Header Ads

ဒီပွဲ ကုလားကားထက် ကြည့်လို့ ကောင်းလား ဆိုတဲ့ အောင်လ


" ဒီပွဲ ကုလားကားထက် ကြည့်လို့ ကောင်းလားတဲ့ ''

တိုင်းရင်းသား လူရိုးကြီး တယောက်ရဲ့ ရင်ထဲက နာကျည်းသံ ပါတဲ့ ရင်ဖွင့်စကားပါ။

မြန်မာလူမျိုးတွေ စောက်ကျင့်တွေ ပြင်သင့်ပြီဗျ။ အရင်ပွဲတုန်းက ကပ္ပလီကို ၂ ချီအတွင်း အလဲထိုးမယ် လို့ သူကြုံးဝါးခဲ့တယ်။ ပထမအချီမှာပဲ အလဲထိုး အနိုင်ယူခဲ့တယ်..။ အဲ့ဒါကို ခင်ဗျားတို့ မြန်မာတွေက FB ပေါ်မှာတတ်ပြီး သောက်ပါးစပ် ဖွာကြတယ်.. ဘာတဲ့..

"လုပ်ပွဲ'' တဲ့...။

သူလည်း ဒီလို စောက်လုပ်မရှိ FB ပေါ်တက် ပါစပ်သရမ်းတာ သိမှာပဲ... ကြားမှာပဲ..။ မြန်မာလူမျိုး စောက်ကျင့်ကိုက ကိုယ့်လူမျိုးဆို လက်ခုပ်တီး အားမပေးဘဲ '' အဖြူမြင်မှ လင်ထင်တဲ့ အမျိုး'' ။

သမိုင်းနဲ့ချီ ပြောရရင်... " မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်းလည်း ပျောက်ခဲ့ပြီးပြီ '' ။ အခုလည်း.... " အနောက်တံခါးကို ဖောက်လို့ လူမျိုးပါ ပျောက်အောင် ကြံတဲ့သူတွေ ကြံနေကြပြီ.. ''

အောင်လအန်ဆန် အနေနဲ့ ပွဲသိမ်းချင်ရင် ဒုတိယ အချီထဲက ပွဲသိမ်းနိင်တယ်။ (ကျွန်တော့်အမြင်) ဒါပေမဲ့ ခင်ဗျားတို့ရဲ့သောက်ပါးစပ်တွေကို ကြောက်လို့ အနာခံပြီး ခင်ဗျားတို့ အကြိုက် '' ကုလားကား '' လို အနာခံပြီး ဖျော်ဖြေသွားတယ်..။

ကဲ...'' ခင်ဗျားတို့ ကျေနပ်ကြပြီလား'' ကျုပ်တော့ ရိုးသားလွန်းတဲ့ သူ့ကို အရမ်း သနားမိတယ်။ ပွဲမစခင်တုန်းမှာပဲ သူက ပြောသွားသေးတယ်..

" စိတ်ချ.. ကုလားကားလို အကြာကြီး ထိုးမယ်တဲ့ ''

ကျုပ်ပြောချင်တာက...ခင်ဗျားတို့ သောက်ပါးစပ်တွေ ပိတ်ပြီး ကမ္ဘာ့အလယ်မှာ မြန့်မာအလံထူပြီး အောင်ပွဲယူနေတဲ့ အောင်လအန်ဆန်ကို လက်ခုပ်တီးပေးလိုက်စမ်းပါ။

လေးစားပါတယ် အောင်လအန်ဆန်!

Credit - Zaw wai

No comments

Powered by Blogger.