ကိုယ့်အပေါ် သစ္စာ ရှိရဲ့လား
အချစ် တကယ် စစ် မစစ်ကို တိုင်းတာ နိုင်တဲ့ တခုထဲသော ပေတံမှာ သစ္စာ ဖြစ်ပါတယ် ။
ကိုယ့်အပေါ်မှာ သစ္စာ မရှိဘဲ အသစ် ရှာနေရင် သေချာပါတယ် ၊ တကယ် မချစ်လို့ပါ ။
လူတယောက်ကို ချစ်တာက သူ့ရဲ့ ကောင်းကွက်ကို ကြည့်ပြီး ချစ်ရင် သူ မကောင်းတဲ့ အချိန်မှာ စိတ်ပျက်ပြီး သစ္စာ ပါ ပျက်ပါလိမ့်မယ် ။
ချစ်လို့ သူ့ရဲ့ ကောင်းကွက်ကို မြင်တာကမှ အချစ်စစ် ပါ ။
လူတယောက်ကို သင် တကယ် ချစ်တတ်လာပြီ ဆိုရင် ချစ်သူရဲ့ အားသာချက် တွေကို လေးစား တန်ဖိုးထားပြီး အားနည်းချက်တွေ ကိုပါ ချစ်တတ်လာ ပါ လိမ့်မယ် ။
တကယ့် မေတ္တာစစ် မှာ ရုပ်ရည် မလိုသလို ၊ ပိုင်ဆိုင်မှုလည်း မလိုပါဘူး ။
ချောလို့ ချစ်တာ မဟုတ်ဘဲ ချစ်လို့ ချောတာပါ ။ ကိုယ်က ချစ်နေရင် ချစ်သူက အလိုလို လှသွား ပါလိမ့်မယ် ။
လူတယောက်ကို ချစ်မိပြီ ဆိုတာနဲ့ အဆိုးဆုံး ရလာဒ်ကို လက်ခံနိုင်မှ နာကျင်မှု သက်သာမှာ ဖြစ်သလို အကောင်းဆုံးတွေပဲ ဖြစ်လာမယ် လို့ ဘယ်တော့မှ မတွေးပါနဲ့ ။
ဘာလို့လဲ ဆိုတော့ ချစ်တိုင်းလည်း မညားတတ် သလို အချစ်နဲ့ ဘဝ ကလည်း တထပ်ထဲ ကျဖို့ ခဲယဉ်း ပါတယ် ။
တကယ်တော့ အချစ် ဆိုတာ အနေ နီးခြင်း ၊ ဝေးခြင်းထက် ကိုယ့် အနားမှာ ရှိသည် ဖြစ်စေ ၊ မရှိသည် ဖြစ်စေ " သူ" ဆိုတဲ့ စိတ်ကလေးနဲ့ သစ္စာတရား စောင့်ထိမ်းခြင်း ပါပဲ ။
MoeThetWai
Post a Comment