည်ကိုလည်း ကူးစက်ရောဂါကြီးလို ရောက်လာခဲ့သည်။
မြန်မာပြည် ရောက်တော့ ဖေ့စ်ဘုတ်ကြီးက ပုံစံတစ်မျိုး ပြောင်းသွားသည်။
(1) တချို့ လူတွေအတွက် အောင်သွယ်တော် ဖြစ်သွားသည်။
Hi..! မမ နေကောင်းလား စားပြီးပြီလား.. ဘယ်မှာနေတာလဲ အရမ်း လှတယ်နော်
ခ်ခ်..လာမြောက်နေပြန်ပြီ ဘာကျွေးရမလဲ.. ခ်ခ် မမက တာမွေကပါ ခ်ခ် မောင်လေးကရော..
..............ဒီလိုနဲ့................
(2) တချို့သူတွေအတွက် သတင်းစာ ဖြစ်သွားသည်။
ဟာ..! မီးတွေ လောင်ပြန်ပြီဟေ့
ဟယ်..! ရေတွေကလည်း ကြီးလိုက်တာ
အို...! မှုန်တိုင်း ရှိတယ်တဲ့...
ဟင်...! ငလျှင် လှုပ်သွားတယ် ဆိုပါလား..
(3) တချို့သူတွေအတွက် ကလောင်စမ်းရာ နေရာဖြစ်သွားသည်။
နှလုံးသားနုနုမှာ သွေးခြေတွေ ဥ နေပါပြီ
အမွှေးသပ် ခံထိတဲ့ ဘူးသီးလို ကျွန်တော်
အရူးကြီး ဖြစ်နေပြီ....။
Feeling - ကျော့ ကဗျာလေးကို ဝေဖန်ပေးကြပါဦး
(4) တချို့သူများက စိတ်ဖြေရာ နေရာအဖြစ် အသုံးချ ကြသည်။
ဟာ...! GTC စုံတွဲ ဆိုပါလား..
မိုးဟေကို ကွ မိုးဟေကို အစစ်
သဇင်ကား အသစ်ထွက်တယ် တဲ့ကွ
(5) တချို့ကတော့ တရားသမား ယောင်ဆောင်ကြသည်။
" မင်္ဂလာ နံနက်ခင်းလေးပါ လုံးစုံများစွာ သတ္တဝါ ချမ်းသာ ကိုယ်စိတ်မြဲပါစေ"
" မင်္ဂလာ ညချမ်းလေးပါ နှစ်သက်ကြည်သာ အိပ်စက်နိုင်ကြပါစေ ကုန်သတည်း။"
(6) တချို့ကတော့ အလှအပကို ထုတ်ပြကြသည်
" Piggy မလေး ဖြစ်နေပြီ ခင်ရင် မန့်ခဲ့ကြ "
" ကျော့ဆံပင်ကေ ချိန်းလတ်ပြီ ဘိုနေလဲ ကျောကျိကျိ "
" ရုပ်ဆိုးမလေးပါ ခင်ရင် တစ်ယောက်ကို ၅ ခုစီလောက် မန့်ခဲ့.. အဟင့်"
(7) တချို့ကတော့ ပတ်ဝန်းကျင်နဲ့ အဆင်မပြေတာတွေကို ပေါက်ကွဲပြသည်။
" ယီးဖဲကွာ မပြောချင်လို့ ကြည့်နေတာ.. ငိုးမတားတွေ အကောင်းမထင်နက်.. ဘုမှ စောက်ဂု မစိုက်ဘူး"
" ဟိုကောင်မ ငါ့ wall ကို နင် လာချောင်းနေတာ ငါမသိဘူး ထင်လို့လား.. ရုပ်ကိုက အနူ A ကိုက်နေတဲ့ ရုပ်နဲ့"
(8) တချို့ကတော့ ရှိသမျှ ထုတ်ကြွားကြသည်
" ဖေဖေ ဝယ်ပေးတဲ့ iphone လေးနက် Mirror Selfie ပေါ့ ခိခိ"
" ကုန်ပြီ မုန့်ဖိုး စုထားတာလေးတွေ ကုန်ပြီ.. အရမ်းကြိုက်လွန်းလို့ ဒီပြိုင်ကားလေးကို သိန်း၆၀၀ နဲ့ ဝယ်လိုက်ပြီဗျာ မနေနိုင်တော့ဘူး ဟူး......"
(9) တချို့ကတော့ ပညာရှာလေ့လာကြသည်
" အကိုတို့ရေ ပွန်း ကားတွေ down လို့ရတဲ့ Apk လေး ပေးကြပါဦး"
" အချစ်လူဆိုးကြီး ဆိုတဲ့ ဆော့ဝဲလေး ပျက်သွားလို့ link ချပေးကြပါ... plz..."
(10) တချို့ကတော့ နိုင်ငံရေး သုံးသပ်ချက်တွေ အပြန် အလှန် ဆွေးနွေးကြသည်။
" မင်းတို့က ဘောမတွေ စစ်ခွေးတွေ ငိုးမသား"
" မင်းတို့ကမှ သဖုတ်သတွေ တစ်ဖက်ပိတ်တွေ ထမိန်ခြုံတွေ ယီးဖဲဟျောင့်"
" ဟျောင့် သတ္တိရှိရင် ငါတို့မနေတဲ့ ဘောနဲ့ မင်းတို့ သနေတဲ့ သဖုတ်နဲ့ one by one ချမား"
(11) တချို့ကတော့ စောက်လုပ်မရှိ စောက်လုပ် ရှာကြသည်။ (Meme)
" အဆိုတော်၊ သရုပ်ဆောင်၊ စာရေးဆရာ
ကဗျာဆရာ၊ ဒါရိုက်တာ အကုန်လုပ်သည်
တစ်ခုမှ မကောင်းပဲ အောင်မြင်သည် "
စိုင်းစိုင်းခမ်းလှိုင်
" အောင်မြင်မှုကို အချိန် အကြာကြီး ထိမ်းထားနိုင်တယ် ဆိုတာကို
စောက်ပိန်းတွေ သိအောင် ပြောပြလို့ မရဘူး "
(12) တချို့ကတော့ online shopping စီးပွားရေး လုပ်ကြသည်။
" ဘာလိုလဲ ဘာရှာလဲ မေးကြည့်လေ...
မြွေပွေးလား မြွေဟောက်လား စပါးကြီးလား
ငန်းတော်ကြားလား ဆိုင်မှာ လာကိုင်ကြည့်
လို့ ရပါတယ်။"
" ဒါကတော့ အမွှေးသန်တဲ့ ဆေးပါ
ဒါကတော့ အမွှေးပြောင်တဲ့ ဆေးပါ
နှစ်ခုလုံးရော လိမ်းရင် ပိုက်ဆံ ကုန်ပါမယ်"
(13) တချို့သူတွေက ယောင်လည်လည် ဖြစ်ကုန်ကြသည်။
" ပုပ္ပါးကို ရောက်နေပါပြီရှင့် "
" ငွေဆောင်သွား အမှတ်တရ "
" ကျိုက်ထီးရိုး ရောက်ဖို့ ၅ မိုင် အလို ဓာတ်ဖမ်း "
(14) တချို့သူတွေက ပညာကို အသုံးချပြီး ဝင်ငွေ ရှာဖွေကြသည်။
" မင်းပုံတွေ ငါ save ထားတယ် sax page မထောင်စေချင်ရင် ph bill ၂သောင်းပေးပါ "
" မင်းအကောင့်ကို ငါ ဟက် လိုက်ပြီ.. Chat list တွေ public မချပြစေချင်ရင် ၂ သိန်းနဲ့ ပြန်ရွေးပါ"
(15) အဲ.. နောက်ဆုံး တစ်မျိုးကတော့ အပေါ်က ပြောသမျှတွေကို အကုန်နီးပါး လုပ်ပြီး ဆရာကြီး စတိုင်နဲ့ သူများကို စောက်ဖောင်း ထုတက်သူ...။
(နောက်ဆုံး) ရှိသမျှလူတွေ ဖေ့ဘုတ် သုံးခိုင်းပြီး သူကျတော့ မိန်းမနား ကပ်နေတဲ့ ဂျင်းကောင် 😂
Credit
Post a Comment