Header Ads

မိန်းခလေးတွေဟာ ဘယ်အချိန်မှာ သူ့ချစ်သူနဲ့ လမ်းခွဲတတ်ကြသလဲ


အရမ်း ချစ်တာတော့ ချစ်တာပေါ့ ။ ဒါပေမယ့်လည်း တချို့ အခြေအနေတွေ မှာတော့ စွန့်လွှတ် လိုက်တာက ပိုကောင်းပါတယ် ။ မိန်းခလေးတွေဟာ သူ့ချစ်သူကို ဘယ်လောက်ပဲ ချစ်နေချစ်နေ ဒီလိုမျိုး အခြေအနေတွေမှာတော့ လမ်းခွဲ စွန့်လွှတ် တတ်ကြပါတယ် ။

(1) ကိုယ့်အပေါ် လိမ်ညာမှု တွေ ရှိလာရင်

ဒါကိုတော့ သိပ် ထွေထွေ ထူးထူး ပြောစရာတော့ မရှိပါဘူး ။ လိမ်တာကို ဘယ်သူမှ မကြိုက်ကြပါဘူး ။ ဒါပါပဲ။

(2) တကိုယ်ကောင်း သိပ်ဆန်နေရင်

အဲ့လို ယောက်ျားမျိုး တွေ ရှိပါတယ် ။ စီးပွားတွက် တွက်တဲ့ နေရာမှာ ယောက်ျားလေးတွေလည်း ပါ ပါတယ်။ ထစ်ခနဲဆို သူ့ဘက်ပဲ ကြည့်နေတဲ့ သူမျိုးဆို မိန်းခလေးတွေက ရွံလာရော ။

(3) တယောက်ထဲ အထီး ကျန်လာရင်

ကိုယ်မှာ ချစ်ရတဲ့ ချစ်သူ ရှိနေပါလျက်နဲ့ တယောက်ထဲ အထီးကျန်နေတယ် ဆိုတာ အဓိပ္ပါယ် မရှိပါဘူး။ တယောက်ထဲ နေရတာ များလာတဲ့ အခါ နေသား ကျသွားတတ်ပြီး ရှိနေတဲ့ ချစ်သူကိုလည်း မလိုအပ်တော့ဘူးလို့ ထင်လာပါတယ်။

(4) ကိုယ့်ကို အချိန် မပေးနိုင်ရင်

ဟိုနား သွားမယ် ဆိုလည်း မအားသေးဘူး ။ ဒီသွားမယ် ဆိုလည်း မလိုက်ဘူး ဆိုတာမျိုး တွေပါ ။ ဂိမ်းဆော့စရာ ရှိလို့ ၊ ညနေ ဘယ်သူနဲ့ ချိန်းထားသေးတယ် ၊ သွားစရာလေး ရှိသေးလို့ ၊ ဒီည ဘယ်ဘောလုံးပွဲ လာမှာ ဆိုတာတွေပေါ့ ။

ဘောလုံးပွဲက ကိုယ့်ရဲ့ ချစ်သူထက် အရေးကြီးရင် ဘောလုံးနဲ့သာ ဖက်အိပ် လိုက်ပါ ။ ပိုက်ဆံ မပေးနိုင်ရင် မုန့်ဟင်းခါး မစားပါနဲ့ ။ အချိန် မပေးနိုင်ရင် ရည်းစား မထားပါနဲ့ ။ ဒီလို ပြောလို့ အလှူတွေမှာ စတုဒီသာ ကျွေးရင် မုန့်ဟင်းခါးလည်း အလကား စားလို့ ရတယ် ဆိုတဲ့ သူတွေကို တခုလောက် မေးချင်ပါတယ်။ အချိန် မပေးနိုင်ဘဲ ရည်းစား ထားရင်ကော ရှင်တို့ လိုချင်တဲ့ မိန်းခလေးမျိုး ရရဲ့လား လို့ လေ ။

(5) အသိအမှတ် မပြုတာ

မခံရရင် ချစ်သူနဲ့ အပြင်တွေ ဘာတွေ သွားတဲ့ အခါမှာ လက်ကို မကိုင်ဖြစ်တာ ၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ တွေ့တဲ့အခါ ကိုယ့်ကို ချစ်သူ တယောက် အနေနဲ့ မိတ်ဆက်ပေးခြင်း မခံရတာတွေ ဟာ ချစ်သူနှစ်ဦး ဝေးကွာခြင်းရဲ့ အစ ပါပဲ။

(6) ကိုယ် တယောက်တည်း ရုန်းကန် ရရင်

ချစ်သူ ရည်းစားတွေ ဖြစ်လာရင် တူနှစ်ကိုယ် ဘဝတော့ တည်ထောင်ချင်ကြတာ ချည်း ပဲလေ ။ မိန်းခလေးဘက် ကချည်း ရုန်းကန်နေရတဲ့ အခါ အချစ် မခံရဘူး ထင်သွားနိုင် ပါတယ် ။ အဲ့ဒီမှာပဲ ပြဿနာက စဖြစ်တော့တာပဲ ။

(7) ခန့်မှန်းရ လွယ်နေရင်

မိန်းခလေးတွေ ဟာ သံသယ များတတ်တယ် ဆိုတာ အာလုံး သိကြပါတယ် ။ အရှေ့ကို ကြိုမြင်နိုင်စွမ်းလည်း ရှိပါတယ် ။ အလွယ်ပြောရင် ခန့်မှန်းနိုင်ကြ တယ်ပေါ့ ။ ကိုယ့်ရဲ့ ချစ်သူက ဘယ်အကွက် ရွှေ့နေတယ် ဆိုတာ မိန်းခလေးတိုင်း သိပါတယ် ။ ငါ့ ချစ်သူက ငါ ဘာလုပ်လုပ် မသိပါဘူး လို့ ထင်နေတဲ့ ယောက်ျားလေးတွေဟာ ငတုံးတွေ ချည်း ပါပဲ ။ မိန်းကလေးတိုင်း သိပါတယ် ။ ပါးစပ်က မပြောတာဘဲ ရှိတာပါ။

(8) ကိုယ့်ကို ဂရုမစိုက် နိုင်ရင်

တနေ့ကို ဖုန်းအခါ ငါးဆယ်လောက် ဆက် ၊ မက်ဆေ့တွေ ဒလဆက် ပို့နေမှ ဂရုစိုက်တာ မဟုတ်ပါဘူး။ တနေ့လုံး နေလို့မှ စကားလေး တခွန်းတောင် မပြောဖြစ်ရင်တော့ ကိုယ့်အခြေအနေကို ကိုယ့်ဘာ့သာ ကြိုတွေးထားပါ ။

(9) ဘဝအတွက် သိသာတဲ့ ပြောင်းလဲမှု ရှိလာရင်

ကိုယ့်ရဲ့ ဘဝအတွက် အခွင့်အရေး ကောင်းတွေ အလုပ်အကိုင် ကောင်းတွေက စောင့်နေတယ် ။ ကိုယ့်ချစ်သူကလည်း ဘာမှ မထူးခြားဘူး ( သုံးစားလို့ မရဘူး ) ဆိုရင်တော့ အဲ့ဒီ မိန်းကလေးဟာ ဘာကို ရွေးသင့်သလဲ ဆိုတာကို ဦးနှောက်နဲ့ ဆုံးဖြတ်တတ် ပါတယ် ။ ဒီနေရာမှာ နှလုံးသားရေး ကတော့ ရှုံးသွားတာပေါ့ ။

(10) ကိုယ့်ဘက်က ကြိုးစားပေမယ့် ဘာမှ ထူးခြားမှု မရှိရင်

ဒီယောက်ျားကို ချစ်လို့ ကိုယ်က အဆင်ပြေအောင် ၊ လမ်းမခွဲဖြစ်အောင် ကြိုးစားနေပေမယ့် ဘယ်လိုမှ အဆင်မပြေတော့ဘူး ဆိုတာ တဖြည်းဖြည်း သိလာရင် ပြတ်ဖို့ သေချာနေ ပါပြီ ။

(11) ရေရှည်မှာ မကောင်းတာ ကြိုမြင်မိရင်

" လူ့အကြောင်း ပေါင်းကြည့်မှ သိ " တဲ့ ။ အချိန် ကြာလာတာနဲ့ ဒီယောက်ျားမျိုးဟာ ဘယ်လို ဆိုတာမျိုးကို သိသွားရင် ဝေးဝေးက ရှောင်သွားတတ်ကြ ပါတယ်။

(12) အပြုအမူတွေ ရိုင်းစိုင်းရင်

စကား များတာနဲ့ ထစ်ခနဲ ဆဲဆို အော်ဟစ်တာ ၊ လက်ပါတတ်တာ မျိုးတွေကို ဘယ်မိန်းကလေးမှ မကြိုက်ပါဘူး ။ ရန်ဖြစ်တာနဲ့ သင့်ကောင်မလေးက သင့်ကို ပါးတွေချည်း လှိမ့်ရိုက် ရင်ကော သင်ပြုံးပြုံးကြီး ခံနေ မလား ဆိုတာ စဉ်းစားပါ ။

အမေ မွေးကတည်းက ပါလာတဲ့ ဦးနှောက်ကြီးက ဘာတွေ လုပ်ဖို့တုန်း ။ ကြိုက်သလို သုံးပါ ။ မိန်းခလေးတွေ ဦးနှောက် သုံးတဲ့ အချိန် ကျရင် ယောက်ျားလေးတွေ လိုက် မမီပါဘူး ။ အစကတော့ ဒီမိန်းခလေးမှ မရရင် သေပါတော့မယ် ဆိုတဲ့ ရုပ်တွေနဲ့ ရလည်း ရပြီးရော အချိုးတွေ ပြောင်းကုန်တာကို ယောက်ျားလေးတွေက သူတို့ကိုယ်တိုင် သတိမထားမိ ပါဘူး ။

အဲ့ဒါကို သတိထားမိတဲ့ မိန်းခလေးတွေက သေချာ စဉ်းစား ဆုံးဖြတ်တဲ့ အချိန် ရောက်တော့မှ သူတို့ တွေ ဘာပြောလဲ သိလား ။ " မင်းတို့ မိန်းမတွေက သစ္စာ မရှိဘူး " တဲ့ ။ သစ္စာတရား ဆိုတာ ထိုက်တန်တဲ့သူ ဆီမှာပဲ မြဲပါတယ် ။

မိန်းမ မရှားဘူးလို့ ကြွေးကြော်နေတဲ့ ယောက်ျားလေးတွေ ရော ရှင်တို့ လိုချင် ပုံစံရှိတဲ့ မိန်းမမျိုး ကမ္ဘာပါတ် ရှာကြည့် ပါလား ။ ထမင်းလွတ် ဟင်းလွတ် ရူးတောင် သွားဦးမယ် ။

Credit

No comments

Powered by Blogger.