ပညာတတ်သူက သူခိုးထက် သာလွန်ပုံ
ဘဏ် ဓားပြတိုက်တဲ့ ဖြစ်စဉ် တခုမှာ… ဓားပြကနေ အော်ပြောလိုက်တယ်…
“ အားလုံး ငြိမ်ငြိမ်လေးနေကြ… ပိုက်ဆံ ဆိုတာ အစိုးရ ပိုင်တာ… အသက် ဆိုတာ မင်းတို့ပိုင်တာ… “
ဘဏ်ထဲမှာရှိတဲ့ လူတွေ အားလုံးဟာ မြန်မြန် ဆန်ဆန်ပဲ ကြမ်းပြင်ပေါ်ကို ဝပ်လိုက်ကြပါတယ်။ သမားရိုးကျ ပြောမယ် ဆိုရင်တော့… ခုခံချင်တဲ့ စိတ်တွေ ဘဏ် ဝန်ထမ်းတွေမှာ ရှိပါလိမ့်မယ်… ဒါပေမယ့် ဓားပြတိုက်တဲ့လူ ပြောလိုက်တဲ့ စကားကြောင့် လူတွေ မြန်မြန်ဆန်ဆန် ကြမ်းပြင်ပေါ် ဝပ်ကျသွားတယ်…
ဒါကို အတွေးအခေါ်တွေ ပြောင်းလဲပစ်လိုက်တဲ့ နည်းလို့ ခေါ်ပါတယ်…. အဲဒီအချိန်မှာ အမျိုးသမီး တစ်ယောက်ကတော့ မပေါ်တပေါ် မြူဆွယ်သလို ပုံမျိုးနဲ့ စားပွဲပေါ်မှာ လှဲနေပါတယ်တဲ့။ အဲဒီအချိန်မှာ ဓားပြက အဲဒီ အမျိုးသမီးကို အော်ပြောလိုက်တယ်…
“ သိက္ခာရှိရှိ နေစမ်းပါ…. ဒါ ဓားပြတိုက်နေတာ မုဒိန်းကျင့်နေတာ မဟုတ်ဘူး… “
အဲဒါကို Professional ဆန်တယ်…. လို့ ခေါ်ပါတယ် ကိုယ့်ရဲ့ ရည်ရွယ်ချက်ကိုပဲ အောင်မြင်အောင် အာရုံစိုက်တာ မျိုးပေါ့… နောက်တော့ ဓားပြတွေ အိမ်ပြန်ရောက် သွားကြတယ်။ အဲဒီမှာ MBA ဘွဲ့ရ ဓားပြ လူငယ်တစ်ယောက်က ခြောက်တန်းပဲ အောင်တဲ့ အသက်ကြီးဆုံး ဓားပြကြီးကို ပြောတယ်…
“ အကိုကြီး ငါတို့ ပိုက်ဆံတွေ ဘယ်လောက် ရခဲ့သလဲဆိုတာ ရေတွက်ကြည့်ရအောင် “
အဲဒီမှာ အသက်ကြီးတဲ့ ဓားပြက ပြန်ပြောတယ်..
“ မင်းတော်တော် သောက်သုံး မကျတာပဲ… ဒီလောက် ပိုက်ဆံတွေ အများကြီးကို ရေဖို့ ဘာလို့ အချိန်တွေ အများကြီး အကုန်ခံနေမှာလဲ… ဒီည TV သတင်းကို စောင့်ကြည့်လိုက် ငါတို့ ဘဏ်ကနေ ပိုက်ဆံ ဘယ်လောက် ယူလာတယ် ဆိုတာ သတင်းမှာ ကြေငြာလိမ့်မယ် “
အဲဒါကို အတွေ့အကြုံလို့ခေါ်ပါတယ်… ယနေ့ မျက်မှောက်ခေတ်မှာ… အတွေ့အကြုံဟာ ဘွဲ့လက်မှတ်တွေထက် ပိုပြီး အရေးကြီးပါတယ်…
ဓားပြတွေ ဘဏ်ကနေ ဓားပြတိုက်ပြီး ပြန်သွားတဲ့ အချိန်မှာ… ဘဏ်မန်နေဂျာနေ ကြီးကြပ်သူကို လှမ်းပြီး ပြောတယ်…. ရဲတွေ မြန်မြန်ခေါ်ဖို့ပါ… ဒါပေမယ့် ကြီးကြပ်သူက မန်နေဂျာကို ပြန်ပြောပါတယ်..
“ နေဦး ဘဏ်ထဲက ဒေါ်လာ ဆယ်သန်းကို ငါတို့ဘာသာ ငါတို့ ခိုးထားရအောင်… နောက်ပြီးတော့… ငါတို့ အရင်က အလွဲသုံးစား လုပ်ထားလို့ ကုန်သွားတဲ့ ဒေါ်လာ သန်း ခုနှစ်ဆယ်ကိုလည်း… တစ်ခါတည်း ပေါင်းထည့်လိုက်တာပေါ့ ”
အဲဒါကိုတော့ ချော်လဲရောထိုင် လို့ ခေါ်ပါတယ်… အကျပ်တည်း တစ်ခုကို ကိုယ့်ရဲ့ အခွင့်အရေးအဖြစ် ပြောင်းလည်း အသုံးချလိုက်တာပါ…. ကြီးကြပ်သူက ဘာပြောလဲဆိုတော့…
“ ဒီလို သာ လတိုင်း ဘဏ်ဓားပြ လာတိုက်နေရင်တော့ သိပ်ကောင်းမှာပဲ”
ဒါကတော့ ပျင်းရိငြီးငွေ့စရာ ဒါမှမဟုတ် ဘေးကြပ် နံကြပ် ဖြစ်နေချိန်မှာ.. အပြောင်အပျက် ပြောလိုက်တာပါ… ဘဝမှာ တကိုယ်ရေ ပျော်ရွင်မှု ဆိုတာ အလုပ်ထက်ပိုပြီး အရေးကြီးပါတယ်….
နောက်နေ့ရောက်တော့… TV သတင်းမှာပါလာတယ်…. ဘဏ်ဓားပြတွေဘဏ်ကနေ ဒေါ်လာ သန်းတစ်ရာ ယူသွားကြတယ် တဲ့လေ… ဓားပြတွေက သူတို့ ယူလာတဲ့ ပိုက်ဆံတွေကို အကြိမ်ကြိမ် အပြန်ပြန် အလှန်လှန် ရေတွက်ကြည့်တော့ သူတို့ ယူလာတဲ့ ပိုက်ဆံက ဒေါ်လာ သန်းနှစ်ဆယ်ပဲ ရှိပါတယ်…
အဲဒီမှာ ဓားပြတွေက တော်တော်လေး ဒေါသထွက်သွားတယ်…
“ ငါတို့က အသက်နဲ့ ရင်းပြီး ဓားပြတိုက်တာ ဒေါ်လာ သန်းနှစ်ဆယ်ပဲ ရတယ်… ဘဏ်မန်ဂျာကတော့ လက်ဖျောက်လေး တစ်ချက် တီးလိုက်တာနဲ့ သန်းရှစ်ဆယ် ရသွားတယ်… ပညာတတ်တဲ့လူက သူခိုးထက်သာလွန်ပြီး ပိုကောင်းတယ် “
ဘဏ် မန်နေဂျာကတော့ ဘဏ် ဓားပြတိုက်မှုကို စဉ်းစားရင်း ပြုံးနေပါတယ်… ဘာဖြစ်လို့လဲ ဆိုတော့ အစုရှယ်ရာ တွေထဲမှာ သူရှုံးခဲ့တဲ့ ပိုက်ဆံတွေဟာ ဘဏ် ဓားပြတိုက်ခံရတဲ့ စာရင်းထဲကို ထည့်လိုက်ရလို့ပါ…
ကဲ… ဒီပုံပြင်မှာ တကယ့် ဓားပြက ဘယ်သူပါလဲ….?
Credit
Post a Comment