ဆရာငြိမ်းရဲ့ (26.7.2018မှ 1.8.2018) အထိ တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း
တနင်္ဂနွေ
ဒီကာလအတွင်း လုပ်ငန်း ချဲ့ထွင်တာမျိုး မလုပ်ပါနဲ့ ။ အသစ်ဆိုတာမျိုး အပို ဆိုတာမျိုးတွေ မလုပ်စေချင်သေးပါဘူး။ အလုပ်မှာ စိတ်ပင်ပန်း ကျဉ်းကြပ် ရတာမျိုးတွေ ရှိနေပါတယ်။ မိတ်ဆွေကောင်းတွေနဲ့ ခွဲခွာရတတ်တဲ့ အနေအထားပါ။ လုပ်ငန်းခွင်ထဲ မိမိ စိတ်ကူး တစ်မျိုးထဲနဲ့ မဆုံးဖြတ်ပါနဲ့ ။
အများနဲ့ တိုင်တိုင်ပင်ပင် လုပ်စေချင်ပါတယ်။ ငွေကြေးကတော့ အထွက် များနေမှာပါပဲ။ ကုသိုလ်ရေးအတွက် ထွက်တာမျိုးကို ဦးစားပေးပါ။ ကျန်းမာရေး ကံကောင်းပေမဲ့ မိမိအနေအထိုင် အစားအသောက် မဆင်မခြင် ပြုမိတတ်ပါတယ်။ သတိထားပါ။
အိမ်ထောင်ရေးကတော့ သာယာဖြောင့်ဖြူးမဲ့ အချိန်ပါပဲ။ အချစ်ရေးမှာတော့ ပေးဆပ်ခြင်းတွေနဲ့ ပျော်မွေ့တဲ့ သူအဖို့ ကံကောင်းခြင်းတွေ ရလာပါလိမ့်မယ်။ ပညာရေးကတော့ အညံ့အဆိုး ကာလထဲ ပါပဲ။ ပညာရေး ကိစ္စတွေမှာ လိုင်းရွေးမှားခြင်း ၊ တတ်နေတဲ့ သင်တန်းအပေါ် စိတ်ကုန်သွားခြင်းတွေ ဖြစ်ရတတ်ပါတယ်။
အကျိုးပေး ဂဏန်း ၆/၈/၃
အထူးဟော ကံညံ့နေချိန်ပါ
ယတြာ စာရေးကိရိယာ ဝယ်လှူ ပါ
တနင်္လာ
ဒီကာလအတွင်း ခရီးကိစ္စတွေ ပေါ်လာတတ်ပါတယ်။ မိမိအတွက် သံဝေဂရစရာများ ၊ တရားရစရာများ ကြုံရပါလိမ့်မယ်။ လူငယ်များ အိပ်မကပ်ချင် ဖြစ်နေပါလိမ့်မယ် ။ ဖခင်နဲ့ အတိုက်အခံ ဆိုတာမျိုးလဲ ဖြစ်တတ်ပါတယ်။ နယ်ဝေးသွားပြီး အလုပ် လုပ်မဲ့သူများ အဆင်မပြေ ဖြစ်ရပါလိမ့်မယ်။
လောဘတကြီး စီးပွားရှာခြင်းမျိုး၊ မိစ္ဆာ အာဇီဝနဲ့ အသက်မွေးခြင်းမျိုး ရှောင်သင့်ပါတယ်။ ဖြူစင်စွာနဲ့ စိတ်ကောင်းနှလုံးကောင်း ထားခြင်းဖြင့် ကံကောင်းခြင်းတွေ ကြုံရပါလိမ့်မယ်။ ကျန်းမာရေးကတော့ အနည်းငယ် ညံ့နေပါလိမ့်မယ်။ အဓိကတော့ အားနည်း နေတတ်ပါတယ်။
အားရှိမဲ့ အစားအစာ များစားပါ။ အိမ်ထောင်ရေး အိမ်တွင်းရေးကတော့ အိမ်ထောင်ဘက်က အလုပ်များ နေတတ်ပါတယ်။ အချစ်ရေး ကံမကောင်း သေးပါဘူး။ ချစ်သူနဲ့ အဆင်မပြေ တာတွေ များပါလိမ့်မယ်။ ပညာရေးကတော့ အကောင်းဆုံး အချိန်ပါပဲ။ မိမိကိုယ်တိုင်လည်း ထိုးထွင်း သိနေပါလိမ့်မယ်။
အကျိုးပေး ဂဏန်း ၁/၃/၇
အထူးဟော ကံသင့်ပါတယ်
ယတြာ တရား မှတ်ပေးပါ
အင်္ဂါ
ဒီကာလဟာ ဇာတာရှင်အတွက် လုပ်ငန်း စီးပွားကောင်း နေပါလိမ့်မယ်။ စီးပွားရေးမှာ မိုးရွာတုန်း ရေခံထားသင့်တဲ့ကာလပါ။ ကြိုးစားထားသမျှ အရာ ထင်ပါလိမ့်မယ်။ ငွေကံကောင်းနေပါလိမ့်မယ်။ အဘက်ဘက်က ငွေဝင်လာဖို့ ရှိပါတယ်။
ဆရာဖြစ်သူများ တပည့်တပန်းတွေရဲ့ ထောက်ပံ့ ကန်တော့တာမျိုးတွေ ကြုံရပါလိမ့်မယ်။ စကားပြောရင် အဆဲမပါဘဲ ချိုချိုသာသာ ပြောဆိုတတ်သူများ ဒီကာလမှာ ကံပိုကောင်း တတ်ပါတယ် ။ မိတ်ဆွေကောင်းတွေရဲ့ အကူအညီတွေ ရလာတတ်ပါတယ်။
လုပ်ငန်းခွင် အတွင်း မိမိရဲ့ လုပ်ရည်ကိုင်ရည်ကို လူကြီး သဘောကျ နေပါလိမ့်မယ်။ ကျန်းမာရေး ကောင်းနေပါပြီ၊ မိသားစုအတွက် အချိန်ပေး လာနိုင်မဲ့ ကာလပါပဲ။ အချစ်ရေးကတော့ အကောင်းဆုံး အချိန်ပါပဲ။ ချစ်သူနဲ့ ချစ်ခြင်းတရားတွေ ပိုခိုင်မြဲ ပါလိမ့်မယ်။ ပညာရေးကတော့ ကံသင့်ရုံပါပဲ။ မိမိ ကြိုးစားမှုသာ အဓိက ကျတယ်လို့ပဲ ပြောချင်ပါတယ်။
အကျိုးပေး ဂဏန်း ၃/၆/၉
အထူးဟော စီးပွားရေး ကောင်းမည်
ယတြာ သစ္စာပန်း ဘုရားလှူပါ
ဗုဒ္ဓဟူး
ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးနေရပါလိမ့်မယ်။ လုပ်တိုင်း မဖြစ်၍ စိတ်ဓာတ်တော့ မကျစေချင်ပါ။ အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီးမှ လုပ်ရမဲ့ ကာလပါ။ စိတ်ထင်ရာ ဇွတ်တရွတ် လုပ်လေ အမှားများလေ ဖြစ်ရတတ်တဲ့ ကာလပါပဲ။
ငွေထွက်တာ များနိုင်တဲ့ အချိန်ဖြစ်တာကြောင့် အသုံးနဲ့အဖြုန်းကို ခွဲခြား သိပါစေ။ ဝန်ထမ်းများ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တက်ညီလက်ညီ လုပ်ကိုင်နိုင်ပါလိမ့်မယ်။ ကိုယ်ပိုင်အလုပ်များကောင်းပေမဲ့ ရင်းနှီးမြုပ်နှံမှုတွေ မှားတတ်တဲ့ ကာလထဲကို ရောက်နေတဲ့ အတွက် သတိထားဖို့ လိုပါတယ်။
ကျန်းမာရေးကတော့ အနာနဲ့ ဆေးတွေ့ပါလိမ့်မယ်။ ခံစားနေရတဲ့ ရောဂါ ဝေဒနာတွေ ရှိရင် သက်သာ ပျောက်ကင်းခွင့် ရပါလိမ့်မယ်။ အိမ်တွင်းရေး အိမ်ထောင်ရေးကတော့ အကောင်းဘက်ကို အလေးသာပါတယ်။ အချစ်ရေး အတွက် အနည်းငယ် စိတ်ညစ်စရာ ကြုံမည်။ ပညာရေးမှာတော့ ဉာဏ်ဝီရိယတွေ စိုက်ထုတ်နိုင်မှ အဆင်ပြေပါလိမ့်မယ်။
အကျိုးပေး ဂဏန်း ၇/၀/၎
အထူးဟော စဉ်းစားပြီးမှ ဆုံးဖြတ်ပါ
ယတြာ ပျက်နေတဲ့ လမ်းတွေ့ရင် တတ်နိုင်သ၍ ပြုပြင်လိုက်ပါ
ကြာသပတေး
ဒီကာလဟာ ကြာသပတေး သားသမီးတွေ အတွက်ကတော့ ကိစ္စများ အလုပ်များ နေရတတ်ပါတယ်။ အိုးအိမ် အပြောင်းအလဲ၊ နေရာ အပြောင်းအလဲ၊ အလုပ် အပြောင်းအလဲတွေလည်း ကြုံရတတ်ပါတယ်။ မိမိရဲ့ မိတ်ဆွေ၊ သူငယ်ချင်းများက မိမိအပေါ် အထင်လွဲ စရာမျိုးလည်း ကြုံရတတ်ပါတယ်။
အလုပ်သစ် စီးပွားသစ်ကတော့ စတင်လို့ မကောင်းသေးပါဘူး။ စီးပွားရေး ထပ်ချဲ့တာမျိုးလဲ မလုပ်သင့်သေးပါဘူး။ လက်ရှိ အခြေအနေ အတိုင်းသာ တိုးတက်အောင် ကြိုးစားပါ။ မိမိသာ အိမ်ထောင်သည် တစ်ယောက်ဆိုရင် အိမ်ရဲ့ ဗာဟီရ အလုပ်တွေ သိမ်းကြုံး လုပ်နေရမဲ့ ကာလပါ။
ငွေကတော့ အဝင်ကြမ်း၊ အထွက်ကြမ်း ပါပဲ။ ငယ်ရွယ်သူများ ချစ်သူနဲ့ စိတ်ဝမ်းကွဲရ တတ်ပါတယ်။ ပညာရေးက ရင်လောက်မှန်းမှ ဒူးလောက် တင်မှာပါ။ ကျန်းမာရေးကတော့ ခေါင်းကိုက်ခေါင်းမူး ဆိုတာမျိုး ဖြစ်လွယ်ပါတယ်။ အအေးပတ်ပြီး ခေါင်းကိုက်ဖျားနာ ဖြစ်ရတတ်ပါတယ်။
အကျိုးပေးဂဏန်း -၄/၇/၉
အထူးဟော အလုပ်ကတော့ ရှုပ်နေတတ်ပါတယ်။
ယတြာ ကြာသပတေးထောင့်မှာ ဆီမီး ပူဇော်လိုက်ပါ။
သောကြာ
ဒီတစ်ပတ်ဟာ သောကြာသား သမီးတွေ အနေနဲ့ အရာရာ အဆင်ပြေနေမဲ့ ကာလပါ။ ကံအကျိုးပေးကလည်း အကောင်းဘက်မှာ ရှိနေမှာပါ။ စိတ်ကူး ရည်မှန်းထားတာတွေ စတင် အကောင်အထည်ဖော် နိုင်ပါလိမ့်မယ်။ စီးပွားရေးတွေလည်း အဘက်ဘက်က ကောင်းလာတတ်ပါတယ်။
ဝန်ထမ်းများ လုပ်ပိုင်ခွင့်တွေ ရလာတတ်ပါတယ်။ ကိုယ်ပိုင် စီးပွားရေးသမားများ ရဲရဲရှေ့တိုးလေ ရဲရဲ အောင်မြင်လေပါပဲ။ စက်ပစ္စည်း အသစ်တွေလည်း ဝင်လာတတ်ပါတယ်။ အရာရာတိုင်းကို အချိန်မဆိုင်းဘဲ လုပ်ဆောင်ခြင်းဖြင့် အောင်မြင်မှုတွေ ရလာတတ်ပါတယ်။
ဘာသာရေးနဲ့ ပက်သက်ပြီး စတင်၍ အဓိဌာန်ဝင်ခြင်း၊ သီလဆောက်ထိန်းခြင်းတွေ အထူးပြုသင့်ပါတယ်။ အချစ်ရေးကံလည်း ကောင်းနေမဲ့ အချိန်ပါပဲ။ ဒါပေမဲ့ အလုပ်များနေတာကြောင့် ချစ်သူနဲ့ ဆုံရဖို့ မလွယ်တဲ့ အချိန်ပါ။ ပညာရေး အနေနဲ့ စာမေးပွဲကိစ္စ ၊အင်တာဗျူးကိစ္စတွေမှာ အထူးပဲ ကောင်းနေပါလိမ့်မယ်။
အကျိုးပေး ဂဏန်း ၀/၁/၅
အထူးဟော ကံမြင့်မားနေချိန်ပါ။
ယတြာ သက်ကြီးရွယ်အိုများကိုဆေးလှူပါ။
စနေ
ဒီကာလအတွင်း စိတ်ချမ်းမြေ့စရာ ပျော်စရာလေးတွေ ဆက်တိုက် ကြုံရမှာပါ။ လုပ်ငန်းခွင် အဆင်ပြေခြင်း ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ကူညီဖေးမခြင်း တွေရလာမဲ့ အချိန်ပါပဲ။ ကိုယ်ပိုင် စီးပွားရေး သမားများ အထူးတိုးတတ်မည်။ ဖောက်သည် အသစ်တွေ ရလာနိုင်သလို လုပ်ငန်းလည်း ချဲ့ထွင် ရပါလိမ့်မယ်။
ထီ ကံကောင်းနေတဲ့ အတွက် ထီ ဝါသနာပါသူများ ဒီကာလမှာ ကံစမ်းသင့်ပါတယ်။ ခရီးကောင်းတွေလည်း သွားရတတ်ပါတယ်။ အချစ်ရေးအနေနဲ့ ဒီကာလဟာ ချစ်သူက Surprise လုပ်ခြင်းမျိုးလဲ ကြုံရတတ်ပါတယ်။ အချစ်ရေးအတွက် ပျော်စရာ ကိစ္စလေးတွေ ကြုံလာရနိုင်သလို ချစ်သူသစ် ရည်းစားသစ်လည်း ရလာတတ်ပါတယ်။
ကျန်းမာရေးလည်း အထူးကောင်းနေပါလိမ့်မယ်။ နှာစေး ၊ချောင်းဆိုးလောက် ကလွဲရင် ထူးထူးခြားခြား မဖြစ်ပါဘူး။ ပညာရေးကံလည်း အထူး ကောင်းမွန်နေပါလိမ့်မယ်။ စာမေးပွဲကိစ္စ အင်တာဗျူး ကိစ္စလည်း အထူး အကျိုးပေး ပါတယ်။
အကျိုးပေး ဂဏန်း ၆/၅/၂
အထူးဟော စိတ်ကြည်နူးစရာ ကာလပါ။
ယတြာ စနေထောင့်မှာ ရေသပ္ပာယ်ပါ။
၇ရက် သားသမီးအပေါင်း ကောင်းသော လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
Post a Comment