Header Ads

ဖေ့စ်ဘုတ်(FB) သုံးရင် ဒါလေးတွေကို သတိထားပါ..


1) ပုံ​တွေ ခဏခဏ မတင်​ပါနဲ့

ပုံ​တွေ ခဏခဏ တင်​ရင်​ လူတစ်​ချို့က ကိုယ့်​ကို တမျိုးမြင်​လာနိုင်​ပြီး မလိုလားအပ်​တဲ့ လူမှု​ရေးပြဿ နာ ​တွေ ကြုံလာတတ်​ပါတယ်​။

2) အ​ပျော်​သ​ဘောနဲ့ အဓိပ္ပါယ်​မဲ့ status​ တွေ သိပ်​ မတင်​ပါနဲ့

Fb ဆိုတာ များ​သောအားဖြင့်​ တစ်​​ယောက်​မျက်​နှာ တစ်​ယောက်​မြင်​ဖူး ​နေတာမျိုးမဟုတ်​ဘဲ ခင်​မင်​​နေခြင်းဖြစ်​၍ လူ​တွေရဲ့စိတ်​ကို ကိုယ်​တင်​တဲ့ ပို့စ်​​တွေကြည့်​ပြီး တန်​ဖိုးသတ်​မှတ်​ ​နေကြတာဖြစ်​လို့ သတိထား​စေချင်​ပါတယ်​။

3) ကိုယ်​​ရေးတဲ့ comments ​တွေကို သတိထားပါ

လူတစ်​​ယောက်​ရဲ့ အဆင့်အတန်း ဆိုတာ တစ်​ခါတစ်​ခါမှာ ပညာအရည်​အချင်း ၊ ​ချော​မောလှပမှု ရာထူးစည်းစိမ်​​တွေ မဟုတ်​ဘဲ နုတ်​ထွက်​စကား ဖြစ်​​နေတတ်​တယ်​။ ကိုယ်​က စ​နှောက်​ချင်​လို့ ပဲဖြစ်​ဖြစ်​ အဆဲပါမှ ​ပြောတတ်​တဲ့ အကျင့်ပဲဖြစ်​ဖြစ်​ အခြားသူ​တွေက ကိုယ့်ကို အထင်​​သေး သွားတတ်​ပါတယ်​။

4) ကိုယ့်စိတ် ​ခံစားချက်​​တွေကို က​လေးဆန်​ဆန်​ ခဏခဏ post တင်​တာ သတိထားပါ

ယောက်ျား​လေး တယောက်​က သူ​ရေးချင်​တာ​ ရေးတာ ကိစ္စ မရှိ​ပေမယ့်​ မိန်းခလေး တယောက်​ အ​နေနဲ့​တော့ ဟိုလူနဲ့ ကွဲပြန်​ပြီ ၊ ဒီလူနဲ့ ပြတ်​ပြန်​ပြီ ဘယ်​လို နားလည်​ရမှန်း မသိ​အောင်​ အထင်​လွဲခံရတတ်​ပြီး အဓိပ္ပာယ်​ ဖွင့်​ဆိုချက်​​တွေ မှားသွားနိုင်​ပါတယ်​ သတိထား​စေချင်​ပါတယ်​။

5) မလိုအပ်​ဘဲ Tag တွဲတင်​ခြင်း မပြု​စေချင်​ပါ

Post တစ်​ခုကို Tag တွဲတင်​တယ်​ ဆိုတာ များ​သောအားဖြင့် ကိုယ့်အ​ကောင့်အချင်းချင်း ကိုယ်​အရမ်း ချစ်​ခင်​ရတဲ့ မိသားစု အချင်းချင်း ၊ ​ယောက်ျား​လေးချင်း ၊ မိန်းက​လေးချင်း တင်​တာ ပြဿ နာ မရှိ​ပေမယ့် ကျား မ နှစ်​​ယောက်​တည်း Tag မိရင်​ ဘာလိုလို ညာလိုလို အထင်​ခံရ တတ်​ပါတယ်​ အထင်​ခံနိုင်​တယ်​ထားအုံး ​ယောက်ျား​လေးက ဘာမှ မဖြစ်​နိုင်​​ပေမယ့် တစ်​ခုခုဆိုရင်​ မိန်းက​လေးဘက်​ကို များစွာထိခိုက် ​သွား​စေနိုင်​ပါတယ်​။

6) ချစ်​သူစုံတွဲ ပုံ​တွေ မတင်​သင့်ဘူး လို့ ယူဆပါတယ်

ချစ်​သူဆိုတာ လင်​မယား မဟုတ်​​သေးပါဘူး ချစ်​သူ ဆိုတာ ဆိုင်​သလို ရှိ​ပေမယ့်​ တရားဝင်​ မပိုင်​​သေးပါဘူး။ လင်​မယား ​တွေ​တောင်​ အခန့်​မသင့်​ရင်​ ကွဲကြရ​သေးတာပဲ ချစ်​သူဆိုတာကလည်း အချိန်​မ​ရွေး အ​ကြောင်းအမျိုးမျိုး​ကြောင့်​ လမ်းခွဲသွားနိုင်​ပါတယ်။ ဒါ့​ကြောင့်​ တစ်​ကမ္ဘာလုံး သိ​အောင်​ မ​ကြော်​ငြာတာ အ​ကောင်းဆုံးလို့ အကြုံပြုပါရ​စေ။

7) ကိုယ်​နဲ့ အဆင်​မ​ပြေတဲ့ friends​ တွေကို Block မယ်

ဘာဖြစ်​တယ် ​ညာဖြစ်​တယ် ​ဆိုတဲ့ ​ပေါက်​ကွဲသံစဉ်​​တွေ မတင်​သင့်​ပါဘူး။ ကိုယ်​မကြိုက်​ဘူးလား ​ပြော​နေစရာမလိုပါဘူး Block လိုက်​ပါ ။ Add ထားတဲ့ fri ​တွေ ကိုယ်​လက်​ခံချင်​ လား.... လက်​ခံလိုက်​ပါ ။

ကိုယ်​ မ​ကျေနပ်​တဲ့ fri​တွေကို စာ​တွေတင်​ပြီး အသိ​ပေး​နေတာက ဆိုးကျိုး ရှိပါတယ်။ ဘာဆိုးကျိုးလဲ ဆို​တော့ လူမုန်းများခံရပြီး အ​ကောင့်​​တွေ report အထုခံရတတ်​သလို ကိုယ့်နာမည်​ကို မသမာတဲ့သူက အပုပ်​ချပြီး နာမည်​ဖျက်​ တတ်​ပါတယ်​။

အကြံ​ပေးခြင်းပါ ခင်​ဗျာ.. ကျန်​တာက​တော့ " As you like can you choice”

Zenith ( Magway )

No comments

Powered by Blogger.