Love reaction ပေးခြင်း ဆိုတာ
ဒီကိစ္စကို ပြောချင်နေတာ တော်တော် ကြာပြီ ။ Love reaction ပေးတာကို တချို့ တွေက ဘယ်လို အဓိပ္ပာယ် ကောက်ကြ သလဲ မသိဘူးဗျ ။
ကိုယ်ကတော့ love reaction ပေးတာ အတွက် ဘာ ကန့်သတ်ချက်မှ မထား ထားဘူး ။ Love ပေးချင်တဲ့ စိတ် ရှိရင် ပေးချ လိုက်တာပဲ ။ ထင်ချင်သလိုသာ ထင် ။
ရည်းစား ရှိတဲ့ ကောင်မလေးလည်း love ပေးတာပဲ ။ ယောက်ျား အချင်းချင်းလည်း love ပေးတာပဲ ။
ကိုယ် love ပေးတယ် ဆိုတာက ရှင်းရှင်းလေးရယ် ။ Like ထက် ကို ပိုပေးချင်လို့ ၊ ပိုသဘောကျလို့ ၊ ပိုချစ်လို့ ။
ဒီနေရာမှာ ချစ်လို့ ဆိုတာက ပြဿနာ တက်တာ ။ ကိုယ်ဆိုလိုတဲ့ ချစ်လို့ ဆိုတာက ဟိုဇယား မဟုတ် ။ ကျား ဖြစ်ဖြစ်၊ မ ဖြစ်ဖြစ် သူတင်လိုက်တဲ့ ပုံလေး တပုံ စာလေး တကြောင်းကို သဘောကျလို့ ချစ်သွားတာမျိုး ။ ဆိုလိုတာက ကိုယ်ပေးတဲ့ love သည် လူကို မဟုတ် ။ သူတင်တဲ့ ပုံနဲ့ စာ အပေါ်မှာသာ ခံစားပြီး ပေးတာ ။
ကိုယ် သဘောကျသွားတဲ့ ပုံဆိုရင် လှလှ မလှလှ Love ပေးလိုက် တာပဲ ။ ဒီလိုပဲ ကိုယ်တကယ် ကြွေသွားတဲ့ status ဆိုလည်း Love ပေးလိုက်တာ ။ ပေါ့ပေါ့ ပါးပါးပဲ ။
ဒါပေမယ့် အခြောက်တိုက်ကြီးတော့ အားအား ယားယား love တွေ ထိုင် မပေးဘူးပေါ့ ။ ကိုယ့်ကို လာပေးကြတဲ့ love တွေ ဆိုရင်လည်း အဲ့ဒီလိုပဲ သဘော ထားတယ် ၊ ခံယူ ထားတယ် ၊ ရိုးရိုးလေး ။
ဘယ့်နှယ် အခုတော့ တချို့က love ပေးတာ ကိုပဲ ရေးကြီး ခွင်ကျယ်တွေ လုပ်နေကြတာ ။ Love ပေးလိုက်တဲ့ သူ ကပဲ အပေး ခံရတဲ့သူကို ကြောင်ချင်တာ လိုလို၊ ရေလာ မြောင်းပေး နေတာ လိုလို ။
ကောင်မလေးကို သွားပေးလည်း တမျိုး ထင်လိုထင် ယောက်ျား အချင်းချင်း ပေးမိလည်း ဟိုမို ပြောလိုပြောနဲ့ ။ တခါတလေ တချို့တွေဟာ 18+ နဲ့ love reaction ကို ကောင်းကောင်း တောင် မကွဲပြား ကြတော့ သလိုပဲ ။
Love ပေးရင်ပဲ တခုခုတော့ တခုခု ဆိုတာမျိုး ။ Love ပေးရင်ပဲ ဇာတ်လမ်း ကတော့ စနေပြီ ဆိုတာမျိုး ။ အင်း ... တခုတော့ ရှိတယ် Love ကို နှိပ်သမျှ လူတိုင်း ကိုတော့ ရိုးသားပါတယ် လို့ မပြောလို ပါဘူး ၊ ရှိမှာပေါ့ သူ့ဇာတ်လမ်းနဲ့ သူတော့ ။
သို့သော် အများအားဖြင့်တော့ ရိုးရိုးသားသားကို ဆန်းဆန်း ပြားပြားတွေ လျှောက်တွေးပြီး ဇာချဲ့ မနေစေချင်ပါဘူး ။
Like ထက် ကို ပိုကြိုက်မိလို့ Love ပေးသွားတယ်ပေါ့ ... ။
ကဲ ... တော်ပြီပေါ့ ဒီလောက်ဆို ... ။
Wai Phyo Maung
Post a Comment