သမီးရည်းစားဘဝ
သမီးရည်းစား ဘဝအစ...
ချစ်.. ကားတွေ ကြပ်တယ်နော်..
ဘာလို့ ကားတွေ ကြပ်တာလဲ..
ကို မင်းကို အရမ်း ချစ်မိနေလို့..
😎 ဂျင်းစထဲ့တာ..
မောင်.. မိုးတွေ အရမ်း သည်းလာပြီး..
ဟုတ်တယ်မေ.. မောင်.. မေ့ကို လွမ်းလို့ ငိုတဲ့ မျက်ရည်တွေ မိုးအဖြစ် ပြောင်းလဲသွားလို့..
😎 ဒုတိယ ဂျင်းထဲ့တာ..
ချစ်.. ပါးပြင်ကို ဝင်တိုက်နေတဲ့ လေကို ကိုကို သဝန်တိုတယ် သိလား..
ဘာလို့လဲ. ကိုကို..
ကိုကိုကလွဲလို့ ချစ်ပါးကို ထိတဲ့သူတွေကို သတ်ပစ်ချင်လောက်အောင် သဝန်တိုလို့..
တော်ကီတွေ.. ကြွေစမ်း..😂
မောင်.. ခိုရောင်စုံလေးတွေ သိပ်လှတာပဲနော်..
ဟုတ်တယ် မေ.. မောင့်အချစ်က ခိုတွေလို အရောင် မစုံပါဘူးနော်..😢
ပုံပြင်တွေစပြီး..😂
သမီးရည်းစား နှစ်ကြာတဲ့ အတွဲတွေ..
ကားတွေ ကြပ်လိုက်တာ..
နင်ကို အဲ့ဒါကြောင့် စောစောထွက်လို့ ပြောတာ.. နင်အပြင် တခါထွက်ရင် အလှပြင်တာ တရက်လောက် ကြာတယ်..
ဟဲ့မသာ.. မိန်းမကလေးလေ လှချင်ပချင်မှာပေါ့.. နင်ငါ့ကို လှလို့ကြိုက်တာ မဟုတ်လား..😏
ဒီစောင်မိုးက အပြင်ထွက်မယ်ဆို ရွာပြီ.. နင် ထီးမပါဘူးလား..
အေး မယူခဲ့ဘူး.. ထီးမပါလည်း မိုးရွာထဲ့လျှေက်..
ငါတော့ အစို မခံနိုင်ဘူး..😕
လေကလည်း တိုက်လိုက်တာ.. ဆံပင်တွေ ပွကုန်ပြီး
နင်ဆံပင် စီးမလာဘူးလား..
နင်ပဲ မြန်မြန်လာဆို အမျိုးမျိုးပဲ..😕
ဖိနပ်လေး ကိုင်ပေးပါအုံး
မကိုင်နိုင်ဘူး.. ကိုယ်ဟာကိုယ်ကိုင်..
ဘုရားရောက်ရင်.. ခိုလေးတွေကို အစား ကျွေးမယ်နော်..
နောက်မှ ကျွေးဟာ.. နင်ကလည်း စောင်အလုပ်ကို ရှုပ်နေတာပဲ..😕
သမီးရည်းစား အစကနေ အလယ်အထိပါ.. နောက်ဆုံးကို နောက်နေ့ ရေးပေးပါမယ်..😁
crd Romio john
Post a Comment