ကိုယ့်ချစ်သူက ကိုယ့်ကို တကယ်ချစ်ရဲ့လား ...
သင် ငိုနေတဲ့ အချိန်မှာ သင်နဲ့ အတူ လိုက်ငိုပေးခဲ့တယ် ဆိုတာ သူမျည်ရည် ပေါနေလို့ မဟုတ်ဘူး ။ သင့်ကို ချစ်နေလို့ပါ ။
သူ့ဆန္ဒတွေ ထက် သင့်ဆန္ဒတွေကိုပဲ ဦးစားပေးခဲ့တယ် ဆိုတာ သင့်ကို ချစ်နေလို့ပါ ။
သင် နားပူအောင် တသွတ်သွတ် ပြောဆိုနေတယ် ဆိုတာ သင့်ကို ချစ်လို့ပါ ။ သင့် အကျိုးကို လိုလားလို့သာ အမုန်းခံပြီး ပြောနေတာပါ ။ သင့်ကို မချစ်ရင် လျစ်လျူ ရှုခဲ့တာ ကြာလှပါပြီ ။
သင့်မှာ စိတ်ညစ်စရာတွေ ရှိတဲ့အခါ အားပေး စကားတွေ ပြောနေတယ် ဆိုတာ သူပျော်နေလို့ မဟုတ်ပါဘူး ။ သင်ပျော်နေတာပဲ မြင်ချင်လို့ပါ ။
သင်ကတော့ အမြဲတမ်း ဆရာကြီး လေသံနဲ့ ဆုံးမတတ်တဲ့ သူ့ကို ကြည့်ရချင်မှ ရပါလိမ့်မယ် ။ တကယ်တော့ သူ့မှာ သင်နဲ့ ပတ်သက်ရင် အမြဲတမ်း ချာတိတ် သာသာ ပါပဲ ။ သင့်ကို ဘယ်တုန်းက အနိုင်ယူခဲ့ လို့လဲ ။
သင့်အပေါ်မှာ 100 % နားလည် မပေးနိုင်တောင် 95 % က သင့်ကို နားလည်ပေး ပြီးသားပါ ။ ဒါတွေဟာ သင့်ကို ချစ်နေလို့ပေါ့ ။
သူက သင့်ကို ချစ်တယ်လို့ ထုတ်ပြောချင်မှ ပြောပါလိမ့်မယ် ။ ဒါပေမဲ့ သူ့ရဲ့ အပြုအမူတွေက တဆင့် သူ့ရဲ့ အချစ်တွေကို သင်မြင်နိုင်ပါတယ် ။
သင်ရော သူ့အချစ်တွေကို မြင်အောင် ကြည့်ဖြစ်ခဲ့ရဲ့လား ။
Zin Mar
Post a Comment