Header Ads

ရင်ဖုံးနဲ့ ထမိန်ပဲဝတ်ပါ.. ဟုတ်လား..


အကျီ ရင်​ဖုံးလေးနဲ့ ထမိန်​ပဲ ဝတ်​ပါ... ပိတ်​စနဲ့ ချုပ်​ခ ငါ့တာဝန်​ထား...

ဆံပင်​ရှည်​​လေးပဲ ထားပါ... ​ခေါင်း​လျှော်​ဖို့​ ရေသုတ်​ဖို့ ငါ့ကိစ္စ...

သနပ်​ခါး ပါးကွက်​​လေးပဲ ​ကွက်​ပါ... အပျစ်​လား အကျဲ ​လား ငါ့​သွေး​ပေးမယ်​...

Thet Thet Tan

------------------

ရင်​ဖုံးနဲ့ ထမိန်​ပဲ ဝတ်​ပါ ဟုတ်​လား ၊ ပိတ်​စနဲ့ ချုပ်​ခ ငါ့တာဝန်​ထား ... ဟုတ်​လား ?

အေး...​ ကောင်းပြီး ရင်​ဖုံးနဲ့ ထမိန်​ပဲ ဝတ်​မယ် ​။ ပိတ်​စ နဲ့ ချုပ်​ခကတော့ နင့်တာဝန်​ ဆိုရင်​ ဂတိမတည်​တဲ့ အပ်​ ချုပ်​သမားနဲ့ ရန်​ဖြစ်​ဖို့က ငါ့တာဝန်​လား ?

ချုပ်​ထည်​က ရပါပြီ ၊ အိမ်​​ရောက်​မှ ဝတ်​ကြည့်ပြီး အတိုင်းနဲ့ တလွဲ ဖြစ်​တတ်​တယ်​ ဆိုတာ​ရော နင်​သိလား ?

-----------------

ဆံပင်​ အရှည်​​လေးပဲ ထားပါ ဟုတ်​လား ၊ ခေါင်း​လျှော်​​​ဖို့​ ရေသုတ်​ဖို့ ငါ့တာဝန်​ထား ... ဟုတ်​လား ?

နင်​ အမြဲတမ်း​ လုပ်ပေး​နိုင်​ပါ့မလား ? ဆံပင် ​အရှည်​ထားပြီး ​ပေါက်​ကရ​ ခေါင်း​လျှော်​ရည်​ ​တွေနဲ့​ လျှော်​လို့ မရဘူး ဆိုတာ နင်​သိလား ?

ဆံပင်​ အရှည်​ကြီး ထားပြီး​ တွေ့ကရာ အဝတ်​အစားနဲ့ အပြင်​ထွက်​လို့ မရဘူး ဆိုတာ​ရော နင်​သိလား ?

ဆံပင်​​တွေကို ရှင်းရတဲ့ ဒုက္ခနဲ့ လမ်းသွားရင်​ သူများနဲ့ ဆံပင် ငြိရတဲ့ ဒုက္ခ ​တွေကိုလည်း နင်​သိထားလား ?

ဆံပင် ​အရှည်​ထားပြီး ​ခေါင်း ခဏခဏ ​လျှော်​မရဘူး ဆိုတာ​ရော နင်​သိလား ?

ခေါင်း​လျှော်​ပြီး နှာ​စေးရတဲ့ ဒုက္ခနဲ့ လက်​​ညောင်း​အောင်​ ​ခေါင်းသုတ်​ရတဲ့ ဒုက္ခကို နင်​မသိပါဘူး ။

ချစ်​တာ ဟုတ်​ပါပြီ.. နင် ​လှတာ ကြိုက်​တာ ငါလက်​ခံပါတယ် ။ ဒါ​ပေမယ့် ကြာရင်​ ငါပဲ အဲ့ဒီ ဒုက္ခ​တွေကို ခံစားရ မှာ​လေ..

-----------------

သနပ်​ခါး ပါးကွက်​​လေးပဲ ကွက်​ပါ ဟုတ်​လား ?

နင်​​ နေ့တိုင်း ​သွေး​ပေးနိုင်​မှာ မို့လို့လား ?

သနပ်​ခါး ပါးကွက်​ကြားကြီးနဲ့ အိမ်​မှာပဲ​ နေလို့ ရတာ​လေ ။ အပြင်​ ထွက်​လို့ သနပ်​ခါး ပါးကွက်​ကြားနဲ့ လူကြား သွားရတဲ့ ဒုက္ခကို နင်​မသိပါဘူး ။ ပါးကွက်ကြီးနဲ့​ တောသူမ ထင်​ပြီး လူတိုင်းကြည့်​​နေတဲ့ ဒုက္ခကို နင်​မသိပါဘူး.. 😏

ဒီ​လောက်​ဆို နင်​ နားလည်​သ​င့်ပြီ ထင်​တယ်​...

crd Romio John

No comments

Powered by Blogger.